Connect with us

Hi, what are you looking for?

သတင်း

အမ်း နပခမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦး CDF-Asho ဖမ်းဆီး

အမ်း – ပဒါန်းလမ်းတွင် အောက်တိုဘာလ ၂၈ရက်နေ့ကလည်း စစ်ကောင်စီယာဥ်တန်းကို မင်းဘူးခရိုင်အမှတ်(၂) တပ်ရင်းနှင့် အတူတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ် (ACDF)က သတင်းထုတ်ပြန်ထားသည်။

(စစ်သုံ့ပန်း ၄ ဦးကို ​တွေ့ရစဥ်။ဓါတ်ပုံ-CDF-Asho)
(စစ်သုံ့ပန်း ၄ ဦးကို ​တွေ့ရစဥ်။ဓါတ်ပုံ-CDF-Asho)

အိမ်သွင်/People’s Spring

တိုက်ပွဲပြင်းထန်နေသော အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)မှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သား လေးဦးကို မကွေးတိုင်းနှင့်ရခိုင်ပြည်နယ်စပ်‌တနေရာ၌ အရှိုချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CDF – Asho)က ဖမ်းဆီးလိုက်သည်။

နပခရှိ ခမရ ( ၃၇၃ )မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သားကိုသက်နိုင်နှင့်ကိုသက်နိုင်ဦးအား အောက်တိုဘာလ ၃၁ရက် နှင့် ခမရ(၃၇၁)၊ ကြက်ရေစမ်း နယ်ခြားဂိတ် ရှေ့တန်းစစ်ကြောင်းမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သားကိုရဲမွန်ဦးနှင့်ကိုကျော်မင်းဦးအား ရှေ့တန်း စစ်ဆင်ရေးဒေသတစ်နေရာတွင်နိုဝင်ဘာလ ၃ရက်၌ ဖမ်းမိခဲ့ခြင်းဟု CDF – Asho ကအသိ​ပေးသည်။

ဖမ်းမိထားသူများကို နိုင်ငံတကာစစ်ဘက်ဆိုင်ရာ ဥပဒေများနှင့်အညီ စနစ်တကျ ဖမ်းဆီးထိန်းသိမ်းထားသည်ဟုလည်း​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

AAက ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးဒဏ်ရာရသူများနေပြီး စခန်းများလည်း ဆက်တိုက်ဆုံးရှုံး​နေသည်။တိုက်ပွဲအတွင်း စစ်မြေပြင်မှ ထွက်ပြေးသူများလည်း ရှိနေသည်။

နပခတိုင်းမှူးဗိုလ်ချုပ်ကျော်စွာဦးသည် ကျောက်ဖြူမြို့၌ရောက်ရှိနေသလို ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် အခြားအရာရှိများသည် နိုဝင်ဘာလ ၄ရက်နေ့ကမကွေးမြို့သို့ စစ်ရဟတ်ယာဉ်ဖြင့် ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

တိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့်အတူထွေအုပ်အရာရှိများလည်း လိုက်ပါသွားပြီး အထက်အရာရှိများ ယင်းကဲ့သို့ထွက်ပြေးမှုအပေါ် လက်အောက်ငယ်သားများ ဒေါ်သထွက်ခဲ့ကြသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

လက်ရှိတွင် တိုင်းစစ်ဦးစီးမှူးယာယီဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ဗိုလ်မှူးကြီးအောင်ရွှေ‌တို့ အမ်း၌ ရှိနေပြီး နပခထဲတွင် ရှိနေသည်ဟု သတင်းရ‌ထားကြောင်းAAနှင့် နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးကပြောသည်။ယာယီဗိုလ်မှူးချုပ်ကျော်ကျော်သန်းသည် AAက နိုဝင်ဘာ ၅ရက်နေ့မှစသည့် နပခအနီးရှိ အမြောက်ကြီးတပ်နှင့် အရိုးတောင်လက်နက်ကြီးစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်သည့် တိုက်ပွဲ၌ ဒဏ်ရာရပြီး သေဆုံးသွားခဲ့သည်ဟု နိရဉ္စရာသတင်းဌာနကရေးသားထားသည်။ ထိုဖြစ်စဉ်ကို People’s Spring က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အမ်းမြို့သိမ်းတိုက်ပွဲပြင်းထန်နေစဉ် စစ်ကောင်စီက ထောက်ပို့လမ်းကြောင်းအဖြစ်သုံးနေသည့် အမ်း-ပဒါန်းလမ်းကို AA၏ မဟာမိတ်များက ‌နယ်မြေစိုးမိုးမှုယူထားသည်။အမ်း- ပဒါန်းလမ်းမှ စစ်‌ကောင်စီစခန်းနှစ်ခုကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာလ ၅ရက်တွင် တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီဘက်မှ ၁၀ဦးခန့်သေဆုံးနိုင်ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway)က ထုတ်ပြန်ထားသည်။

အမ်း – ပဒါန်းလမ်းတွင် အောက်တိုဘာလ ၂၈ရက်နေ့ကလည်း စစ်ကောင်စီယာဥ်တန်းကို မင်းဘူးခရိုင်အမှတ်(၂) တပ်ရင်းနှင့် အတူတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ် (ACDF)က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။