Connect with us

Hi, what are you looking for?

သတင်း

တောင်သာတွင် ပျူစောထီးများတိုက်ခိုက်ခံရပြီး ပျူခေါင်းဆောင်အပါအဝင် ၂ ဦးသေ

အမှတ် (၈၁၅)တပ်ဖွဲ့ PLA (အနောက်မြောက်စစ်ဒေသ)သည် နိုဝင်ဘာ ၁ ရက်ကလည်း တလိုင်းရပ် ပျူစောထီးအထိုင်စခန်းအား ဝင်​ရောက်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းပိုက်ရရှိခဲ့သည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းအချို့အား ရဲဘော်များနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ - PLA)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းအချို့အား ရဲဘော်များနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ - PLA)

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တလိုင်းရပ်(ရွာသစ်)ရှိ ပျူစောထီးများအား ပစ်ခတ်တိုက်ခိုက်ရာ ပျူခေါင်းဆောင်အပါအဝင် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းအချို့ရရှိခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(အနောက်မြောက်စစ်ဒေသ)၏ ပြောရေးဆိုခွင့်ရှိသူ ကိုမြင့်နိုင်က ပြောသည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းအချို့အား ရဲဘော်များနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ - PLA)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းအချို့အား ရဲဘော်များနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ – PLA)

ယနေ့(နိုဝင်ဘာ ၁၉ရက်) နံနက် ၉ နာရီခန့်က တောင်သာမြို့နယ်၊ တလိုင်းရပ်(ရွာသစ်)အနီးသို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ၊ အမှတ်(၈၁၅)တပ်ဖွဲ့ (အ​နောက်မြောက်စစ်ဒေသ)၏ ရဲဘော်များက ကင်းပုန်းဝပ်နေရာယူချိန် ကင်းပတ်လာသော ပျူစောထီးများအား တိုက်ခို​က်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(အနောက်မြောက်စစ်ဒေသ)၏ ပြောရေးဆိုခွင့်ရှိသူ ကိုမြင့်နိုင်က ပြောသည်။

တိုက်ပွဲမှာ ၁၀ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ပျူခေါင်းဆောင် ကျော်မင်းထူး အပါအဝင် ပျူစောထီး နှစ်ဦးသေဆုံးကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

“အဲဒီဘက်ကပျူတွေ ကြက်သွန်စိုက်မယ်ဆိုတဲ့သတင်းရလို့ ကင်းပုန်းဝပ်ပြီးစောင့်တာ။ ဆိုင်ကယ်၂စီးနဲ့ လူလေးယောက်က ရွာပြင်ထွက်တယ်။ အသွားတုန်းက မမီလိုက်ဘူး။ အပြန်ကျမှ အနီးကပ်ပစ်ခဲ့တာ။ အပြန်မှာ ဆိုင်ကယ်နှစ်စီးနဲ့ ၃ ယောက်ပဲ ပြန်လာတယ်။ တစ်ယောက်ကတော့လွတ်သွားတယ်။”ဟု ကိုမြင့်နိုင်က ရှင်းပြသည်။

ထို့အပြင် ပျူစောထီးများကိုင်ဆောင်လာသော 81 သေနတ် ၁လက်၊ ကာဘိုင် ၁လက်၊ ဆိုင်ကယ် ၁စီးနှင့် ကျည်များ သိမ်းပိုက်ရရှိခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (အနောက်မြောက်စစ်ဒေသ)က ထုတ်ပြန်သည်။

အမှတ် (၈၁၅)တပ်ဖွဲ့ PLA (အနောက်မြောက်စစ်ဒေသ)သည် နိုဝင်ဘာ ၁ ရက်ကလည်း တလိုင်းရပ် ပျူစောထီးအထိုင်စခန်းအား ဝင်​ရောက်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းပိုက်ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္ဆလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာအုပ်စုမှာ ချောင်းရေကြီးလို့ ကျေးရွာထဲ ရေဝင်ပြီး သီးနှံတွေ ရေမြုပ်ပျက်စီးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

Facebook