Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်နယ် ခေါပုပ်စခန်းကနေ ဆုတ်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ထပ်မံတိုက်ခိုက်ခံရ

ဖာပွန်ခရိုင်ထဲမှာ အာဏာမသိမ်းခင်က စစ်တပ် တပ်စခန်း ၇၀ ခန့် ရှိပြီး လက်ရှိမှာတော့ တပ်စခန်း ၁၀ ခုကျော်သာ ကျန်ရှိတော့တယ်လို့ KNU တပ်မဟာ (၅) ရဲ့စာရင်းအရသိရပါတယ်။

ဖာပွန်နယ် ခေါပုပ်စခန်းကနေ ဆုတ်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ထပ်မံတိုက်ခိုက်ခံရ
ဖာပွန်နယ် ခေါပုပ်စခန်းကနေ ဆုတ်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ထပ်မံတိုက်ခိုက်ခံရ

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ ဖာပွန် မှာ နှစ် ၃၀ ကျော်ကြာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ရဲ့ ခေါပုတ်စခန်းကျ သွားပြီးနောက် ဆုတ်ခွာထွက်ပြေးသူတွေကို လိုက်လံတိုက်ခိုက်ရာမှာ စစ်သား ၁၆ ဦးရဲ့ ရုပ်အလောင်းရ ရှိထားတယ်လို့ KNU တပ်မဟာ (၅) ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။

၁၉၉၂ ခုနှစ်ကစတင်ပြီး ဖာပွန်မြို့အရှေ့မြောက်ဘက်မှာ နေရာယူတပ်စွဲထားတဲ့ ခေါပုပ်စခန်းကို ပြီးခဲ့တဲ့ ရက်ပိုင်းအောက်တိုဘာလ ၂၉ ရက်က KNU နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့တာပါ။

စခန်းသိမ်းခံရချိန် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံတိုက်ခိုက်ရာမှာ မနေ့ နိုဝင်ဘာလ ၃ ရက်က တိုက်ပွဲ တွေ ပြင်းထန်ခဲ့ပြီး စစ်သား ၁၆ ဦးရဲ့ ရုပ်အလောင်းရတယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း ဖမ်းဆီးရမိသူ စစ်ကောင်စီတပ်ဖွဲ့ဝင်ဦးရေကတော့ ၁၇ ဦးရှိတယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက အသိပေးပါတယ်။

ခေါပုပ်စခန်းတွေက ဆုတ်ခွာထွက်ပြေးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဟာ ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ ဖာပွန်မြို့ အခြေချ စစ်ဗျုဟာဆီ သွား ရောက်ပူးပေါင်းဖို့ ကြိုးပမ်းနေပေမယ့် KNU တပ်မဟာ (၅) နဲ့ ပူးပေါင်းတပ်တွေရဲ့ ပိတ်ဆို့ တိုက်ခိုက်တာခံနေရတာပါ။

“သူတို့(စစ်ကောင်စီတပ်)က (ဖာပွန်)မြို့ထဲကိုဝင်ဖို့ ကြိုးစားလာတယ်၊ မြို့ထဲမှာကျတော့ စကစ စစ်တပ်လည်း မရှိတော့ဘူးဆိုတော့ သူတို့ကဝင်သွားတာလည်း အဲ့ဒီ တော်လှန်ရေးပူးပေါင်းတပ်တွေဖွဲ့နဲ့ သွားတိုးတာပေါ့နော်၊ သွားတိုးတော့ မနေ့က တိုက်ပွဲအကြီးအကျယ်ဖြစ်တာပေါ့” လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုကဆိုပါတယ်။

ခေါပုပ်စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ ခန့်ရှိပြီး ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ထိုင်း – မြန်မာ နယ်စပ်သံလွင်မြစ် အနီးက စခန်းတွေ ကနေ ဆုတ်ခွာလာတဲ့ အင်အားတွေပါ ပေါင်းစည်းထားတဲ့ စခန်းဖြစ်ပါတယ်။

ဖာပွန်ခရိုင်ထဲမှာ အာဏာမသိမ်းခင်က စစ်တပ် တပ်စခန်း ၇၀ ခန့် ရှိပြီး လက်ရှိမှာတော့ တပ်စခန်း ၁၀ ခုကျော်သာ ကျန်ရှိတော့တယ်လို့ KNU တပ်မဟာ (၅) ရဲ့စာရင်းအရသိရပါတယ်။

ဒါပေမယ့် ဖာပွန်မှာ အဓိကကျတဲ့ အခြေချ စစ်ဗျုဟာ ကျန်ရှိနေဆဲဖြစ်ပြီး KNU နဲ့ ပူးပေါင်းတပ်တွေက ကာလရှည်ကြာ ဝန်းရံပိတ်ဆို့ ထားပါတယ်။

စစ်ကောင်စီဘက်တော့ ဖာပွန်ဒေသ မှာ တပ်စခန်းတွေ ရုတ်သိမ်းတာ၊ လက်လွှတ်ဆုံးရှုံးရတာတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန် တာမတွေ့ရပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလလေးလကျော်လာတဲ့အထိဖာပွန်ဆီမရောက်နိုင်ဘဲအထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ (၅) ၊ မူတြော်( ဖာပွန်) ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

Facebook