Connect with us

Hi, what are you looking for?

သတင်း

မိုးမောက် – ဗန်းမော်ကြား အောင်မြေရွာကို စစ်ကောင်စီ ထပ်မံ လေကြောင်းတိုက်ခိုက်

မိုးမောက်ဒေသ စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

(မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာအား ၂၀၂၄ မေလ ၇ ရက်တွင် စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ တိုက်နယ်ဆေးရုံပျက်စီးနေစဉ်။ ဓာတ်ပုံ - KNG)
(မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာအား ၂၀၂၄ မေလ ၇ ရက်တွင် စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ တိုက်နယ်ဆေးရုံပျက်စီးနေစဉ်။ ဓာတ်ပုံ - KNG)

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်အကြားတိုက်ပွဲဖြစ်ပွားနေသောမိုးမောက်နှင့် ဗန်းမော်မြို့နယ်ကြားရှိ အောင်မြေကျေးရွာကို စစ်ကောင်စီက ယနေ့ (နိုဝင်ဘာ ၁၃ရက်)တွင် ထပ်မံ၍ လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဩဂုတ်တတိယပတ်တွင် မိုးမောက်မြို့အခြေစိုက် ခမရ(၄၃၇) တပ်ရင်းကို KIAက အပြီးသတ် သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ဗန်းမော်ဘက်မှမိုးမောက်မြို့နယ်သို့ ပြန်လည်ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခြင်းဖြစ်သည်။

“ဒီနေ့မနက်ပိုင်း KIA သိမ်းယူထားတဲ့ မိုးမောက်ကို စကစက လေကြောင်းနဲ့ (၂) ကြိမ်ဗုံးကြဲသွားပြီKIA တပ်ဖွဲ့ဝင်တွေ ထိန်းချုပ်ထားတဲ့နေရာအနီးတဝိုက်။ နေ့တိုင်းဆိုသလို ဗန်းမော်နဲ့မိုးမောက်ကြား (၇) မိုင်မှာရှိတဲ့ အောင်မြေကျေးရွာမှာ တိုက်ပွဲဖြစ်နေတာ။ ခြေလျင်နဲ့ထိုးစစ်မဆင်နိုင်လို့ ခုစကစက မိုးမောက်ဘက်ကိုလေကြောင်းနဲ့ဗုံးလာကြဲတဲ့သဘောပါ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

အောင်မြေကျေးရွာတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိနေကြောင်း ဒေသခံကို ကိုးကား၍ ၎င်းက ပြောသည်။

” အောင်မြေကျေးရွာမှာက နှစ်ဖက်တပ်ဖွဲ့ဝင်တွေ နေရာယူထားကြတာ ၊ ဗန်းမော်ဘက်ကတက်လာတဲ့ စကစတပ်ဖွဲ့တွေလည်း အဲ့ဒီအောင်မြေကနေမကျော်နိုင်သေးပါဘူး။ KIA ဘက်ကလည်း အောင်မြင်ကနေ စကစမကျော်လာနိုင်အောင် အပြင်းအထန်ခုခံကာကွယ်ထားတာပါ။

ရှမ်းမြောက်နောင်ချိုမြို့နယ်နဲ့ခပ်ဆင်ဆင်ဖြစ်နေတာပါ။ နောင်ချိုကို TNLA အပြင်းအထန်ကာ ကွယ်ထားတာပါ။ နောင်ချိုမြို့နယ် တောင်းခမ်းနဲ့ဆမ္မဆယ်ဘက်မှာ စကစနဲ့ TNLA နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေတာပါ”ဟု ၎င်းက ပြောသည်။

မိုးမောက်ဒေသ စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

စစ်ကောင်စီအနေဖြင့် ရှမ်းမြောက်ရှိ တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် မြို့ရွာများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။ ယမန်နေ့က TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့နှင့် နောင်ချိုမြို့ အရပ်သား နေထိုင်ရာများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူများ သေဆုံးထိခိုက်ခဲ့ရသည်။

ယမန်နေ့ လေကြောင်း တိုက်ခိုက်မှုအတွင်း နောင်ချိုမြို့ လန်းဆန်းလက်ဖက်ရည်ဆိုင်နှင့် ပြည်သူများ၏နေအိမ် လေးလုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူ ၁၁ဦးသေဆုံးကာ ၁၃ဦးဒဏ်ရာရရှိခဲ့သည်ဟု TNLAက ထုတ်ပြန်သည်။ နိုဝင်ဘာ ၁၁ရက် ညကလည်း မိုးကုတ်မြို့ လေကြောင်းတိုက်ခိုက်မှုတွင်လည်း ပြည်သူ ၉ဦးသေဆုံးကာ ၁၃ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။

” စကစအဖွဲ့ တရုတ်ခရီးစဉ်အပြန် မိုးကုတ်နဲ့ နောင်ချိုမြို့က အပစ်မဲ့ပြည်သူများကို လူအစုလိုက်အပြုံလိုက် လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်သွားတာပါ”ဟု စစ်ရေး၊နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဇော်ဆန်က ပြောသည်။

တရုတ်အစိုးရသည် စစ်ရေး၊ နိုင်ငံရေးအဘက်ဘက်ကနေရှုံးနိမ့်နေသည့် အာဏာသိမ်းစစ်ကောင်စီကို သက်ဆိုးရှည်အောင် အသက်ဆက် ပေးနေကြောင်းလည်း ၎င်းက သုံးသပ်သည်။

” နိုင်ငံတကာစစ်ရာဇဝတ်မှုနဲ့ အခြေခံလူ့အခွင့်အရေးတွေကို စကစဥက္ကဌ မင်းအောင်လှိုင်က သိသိကြီးနဲ့ပြောင်ပြောင်တင်းတင်း ရက်ရင်စက်စက် ချိုးဖောက်နေပါတယ်။ ဒီထက်ပိုမိုဆိုးရွားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကို စကစဘက်ကလုပ်ဆောင်လာနိုင်တဲ့အတွက် ပြည်သူများ လေကြောင်းရန်ကာကွယ်ရေး ဆောင်ရန်ရှောင်ရန်များကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်” ဟု ဦးဇော်ဆန်က ပြောသည်။

ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ” တရုတ်အစိုးရဟာ မြန်မာ့ပြည်တွင်းရေးကိုဗြောင်ကျကျ ဝင်ရောက်စွပ်ဖက်နေရုံမက ခြိမ်းခြောက်တဲ့အဆင့်ထိလုပ်လာနေ ပါတယ်။ စစ်ကောင်စီအစိုးရကျရုံးသွားမှာကိုတရုတ်ကလုံးဝမလိုလားဘူးဆိုတာရှင်းလင်းပြတ်သားစွာမြင်နေရပါတယ်”ဟု ပြောသည်။

တရုတ်အစိုးရသည် စစ်ကောင်စီကို အဖက်ဖက်က ကူညီထောက်ပံ့နေသကဲ့သို့ မြောက်ပိုင်းမဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များကိုလည်း စစ်ကောင်စီတပ်အား မတိုက်ခိုက်ရန် ဖိအားပေး ခြိမ်းခြောက်လာနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်အစပ်ကို စစ်တပ်က စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူ တစ်ဦးအား သတ်ဖြတ်သွားခဲ့သည်။

သတင်း

နိုဝင်ဘာ၂၇ ရက်ကလည်း AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ ဒေသခံ ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

သတင်း

စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာသည့်အပေါ် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယောတပ်တော်တာဝန်ရှိသူက ပြောသည်။

သတင်း

ယမန်နေ့ စခန်းသိမ်း တိုက်ပွဲများအတွင်း ချင်းပြည်ကောင်စီ ပူးပေါင်းတပ်ဘက်မှ ကျဆုံးမှုမရှိဟု သတင်းရရှိကြောင်း သတင်းရင်းမြစ်က ပြောသည်။

Facebook