Connect with us

Hi, what are you looking for?

သတင်း

နှစ်(၇၀)ကြာတပ်စွဲထားသည့် ဖာပွန်ရှိကူးဆိပ်တံတားစခန်း KNLAပူးပေါင်းတပ်သိမ်းပိုက်၊ စစ်ကောင်စီတပ် ရှစ်ဦးသေ

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးပြီး လက်နက်ကြီးနှစ်လက်၊ မောင်းပြန် ရိုင်ဖယ်သုံးလက်နှင့် ကျည်အများအပြား သိမ်းဆည်းရမိခဲ့သည်ဟု တပ်မဟာ(၅)က ထုတ်ပြန်သည်။

(ဖာပွန်မြို့နယ်ရှိ ကူးဆိပ်တံတားလုံခြုံရေးစခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - KNU-Mutraw News)
(ဖာပွန်မြို့နယ်ရှိ ကူးဆိပ်တံတားလုံခြုံရေးစခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - KNU-Mutraw News)

အိမ်သွင်/People’s Spring

ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ ကူးဆိပ်တံတားလုံခြုံရေးစခန်း တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၅)က ထုတ်ပြန်သည်။

ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ၏ ကူးဆိပ်တံတားလုံခြုံရေးစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊တပ်မဟာ(၅)နှင့် မဟာမိတ်တပ်များက နိုဝင်ဘာ ၆ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး လေးရက်အကြာ နိုဝင်ဘာ ၉ရက်တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးပြီး လက်နက်ကြီးနှစ်လက်၊ မောင်းပြန် ရိုင်ဖယ်သုံးလက်နှင့် ကျည်အများအပြား သိမ်းဆည်းရမိခဲ့သည်ဟု တပ်မဟာ(၅)က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တိုက်ပွဲအတွင်း KNLAပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဘက်မှ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်မှ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)လည်း ပါဝင်တိုက်ခိုက်ခဲ့ရာ အဆိုပါတပ်မှ ကွက်ကဲရေးမှူး မောင်းဆောင်းခက “နှစ်ပေါင်း(၇၀)ကြာ တပ်စွဲထားတဲ့ KNU/KNLA တပ်မဟာ(၅)နယ်မြေထဲက ဖာပွန်ကူးဆိပ်စခန်းကို မဟာမိတ်ပူးပေါင်းအဖွဲ့ သိမ်းပိုက်ရရှိခဲ့ပါတယ်”ဟု ၎င်း၏ လူမှုကွန်ရက်တွင် အသိပေးရေးသားထားသည်။

KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့်BPLA တို့ပါဝင်သော ပူးပေါင်းတပ်ဖွဲ့များသည် ဖာပွန်ခရိုင်အတွင်း နှစ်ပေါင်း၃၀ကျော်ကြာတပ်စွဲထားသည့် စစ်ကောင်စီ၏ ခေါပုတ်စခန်းကိုလည်း အောက်တိုဘာ ၃၀ရက်က တိုက်ခိုက်သိမ်းယူခဲ့သည်။ အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနက်သေဆုံးခဲ့ပြီး ထွက်ပြေးသွားသည့်တပ်ဖွဲ့ဝင်များလိုက်လံရှင်းလင်းစဥ် ၁၄ဦး သေဆုံးပြီး ဗိုလ်ကြီးသုံးဦးအပါအဝင် စစ်သုံ့ပန်း ၁၇ဦး လက်နက်များနှင့် ဖမ်းမိကြောင်း BPLA က ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလလေးလကျော်လာတဲ့အထိဖာပွန်ဆီမရောက်နိုင်ဘဲအထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ (၅) ၊ မူတြော်( ဖာပွန်) ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး( KNU )တပ်တွေကြားတိုက်ပွဲဆက်ဖြစ်နေပြီးစစ်တပ်ကလေကြောင်းကိုပါသုံးပြီး တိုက်ခိုက်နေတယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူပဒိုစောထိုရော်ဘင်က ပြောပါတယ်။