Connect with us

Hi, what are you looking for?

သတင်း

မိုးညှင်းမြို့ပစ်ခတ်မှု ရဲ၊ ရှမ်းနီတပ်သားများအပါအဝင် ၈ဦးသေ

ကချင်ပြည်နယ်အခြေစိုက် သတင်းဌာနအချို့တွင် ပစ်ခတ်မှုအတွင်း ကိုးဦးသေဆုံးပြီးနှစ်ဦးဒဏ်ရကြောင်း ဖော်ပြထားသည်။

မိုးညှင်းမြို့ပစ်ခတ်မှု ရဲ၊ရှမ်းနီတပ်သားများအပါအဝင် ၈ဦးသေ
မိုးညှင်းမြို့ပစ်ခတ်မှု ရဲ၊ရှမ်းနီတပ်သားများအပါအဝင် ၈ဦးသေ

မိထက်/People’s Spring

ကချင်ပြည်နယ် မိုးညှင်းမြို့တွင် KTV နှင့်စားသောက်ဆိုင်တစ်ခု၌ ရောက်ရှိနေသည့် စစ်ကောင်စီ၏လက်ပါးစေ ရဲများနှင့် ရှမ်းနီတပ်(SNA)တပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး ရှစ်ဦးသေဆုံးကာ သွားရောက်ပစ်ခတ်ရာတွင်ပါဝင်သူ တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၂ရက် နေ့လယ်ပိုင်းက မိုးညှင်းမြို့၊ ကားကြီးဝင်းအတွင်းရှိ စားသောက်ဆိုင်၏ KTV အခန်းတွင် ရဲနှင့် ရှမ်းနီတပ်ဖွဲ့ဝင် ၁၀ဦးခန့်က သောက်စားနေစဉ် တော်လှန်ရေးရဲဘော်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

” သေတာ ခြောက်ဦး။ ဆေးရုံရောက်မှာ ထပ်သေတာ နှစ်ဦး။ သေဆုံးသူတွေအပြင် အခန်းထဲကလူတွေအကုန် ဒဏ်ရာရတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။ အခင်းဖြစ်ပွားမှုမှာ မိုးညှင်းမြို့ထန်တပင်ကျေးရွာ စားသောက်ဆိုင်၏ KTVအခန်းတွင် ဖြစ်ပွားခဲ့ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်.

Public Service Announcement

Public Service Announcement

သေဆုံးသူများတွင် ရှမ်းနီတပ်သားများအပြင် မိုးညှင်းမြို့၌ မူးယစ်ဆေးနှင့် သစ်မှောင်ခိုရောင်းဝယ်မှုများနှင့် ပတ်သက်နေသည့်ရဲအရာရှိတစ်ဦးနှင့် သစ်ကုန်သည်အချို့ ပါဝင်သည်။ အဆိုပါ ရဲအရာရှိ၏ဇနီးဖြစ်သူလည်း ရဲဝန်ထမ်းဖြစ်ပြီး နာရေးကို လိုက်ပို့သူမရှိဘဲပြုလုပ်ခဲ့ရသည်ဟု သတင်းရရှိသည်။

ကချင်ပြည်နယ်အခြေစိုက် သတင်းဌာနအချို့တွင် ပစ်ခတ်မှုအတွင်း ကိုးဦးသေဆုံးပြီးနှစ်ဦးဒဏ်ရကြောင်း ဖော်ပြထားသည်။

တိုက်ခိုက်မှုအား တော်လှန်ရေးရဲဘော်များက ပြုလုပ်ခဲ့သည်ဟု သိရသော်လည်း မည်သည့်အဖွဲ့ဟု မသိရသေးကြောင်း ဒေသခံများက ပြောသည်။ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားစဉ် ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုနှင့်ပတ်သက်၍ ဟိုပင်မြို့နယ်ပြည်သူ့ကာကွယ်‌ ရေးအဖွဲ့ကလည်း သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ အမုန်းတရားကို အခြေခံတယ်လို့ ယုံကြည်ရတဲ့ တိုက်ခိုက်မှုအတွင်း လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ အသေခံ ကားဗုံးခွဲမှုနဲ့ နောက်ဆက်တွဲ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ရဲ ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်ဒေသအစပ် မိုးဗြဲဒေသမှာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်ကို စုံစမ်းစစ် ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က မေလ ၁ရက်မှာ ပူးတွဲထုတ်ပြန်ပါတယ်။