Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်မြို့နယ်တွင် စစ်ရှောင်ပြည်သူငါးဦး မြွေကိုက်ခံရ၊ နှစ်ဦးသေဆုံး

ဒေသခံပြည်သူ ၂၆ ဦးသတ်ဖြတ် ခံထားရပြီး ကျေးရွာ ၈ ရွာမှ နေအိမ် ၅၀၀ကျော် မီးရှို့ဖျက်ဆီးခံထားရသည်။

(ဘုတလင်မြို့နယ်အတွင်း ဒေသခံပြည်သူများ စစ်ရှောင်နေကြသည်ကို တွေ့ရစဥ်။ဓာတ်ပုံ - S&C)
(ဘုတလင်မြို့နယ်အတွင်း ဒေသခံပြည်သူများ စစ်ရှောင်နေကြသည်ကို တွေ့ရစဥ်။ဓာတ်ပုံ - S&C)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ရှောင် ပြည်သူ ငါးဦး မြွေကိုက်ခံရပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာနှင့် နိုဝင်ဘာအတွင်း ဘုတလင်မြို့နယ်ရှိ စစ်ရှောင်ပြည်သူ ငါးဦး မြွေကိုက်ခံခဲ့ရပြီး အချန်မီဆေးကုသမှုပေးခဲ့သော်လည်း နှစ်ဦးသေဆုံးခဲ့ကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ထောက်ပံ့ကူညီရေးအဖွဲ့မှ ကိုစိုးမိုးအောင်က ပြောသည်။

“သီးနှံသိမ်းချိန်လည်း ရောက်တော့မှာဆိုတော့ ပိုးထိလူနာက ထပ်ပြီးများလာနိုင်တယ်။ အခုလည်း ဘုတလင်မှာ ပိုးထိလူနာတွေများနေတယ်။”ဟု ကိုစိုးမိုးအောင်က ပြောသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၃ဝ ရက်က ဘုတလင်မြို့နယ် အတွင်း စစ်​ကောင်စီစစ်ကြောင်းတစ်ခုလုံးတိုက်ခိုက်ခံရပြီးနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) မှလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် ကျေးရွာများအားအောက်တိုဘာ ၁၁ရက်ကစပြီး စတင်စစ်ကြောင်းထိုးမီးရှို့ခဲ့ခြင်းဖြစ်သည်။

စစ်ကြောင်းအန္တရာယ်ကြောင့် ကျေးရွာပေါင်း ၃၀ ကျော်မှ ဒေသခံပြည်သူနှစ်သောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရသည်။ အမျိုးသမီးများအပါအဝင် ပြည်သူ ၄၀ ကျော် ဖမ်းဆီးခံထားရသည်။

ထို့အပြင် ဒေသခံပြည်သူ ၂၆ ဦးသတ်ဖြတ် ခံထားရပြီး ကျေးရွာ ၈ ရွာမှ နေအိမ် ၅၀၀ကျော် မီးရှို့ဖျက်ဆီးခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးလာလို့ ပြည်သူ တစ်သိန်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။