Connect with us

Hi, what are you looking for?

သတင်း

စစ်သားနှင့်ပျူစောထီးများ လုံခြုံရေးယူထားသည့်ဖဲဝိုင်း ဝင်စီးခံရပြီး အုပ်ကြီးတစ်ဦးသေ

စီးနင်းတိုက်ခိုက်မှုတွင် သေဆုံးသွားသည့် ပျူခေါင်းဆောင်နှင့် အုပ်ကြီးအောင်မင်းထက်ထံ မှ လက်ပစ်ဗုံးတစ်လုံး၊ ဓားမြောင်နှစ်လက်၊ ငွေသားငါးသောင်း(၅၀,၀၀၀)ကျပ်နှင့် ခါးပတ်အိတ်တစ်လုံးအား သိမ်းဆည်းရရှိခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့အုတ်ဖိုက အသိပေးသည်။

စစ်သားနှင့်ပျူစောထီးများ လုံခြုံရေးယူထားသည့်ဖဲဝိုင်း ဝင်စီးခံရပြီး အုပ်ကြီးတစ်ဦးသေ
စစ်သားနှင့်ပျူစောထီးများ လုံခြုံရေးယူထားသည့်ဖဲဝိုင်း ဝင်စီးခံရပြီး အုပ်ကြီးတစ်ဦးသေ

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများလုံခြုံရေးယူထားသည့် လောင်းကစားဝိုင်း ဝင်ရောက် စီးနင်းပစ်ခတ်ခဲ့ရာ စစ်ကောင်စီခန့် အုပ်ကြီးတစ်ဦးသေဆုံးကြောင်း မြေအောက် ပြောက်ကျား တပ်ဖွဲ့အုတ်ဖိုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၂ ရက် မွန်းလွဲ ၃ နာရီခန့်က အုတ်ဖိုမြို့နယ်၊ မတောင့်တကျေးရွာ၌ ပျူခေါင်းဆောင်နှင့် အဆိုပါကျေးရွာ စစ်ကောင်စီခန့် အုပ်ကြီး အောင်မင်းထက် ဦးဆောင်ပြုလုပ်လျှက်ရှိသော ဖဲလောင်းကစားဝိုင်းအား မြေအောက်ပြောက်ကျားတပ်ဖွဲ့အုတ်ဖိုမှ ရဲဘော်များက စီးနင်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်မှုတွင် လုံခြုံရေးယူထားသော အရပ်ဝတ်နှင့်စစ်ကောင်စီတပ်သားအချို့နှင့် ပျူစောထီးများမှာ ထွက်ပြေးလွတ်မြောက်သွားသော်လည်း ပျူခေါင်းဆောင် အုပ်ကြီးအောင်မင်းထက်ဆိုသူမှာ ဦးခေါင်းကျည်ထိမှန်၍ နေ ရာတင်ပွဲချင်းပြီး သေဆုံးသွားသည်ဟု မြေ အောက် ပြောက်ကျားတပ်ဖွဲ့အုတ်ဖိုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ကြေးကောင်းတယ်။ သိန်းဆယ်နဲ့ချီပြီးရိုက်တာ ဝိုင်းက။ အုပ်ကြီးက ဒိုင်ကိုင်တာ သေတဲ့အုပ်ကြီးက။ ဝင်စီးတဲ့အချိန်မှာ လုံခြုံရေးယူထားတဲ့ စကစတပ်သားတွေပျူတွေ အကုန်ထွက်ပြေးသွားတယ်”ဟု ၎င်းက ဆက်ပြောသည်။

စစ်သားနှင့်ပျူစောထီးများ လုံခြုံရေးယူထားသည့်ဖဲဝိုင်း ဝင်စီးခံရပြီး အုပ်ကြီးတစ်ဦးသေ
စစ်သားနှင့်ပျူစောထီးများ လုံခြုံရေးယူထားသည့်ဖဲဝိုင်း ဝင်စီးခံရပြီး အုပ်ကြီးတစ်ဦးသေ

စီးနင်းတိုက်ခိုက်မှုတွင် သေဆုံးသွားသည့် ပျူခေါင်းဆောင်နှင့် အုပ်ကြီးအောင်မင်းထက်ထံ မှ လက်ပစ်ဗုံးတစ်လုံး၊ ဓားမြောင်နှစ်လက်၊ ငွေသားငါးသောင်း(၅၀,၀၀၀)ကျပ်နှင့် ခါးပတ်အိတ်တစ်လုံးအား သိမ်းဆည်းရရှိခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့အုတ်ဖိုက အသိပေးသည်။

အထက်ပါ ပစ်ခတ်တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့်ကျေးရွာသို့ရောက်ရှိရန် စစ်တပ်စစ်ဆေးရေး ဂိတ်လေးခုထက်မနည်းကို ဖြတ်သန်းခဲ့ရာ အခက်အခဲများကြားမှ စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်နိုင်ခဲ့ခြင်းဟု စုံစမ်းသိရသည်။

သေဆုံးသွားသည့် ပျူခေါင်းဆောင်၊ အုပ်ကြီးအောင်းမင်းထက်နှင့် ၎င်းထံမှရရှိသောပစ္စည်းအချို့ကိုတွေ့ရစဥ်။ဓာတ်ပုံ-ပေးပို့)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။