Connect with us

Hi, what are you looking for?

သတင်း

ဗန်မော် – မိုးမောက်ကြားတွင် ယနေ့ တိုက်ပွဲဆက်ပြင်းထန်

စစ်ကောင်စီဘက်က မြေပြင်၊ဝေဟင် ထိုးစစ်အရှိန်မြှင့်လုပ်ဆောင်နေသော်လည်း မိုးမောက်မြို့နှင့် ခမရ(၄၃၇)တပ်ရင်းကို KIAက ထိန်းချုပ်ထားဆဲဖြစ်သည်ဟု ပြောသည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဗန်းမော် – မိုးမောက်မြို့နယ်ကြား (၇)မိုင် အောင်မြေကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်အကြား ယနေ့ (နိုဝင်ဘာ ၁၈ရက်)တွင် တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဗန်းမော်မြို့မှ စစ်ကောင်စီတပ်များက တင့်ကားများအသုံးပြုပြီး မိုးမောက်မြို့နယ်ဘက် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့တွင် နှစ်ဖက် လက်နက်ကြီးအပြန်အလှန် ပစ်ခတ်နေသည်ဟု သတင်းရင်းမြစ်က ပြောသည်။

“စကစက မိုးမောက်ကို ပြန်လိုချင်တာကတကြောင်း ဗန်းမော်မြို့မကျရှူံးစေရေးအတွက် KIA တပ်ဖွဲ့များရှိနေတဲ့ (၇) မိုင်အောင်မြေကျေးရွာကို ထိုးစစ်ဆင်နေတယ်လို့မြင်ပါတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ နိုဝင်ဘာ ၁၇ရက်ကလည်း တစ်နေကုန် နီးပါး တိုက်ပွဲအလွန်ပြင်းထန်ခဲ့သည်ဟု အခြား သတင်းရင်းမြစ်တစ်ဦးက အောင်မြေကျေးရွာ တိုက်ပွဲ အခြေအနေကို ပြောပြသည်။

စစ်ကောင်စီဘက်က မြေပြင်၊ဝေဟင် ထိုးစစ်အရှိန်မြှင့်လုပ်ဆောင်နေသော်လည်း မိုးမောက်မြို့နှင့် ခမရ(၄၃၇)တပ်ရင်းကို KIAက ထိန်းချုပ်ထားဆဲဖြစ်သည်ဟု ပြောသည်။

KIAသည် ဗန်းမော်မြို့ လုံခြုံရေးအတွက် အရေးပါသည့် ခမရ(၄၃၇)တပ်ရင်းကို ယခုနှစ် ဩဂုတ်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။