Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့တွင် ဆိုင်ကယ်နှစ်ယောက်စီးလာသော လူငယ်နှစ်ဦးအား စစ်တပ်ကပစ်ခတ်ရာ တစ်ဦးသေ၊ တစ်ဦးလွတ်မြောက်

သေဆုံးသူ၏ရုပ်အလောင်းအား နောက်တရက်နံနက်တွင် လူမှုကူညီရေးအသင်းကားဖြင့် သွားရောက်ယူပြီး သင်္ဂြိုလ်ခဲ့ရကြောင်း ခင်ဦးမြို့ခံအချို့က ပြောသည်။

ခင်ဦးမြို့တွင် ဆိုင်ကယ်နှစ်ယောက်စီးလာသော လူငယ်နှစ်ဦးအား စစ်တပ်ကပစ်ခတ်ရာ တစ်ဦးသေ၊ တစ်ဦးလွတ်မြောက်
ခင်ဦးမြို့တွင် ဆိုင်ကယ်နှစ်ယောက်စီးလာသော လူငယ်နှစ်ဦးအား စစ်တပ်ကပစ်ခတ်ရာ တစ်ဦးသေ၊ တစ်ဦးလွတ်မြောက်

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်နှစ်ယောက်စီးလာသော လူငယ်နှစ်ဦးအားပစ်ခတ်ရာ တစ်ဦးသေဆုံးပြီး တစ်ဦးထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာ ၁၄ ရက် ည ၉နာရီခွဲခန့်က ခင်ဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ရွှေကျောင်းအနီးတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများသည် ဆိုင်ကယ် နှစ်ယောက်စီးလာသော လူငယ်အမျိုးသားနှစ်ဦး အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပစ်ခတ်မှုကြောင့် အသက်(၂၀)ကျော်အရွယ်ဖိုးပြည့်စုံ(ခ)ဗုဒေါ ဆိုသူနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ခင်ဦးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့(စကစ)က အမှောင်ထဲကင်းပုန်းဝပ်နေတာ။ ပြည်သူနှစ်ယောက်က ဆိုင်ကယ်ဖြတ်စီးသွားတာ။ ဆိုင်ကယ်ကလည်း ကျန်ခဲ့တယ်။ တစ်ယောက်ကတော့ပွဲချင်းပြီးပဲ။ တစ်ယောက် ကတော့ လွတ်တယ်။”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ​ပြောသည်။

သေဆုံးသူ၏ရုပ်အလောင်းအား နောက်တရက်နံနက်တွင် လူမှုကူညီရေးအသင်းကားဖြင့် သွားရောက်ယူပြီး သင်္ဂြိုလ်ခဲ့ရကြောင်း ခင်ဦးမြို့ခံအချို့က ပြောသည်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် စစ်ကောင်စီတပ်က အမျိုးသားများ ဆိုင်ကယ်နှစ်ယောက် မစီးရန် အဓမ္မအမိန့်ထုတ်ပြန်ထားပြီး လူငယ်များ မကြာခဏ ပစ်ခတ်သတ်ဖြတ်ခံနေရသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ-၂၀၊၂၀၂၆၊ရှိန်း/People’s Spring စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား တစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်က မင်းဂန်ရွာနဲ့ စစ်ကိုင်းမြို့နယ်၊သာစည်နဲ့ ရွှေစည်းခုံရွာ​တွေကို စစ်တပ်ကဧပြီ ၁၉ရက် ည ၁၂နာရီ ကျော်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့...

အတွေးအမြင်

လွတ်လပ်ရေးရပြီး ၁၉၅၈ ခုနောက်ပိုင်းကနေ ကနေ့အချိန်ထိ စုစုပေါင်း ၆၈ နှစ်လောက်ရဲ့ မြန်မာ့ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် စစ်တပ်က အာဏာလက်လွှတ်ခဲ့တယ်ဆိုတာ မရှိသလောက်ကို ရှားပါးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာကို ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ အင်အား ၁၀၀ ခန့်ရှိကြောင်း တီးတိန်မြို့နယ်အခြေစိုက် PDF ဇိုလဲန်းတပ်ဖွဲ့ စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

သတင်း

နိုင်ငံတကာကိုသွားရောက်ချိန်တိုင်းမှာ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုတွေကို ဖော်ထုတ်ပြီး အာဏာရှင်စနစ်အဆုံးသတ်သည်အထိ ပါဝင်သွားမယ်လို့ တော်လှန်အနုပညာရှင် မေမြတ်နိုးက ကတိပေးလိုက်ပါတယ်။