Connect with us

Hi, what are you looking for?

သတင်း

အမ်း နပခမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦး CDF-Asho ဖမ်းဆီး

အမ်း – ပဒါန်းလမ်းတွင် အောက်တိုဘာလ ၂၈ရက်နေ့ကလည်း စစ်ကောင်စီယာဥ်တန်းကို မင်းဘူးခရိုင်အမှတ်(၂) တပ်ရင်းနှင့် အတူတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ် (ACDF)က သတင်းထုတ်ပြန်ထားသည်။

(စစ်သုံ့ပန်း ၄ ဦးကို ​တွေ့ရစဥ်။ဓါတ်ပုံ-CDF-Asho)
(စစ်သုံ့ပန်း ၄ ဦးကို ​တွေ့ရစဥ်။ဓါတ်ပုံ-CDF-Asho)

အိမ်သွင်/People’s Spring

တိုက်ပွဲပြင်းထန်နေသော အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)မှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သား လေးဦးကို မကွေးတိုင်းနှင့်ရခိုင်ပြည်နယ်စပ်‌တနေရာ၌ အရှိုချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CDF – Asho)က ဖမ်းဆီးလိုက်သည်။

နပခရှိ ခမရ ( ၃၇၃ )မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သားကိုသက်နိုင်နှင့်ကိုသက်နိုင်ဦးအား အောက်တိုဘာလ ၃၁ရက် နှင့် ခမရ(၃၇၁)၊ ကြက်ရေစမ်း နယ်ခြားဂိတ် ရှေ့တန်းစစ်ကြောင်းမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သားကိုရဲမွန်ဦးနှင့်ကိုကျော်မင်းဦးအား ရှေ့တန်း စစ်ဆင်ရေးဒေသတစ်နေရာတွင်နိုဝင်ဘာလ ၃ရက်၌ ဖမ်းမိခဲ့ခြင်းဟု CDF – Asho ကအသိ​ပေးသည်။

ဖမ်းမိထားသူများကို နိုင်ငံတကာစစ်ဘက်ဆိုင်ရာ ဥပဒေများနှင့်အညီ စနစ်တကျ ဖမ်းဆီးထိန်းသိမ်းထားသည်ဟုလည်း​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

AAက ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးဒဏ်ရာရသူများနေပြီး စခန်းများလည်း ဆက်တိုက်ဆုံးရှုံး​နေသည်။တိုက်ပွဲအတွင်း စစ်မြေပြင်မှ ထွက်ပြေးသူများလည်း ရှိနေသည်။

နပခတိုင်းမှူးဗိုလ်ချုပ်ကျော်စွာဦးသည် ကျောက်ဖြူမြို့၌ရောက်ရှိနေသလို ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် အခြားအရာရှိများသည် နိုဝင်ဘာလ ၄ရက်နေ့ကမကွေးမြို့သို့ စစ်ရဟတ်ယာဉ်ဖြင့် ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

တိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့်အတူထွေအုပ်အရာရှိများလည်း လိုက်ပါသွားပြီး အထက်အရာရှိများ ယင်းကဲ့သို့ထွက်ပြေးမှုအပေါ် လက်အောက်ငယ်သားများ ဒေါ်သထွက်ခဲ့ကြသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

လက်ရှိတွင် တိုင်းစစ်ဦးစီးမှူးယာယီဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ဗိုလ်မှူးကြီးအောင်ရွှေ‌တို့ အမ်း၌ ရှိနေပြီး နပခထဲတွင် ရှိနေသည်ဟု သတင်းရ‌ထားကြောင်းAAနှင့် နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးကပြောသည်။ယာယီဗိုလ်မှူးချုပ်ကျော်ကျော်သန်းသည် AAက နိုဝင်ဘာ ၅ရက်နေ့မှစသည့် နပခအနီးရှိ အမြောက်ကြီးတပ်နှင့် အရိုးတောင်လက်နက်ကြီးစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်သည့် တိုက်ပွဲ၌ ဒဏ်ရာရပြီး သေဆုံးသွားခဲ့သည်ဟု နိရဉ္စရာသတင်းဌာနကရေးသားထားသည်။ ထိုဖြစ်စဉ်ကို People’s Spring က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အမ်းမြို့သိမ်းတိုက်ပွဲပြင်းထန်နေစဉ် စစ်ကောင်စီက ထောက်ပို့လမ်းကြောင်းအဖြစ်သုံးနေသည့် အမ်း-ပဒါန်းလမ်းကို AA၏ မဟာမိတ်များက ‌နယ်မြေစိုးမိုးမှုယူထားသည်။အမ်း- ပဒါန်းလမ်းမှ စစ်‌ကောင်စီစခန်းနှစ်ခုကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာလ ၅ရက်တွင် တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီဘက်မှ ၁၀ဦးခန့်သေဆုံးနိုင်ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway)က ထုတ်ပြန်ထားသည်။

အမ်း – ပဒါန်းလမ်းတွင် အောက်တိုဘာလ ၂၈ရက်နေ့ကလည်း စစ်ကောင်စီယာဥ်တန်းကို မင်းဘူးခရိုင်အမှတ်(၂) တပ်ရင်းနှင့် အတူတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ် (ACDF)က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။