Connect with us

Hi, what are you looking for?

သတင်း

AA ကတောင်ကုတ်မြို့သိမ်းတိုက်ပွဲအရှိန်မြှင့်

တောင်ကုတ်မြို့နှင့်ရခိုင်ရိုးမခြားလျက်ရှိသော ပြည်မြို့အပါအဝင် ပဲခူးတိုင်းအတွင်းရှိမြို့များ၊ ဧရာဝတီတိုင်းနှင့် မကွေးတိုင်းအတွင်းရှိမြို့များကို စစ်ကောင်စီက အင်အားတိုးနေသည်။

(အာရက္ခတပ်(AA)တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-AA Info Desk)
(အာရက္ခတပ်(AA)တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-AA Info Desk)

အိမ်သွင်/People’s Spring

တောင်ကုတ်မြို့သိမ်းတိုက်ပွဲထ်ိုးစစ်ဆင်မှုကိုအာရက္ခတပ်တော်(AA) က နိုဝင်ဘာ ၁ ရက်တွင်အရှိန်မြှင့်လိုက်ပြီး တိုက်ပွဲများပြင်းထန်နေကြောင်း ​ဒေသခံအချို့က​ပြောသည်။

တောင်ကုတ်မြို့နယ်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခမရ (၃၄၆)နှင့် ခမရ (၅၄၄) ကို AAက နိုဝင်ဘာလ ၁ရက်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဟု မြို့ခံတဦးကပြောသည်။

“ချနေတာက အရင်ကတည်းကပါ။ ဒီနေ့ကတော့တော်တော်လေးကိုပြင်းထန်တယ်။ တောင်ကုတ်ကို သိမ်းတဲ့ စစ်ဆင်ရေးလားလို့ ထင်စရာရှိတယ်။ ပွဲက ပိုကြီးလာတယ်” ဟုအဆိုပါမြို့ခံကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) လက်အောက်ခံတပ်ရင်းများဖြစ်ကြသောခမရ (၃၄၆)၊ ခမရ (၅၄၄) တပ်စခန်းများ နှင့် အခြားသော စခန်းများကိုလည်း ဝိုင်းရံပိတ်ဆို့ထားပြီး အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေး တိုက်ခိုက်နေကြောင်း AAက အောက်တိုဘာလ ၇ ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။

တောင်ကုတ်မြို့နယ်တွင် အောက်တိုဘာလအတွင်း တိုက်ပွဲများဖြစ်နေခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများမကြာခဏပြုလုပ် နေသည်။ တောင်ကုတ်မြို့နယ် မောင်းရွာကို အောက်တိုဘာလ ၃၀ ရက်နေ့ နေ့ခင်းပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ထပ်မံတိုက်ခိုက်ရာ အသက်၁၀ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံငါးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့သည်။

အောက်တိုဘာလ ၇ရက်ကလည်း တောင်ကုတ်မြို့နယ် တန်းလွဲရွာမဈေးအနီးကိုလေကြောင်းမှတိုက်ခိုက်ရာ အရပ်သား ၁၂ဦးသေဆုံးခဲ့သည်။ အလားတူ အောက်တိုဘာလ ၄ရက်က တောင်ကုတ်မြို့နယ်၊ ကင်းထောင်ကျေးရွာကိုလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံခုနစ်ဦးသေဆုံးခဲ့သည်။

တောင်ကုတ်မြို့နယ်ကို ဇွန်လ ဆန်းမှစ၍ စစ်ကောင်စီက တိုက်ခိုက်ခဲ့ပြီး တစ်ရက်ထက်တစ်ရက် တိုက်ပွဲများပြင်းထန်လာခြင်းဖြစ်သည်။

တောင်ကုတ်မြို့ကို ပန်းတောင်း-တောင်ကုတ်လမ်း သံတွဲ-တောင်ကုတ်လမ်း၊အမ်း-တောင်ကုတ်လမ်းတို့ဖြင့် ဆက်သွယ်ထားပြီး ယာဉ်လမ်းပိုင်းများအားလုံးတွင် စစ်ရေးတင်းမာနေသလို လမ်းပိုင်းနေရာအများစုကို AAက ထိန်းချုပ်ထားသည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ထံမှသိရသည်။

တောင်ကုတ်မြို့နှင့်ရခိုင်ရိုးမခြားလျက်ရှိသော ပြည်မြို့အပါအဝင် ပဲခူးတိုင်းအတွင်းရှိမြို့များ၊ ဧရာဝတီတိုင်းနှင့် မကွေးတိုင်းအတွင်းရှိမြို့များကို စစ်ကောင်စီက အင်အားတိုးနေသည်။

ထိုအပြင် ယခုအခါ အမ်းမြို့တွင်လည်း တိုက်ပွဲအလွန်ပြင်းထန်နေပြီး AAသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင် စစ်ကောင်စီစခန်းများကို အနီးကပ်ပိတ်ဆို့တိုက်ခိုက်နေ​ကြောင်းစစ်​ရေးရင်းမြစ်အချို့က​ပြောသည်။

ရခိုင်ပြည်နယ်တွင်အမ်းနှင့် တောင်ကုတ်အပြင် ဂွ၊ ကျိန္တလီ နှင့် မောင်တောမြို့များ၌လည်း တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။