Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမြို့နယ်စစ်ဆင်ရေးအတွင်း ပျူခေါင်းဆောင်များအပါအဝင် ပျူ ၁၀၀ခန့်အား လက်နက်ချအညံ့ခံရန် စည်းရုံးနိုင်ခဲ့သော မိုးကုတ်ဗျူဟာ အမှတ်(၁၂၂၂)တပ်ရင်းမှူးအား စစ်ရေးဗျူဟာထူးချွန်ဆု ချီးမြှင့်

စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် စခန်းများအား ဇူလိုင် ၁၇ရက်တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူသော မြို့ဖြစ်သည်။

(တပ်ရင်းမှူးဒိုလေးအား စစ်ရေးဗျူဟာထူးချွန်ဆုပေးအပ်သည့် အခမ်းအနား ကျင်းပနေစဥ်။ဓာတ်ပုံ - U Pyay)
(တပ်ရင်းမှူးဒိုလေးအား စစ်ရေးဗျူဟာထူးချွန်ဆုပေးအပ်သည့် အခမ်းအနား ကျင်းပနေစဥ်။ဓာတ်ပုံ - U Pyay)

ဇေအောင်/People’s Spring

စဉ့်ကူးမြို့နယ်စစ်ဆင်ရေးအတွင်း ကျည်တစ်ချက်မျှ မဖောက်ရဘဲ ပျူစောထီးခေါင်းဆောင် ရေတော်ငနိုင်အပါအဝင် ပျူခေါင်းဆောင်များနှင့် ပျူလက်နက်ကိုင်များအား လက်နက်ချအညံ့ခံရန် စည်းရုံးသိမ်းသွင်းနိုင်ခဲ့သော တပ်ရင်းမှူး ဒိုလေးအား စစ်ရေးဗျူဟာထူးချွန်ဆုပေးအပ်ချီးမြှင့်ခြင်းလိုက်ကြောင်း မိုးကုတ်ဗျူဟာ အမှတ် (၁၂၂၂)တပ်ရင်းက ထုတ်ပြန်သည်။

၁၀၂၇ ဒုတိယလှိုင်းအတွင်း စဉ့်ကူးမြို့နယ် စစ်ဆင်ရေးတွင် စစ်ကောင်စီထိန်းချုပ်နယ်မြေ၌ ထွက်ပြေးနေသော စဉ့်ကူးမြို့နယ် ပျူစောထီး ခေါင်းဆောင် ရေတော်ငနိုင်အပါအဝင် ထုံးကြီး၊ ဆည်သည် ၊ ဒိုးပင်ကုန်း ၊ ဇီးပင်ကုန်း၊ရေတော် အစရှိသည့် ကျေးရွာများမှ ပျူစောထီးခေါင်းဆောင်များ၊ ပျူလက်နက်ကိုင်များ စုစုပေါင်း ၁၀၀ခန့်အား PDF တပ်ရှိရာ နယ်မြေသို့ ပြန်လည်ခေါ်ယူကာ ကျည်တစ်ချက်မျှ မဖောက်‌ရဘဲ လက်နက်ချ အညံ့ခံရန် စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည့် မိုးကုတ်ဗျူဟာ အမှတ်(၁၂၂၂)တပ်ရင်းမှ တပ်ရင်းမှူး ဒိုလေးကို စစ်ရေးဗျူဟာထူးချွန်ဆု ပေးအပ်ချီးမြှင့်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါ တပ်ရင်းက နိုဝင်ဘာ ၁၂ ရက်တွင် အသိပေးသည်။

(တပ်ရင်းမှူးဒိုလေးအား စစ်ရေးဗျူဟာထူးချွန်ဆုပေးအပ်သည့် အခမ်းအနား ကျင်းပနေစဥ်။ဓာတ်ပုံ - U Pyay)
(တပ်ရင်းမှူးဒိုလေးအား စစ်ရေးဗျူဟာထူးချွန်ဆုပေးအပ်သည့် အခမ်းအနား ကျင်းပနေစဥ်။ဓာတ်ပုံ – U Pyay)

” ရန်သူ့နယ်မြေရောက်ပြီးသားပျူတွေ၊ ကျွန်တော်တို့ဆီက ထွက်ပြေးသွားပြီးသားပျူတွေ အများကြီးပဲ။ လက်နက်တွေနဲ့ တခြားရန်သူ့နယ်မြေမှာ ရောက်ပြီးသား။ ဒါကို ကျွန်တော်တို့က စစ်ပရိယာယ်သုံးပြီးတော့မှ ပြန်လည်စည်းရုံးသိမ်းသွင်းပြီးတော့မှ ကျွန်တော်တို့ဘက်ကို လက်နက်ချအညံ့ခံခိုင်းတာ အောင်မြင်သွားတဲ့အတွက်ကြောင့် စစ်ရေးဗျူဟာထူးချွန်ဆုပေးရတာဖြစ်တယ်။”ဟု မိုးကုတ်ဗျူဟာ အမှတ်(၁၂၂၂)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ရေတော်ငနိုင်အပါအဝင် ပျူစောထီးခေါင်းဆောင်များ၊ ပျူစောထီးအဖွဲ့ဝင်များအား ဇူလိုင် ၁၇ရက်က စဥ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

​စဉ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်း ပျူစောထီးခေါင်းဆောင်များအပြင် စစ်ကောင်စီ​၏ ဒုဗိုလ်မှူးကြီး တစ်ဦး၊ ဗိုလ်မှူး တစ်ဦး၊ဗိုလ်ကြီး လေးဦး၊ဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီး လေးဦး၊ဒုတပ်ကြပ်ကြီး လေးဦး၊ တပ်ကြပ် နှစ်ဦး၊တပ်သား ကိုးဦး၊ လက်ပံလှနှင့် စဥ့်ကူးမြို့နယ်မှ စခန်းမှူး နှစ်ဦးတို့ကိုပါ ဖမ်းဆီးရမိခဲ့သည်။

(တပ်ရင်းမှူးဒိုလေးအား စစ်ရေးဗျူဟာထူးချွန်ဆုပေးအပ်သည့် အခမ်းအနား ကျင်းပနေစဥ်။ဓာတ်ပုံ - U Pyay)
(တပ်ရင်းမှူးဒိုလေးအား စစ်ရေးဗျူဟာထူးချွန်ဆုပေးအပ်သည့် အခမ်းအနား ကျင်းပနေစဥ်။ဓာတ်ပုံ – U Pyay)

“သူတို့က ပြည်သူတွေကို အများကြီးနှိပ်စက်ခဲ့တာ။ အဲဒီနယ်တကြောမကဘူး။ တော်တော်များတယ်။ ရွာပေါင်းများစွာကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့တာ။ မုဒိမ်းကျင့်တာတွေကောပါတယ်။ မိသားစုကို သုံးလောင်းပြိုင်တူသတ်တာမျိုးတွေလုပ်တယ်။ ဒီဘက်တကြောကရွာသားတွေက သူ့ကိုဖမ်းထားတာ မကြိုက်ဘူး။ ထုတ်ပေးပါလို့ပြောတဲ့အခါမှာ သူ့ရဲ့အမှုအခင်းတွေလည်းသိရအောင် ပြည်သူလူထုပြောတာတွေလ​ည်း သိရအောင် ပြည်သူတွေရှေ့စစ်ဆေးတာ။”ဟု မိုးကုတ်ဗျူဟာ စစ်ဦးစီးအဖွဲ့စစ်ဆင်ရေးနှင့် မဟာမိတ်ဆက်ဆံရေးတွဲဖက် တာဝန်ခံ ကိုဝေမိုးကျော်က ပြောသည်။

(တပ်ရင်းမှူးဒိုလေးအား စစ်ရေးဗျူဟာထူးချွန်ဆုပေးအပ်သည့် အခမ်းအနား ကျင်းပနေစဥ်။ဓာတ်ပုံ - U Pyay)
(တပ်ရင်းမှူးဒိုလေးအား စစ်ရေးဗျူဟာထူးချွန်ဆုပေးအပ်သည့် အခမ်းအနား ကျင်းပနေစဥ်။ဓာတ်ပုံ – U Pyay)

ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများကို ဇူလိုင် ၁၉ရက်တွင် မန္တလေး PDFထံ လွှဲပြောင်းအပ်နှံခဲ့သည်။

စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် စခန်းများအား ဇူလိုင် ၁၇ရက်တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူသော မြို့ဖြစ်သည်။

စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်သုံ့ပန်းအများအပြား ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိခဲ့သည်။

စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်ခဲ့သောကြောင့် မြို့နေဧရိယာများ ၊ အရပ်သားပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကိုင်းတိုင်းစစ်ဌာနအတွက် စစ်ဆင်ရေးတွေမှာ အသုံးပြုဖို့ ကနဦး ထောက်ပံ့ကူညီငွေပေးအပ်ခဲ့ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရှည်လျားလှတဲ့ နိုင်ငံတကာ စစ်ဆင်ရေး ဖြန့်ကျက်မှုကာလ ပြီးဆုံးပြီးတဲ့နောက် အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Gerald R Fordဟာ မေလ ၁၆ ရက်နေ့မှာ နေရပ်နိုင်ငံဆီ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။