Connect with us

Hi, what are you looking for?

သတင်း

ရွာငံမြို့အဝင်ဂိတ်၊ မူးယစ်ရုံးနှင့်စီးပွားရေးဘဏ်မှစစ်​ကောင်စီတပ်တိုက်ခိုက်ခံရ ရဲမှူးတဦးအပါအဝင် ခြောက်ဦးသေ

ရွာငံမြို့ဝင်ဂိတ်၊ မူးယစ်တပ်ခွဲ ၂ တပ်ဆွယ်ရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်ကို နိုဝင်ဘာ ၁၄ ရက် နေ့လယ် ၁ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ရွာငံမြို့ မူးယစ် စစ်​ဆေး​ရေးဂိတ်တွင် ကားများကို X-Ray စက်ဖြင့်ပါစစ်​ဆေး​သဖြင့် ကားများနာရီ​ပေါင်းများစွာတန်းစီ​စောင့်ဆိုင်း​နေရသည်ကို ၂၀၂၄ နိုဝင်ဘာ လဆန်းက​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(ရွာငံမြို့ မူးယစ် စစ်​ဆေး​ရေးဂိတ်တွင် ကားများကို X-Ray စက်ဖြင့်ပါစစ်​ဆေး​သဖြင့် ကားများနာရီ​ပေါင်းများစွာတန်းစီ​စောင့်ဆိုင်း​နေရသည်ကို ၂၀၂၄ နိုဝင်ဘာ လဆန်းက​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

အိမ်သွင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် မြို့အဝင်ဂိတ်၊ မူးယစ်ရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်ရှိ စစ်​ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ရာမှာ ရဲမှုးတစ်ဦးအပါအဝင် စစ်ကောင်စီဘက်မှ ခြောက်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။

ရွာငံမြို့ဝင်ဂိတ်၊ မူးယစ်တပ်ခွဲ ၂ တပ်ဆွယ်ရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်ကို နိုဝင်ဘာ ၁၄ ရက် နေ့လယ် ၁ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

” ကျတော်တို့တော်မပါဘူး။ အခြားမဟာမိတ်တွေချတာ။ စစ်တပ်ဘက်က သေတာ ၆ယောက် အတည်ပြုလို့ရတယ်”ဟု ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ရွာငံမြို့ဝင်ဂိတ်၊ မူးယစ်တပ်ခွဲ ၂ တပ်ဆွယ်ရုံးတိုက်ခိုက်မှုတွင် ရဲမှူးမြင့်နိုင်ဦး၊ ရဲတပ်ကြပ် ထွေးကိုကို၊ ဒုတပ်ကြပ် အောင်အောင်မော်နှင့်စောနိုင်ဝင်းတပ်ကြပ် ဇော်ဝင်းကျော်နှင့်ရဲသတင်းပေးပျူစောထီးတစ်ဦး သေဆုံးခဲ့သည်ဟု သတင်းရရှိသည်။

ထို့အပြင် လေးဦးဒဏ်ရာရခဲ့ပြီး ၎င်းတို့၏ အခြေအ‌နေကို မသိရသေးပေ။

တိုက်ခိုက်မှုနှင့်ပတ်သက်၍ ကာကွယ်ရေးအဖွဲ့များက သတင်းမထုတ်ပြန်သေးပေ။ တိုက်ခိုက်သည့်အဖွဲ့ကို People’s Spring အနေဖြင့် သိရှိထားပြီးဖြစ်သော်လည်း သက်ဆိုင်ရာအဖွဲ့၏ တရားဝင်ထုတ်ပြန်ချက်ကို စောင့်ဆိုင်းနေဆဲဖြစ်သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပင်းတယနှင့် ရွာငံမြို့ပါဝင်ပြီး အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌမှာ ပြည်​ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး​ရေးပါတီအမတ် ဦးအာကာလင်းဖြစ်သည်။ ယခုဖြစ်စဉ်အတွက် ဦးအာကာလင်းကို စစ်ကောင်စီက အပြစ်တင်နေသလို ဦးအာကာလင်းကိုယ်တိုင်လည်း လုံခြုံရေးအခြေအနေအရ တိမ်းရှောင်နေကြောင်းစုံစမ်း သိရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ရှိနေပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု မကြာခဏပြုလုပ်နေသည်။

ဦးအာကာလင်းက ၂၀၂၂ ခုနှစ်တွင် Danu Army အမည်ဖြင့် စစ်ကောင်စီလက်​အောက်ခံပြည်သူ့စစ် အဖွဲ့ ဖွဲ့စည်းရန်ကြိုးစားခဲ့ဖူးသည်။ ပြည်သူများက လက်မခံ၍ ယင်းအဖွဲ့ ပျက်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook