Connect with us

Hi, what are you looking for?

သတင်း

မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူဦးရေ မြန်မာက ဆီရီးယားကိုကျော်ပြီး ကမ္ဘာတွင်အများဆုံးဖြစ်လာ

ရခိုင်ပြည်နယ်မှတိုက်ပွဲများတွင်လည်းစစ်ကောင်စီက ၎င်းနှင့်ဆုတ်ခွာသည့်လမ်းကြောင်းတလျှောက် မိုင်းများထောင်ထားပြီး ဆုတ်ခွာသွားသည့်လမ်းများ၊ ၎င်းတို့စခန်းချရာ အနီးပတ်ဝန်းကျင်များ၌ စွန့်လွှတ်မိုင်းများစွာ ထောင်ထားသည်များကို တွေ့ရှိရသည်ဟုအာရက္ခတပ်တော် AAက ထုတ်ပြန်ခဲ့သည်။

(ကရင်နီပြည်နယ်မှ ​တောင်သူတဦးဖြစ်​သော ဦးလှဟန် ​မြေမြှပ်မိုင်း​ကြောင့် ​ခြေတဖက်ဆုံးရှုံးခဲ့သည်။ ​မြေမြှပ်မိုင်း​ကြောင့်​သေဆုံးထိခိုက်မှုအ​ခြေအ​နေပြ အင်ဖိုဂရပ်။ ဓါတ်ပုံ-AFP)
(ကရင်နီပြည်နယ်မှ ​တောင်သူတဦးဖြစ်​သော ဦးလှဟန် ​မြေမြှပ်မိုင်း​ကြောင့် ​ခြေတဖက်ဆုံးရှုံးခဲ့သည်။ ​မြေမြှပ်မိုင်း​ကြောင့်​သေဆုံးထိခိုက်မှုအ​ခြေအ​နေပြ အင်ဖိုဂရပ်။ ဓါတ်ပုံ-AFP)

အိမ်သွင်/People’s Spring

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၃ခုနှစ်အတွင်း မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၁၀၀၀ကျော်ရှိခဲ့ပြီး ကမ္ဘာ​ပေါ်တွင် ​မြေမြှပ်မိုင်း​ကြောင့်လူ​သေဆုံးထိခိုက်မှု အများဆုံးနိုင်ငံဖြစ်လာ​ကြောင်းမြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေး နိုင်ငံတကာစည်းရုံးလှုံ့ဆော်ရေးအဖွဲ့ (ICBL) က ယနေ့ (နိုဝင်ဘာ ၂၀ ရက်)တွင်ထုတ်ပြန်သည်။

(ကရင်နီပြည်နယ်မှ ​တောင်သူတဦးဖြစ်​သော ဦးလှဟန် ​မြေမြှပ်မိုင်း​ကြောင့် ​ခြေတဖက်ဆုံးရှုံးခဲ့သည်။ ​မြေမြှပ်မိုင်း​ကြောင့်​သေဆုံးထိခိုက်မှုအ​ခြေအ​နေပြ အင်ဖိုဂရပ်။ ဓါတ်ပုံ-AFP)
(ကရင်နီပြည်နယ်မှ ​တောင်သူတဦးဖြစ်​သော ဦးလှဟန် ​မြေမြှပ်မိုင်း​ကြောင့် ​ခြေတဖက်ဆုံးရှုံးခဲ့သည်။ ​မြေမြှပ်မိုင်း​ကြောင့်​သေဆုံးထိခိုက်မှုအ​ခြေအ​နေပြ အင်ဖိုဂရပ်။ ဓါတ်ပုံ-AFP)

ယခင်နှစ်များက ကမ္ဘာ​ပေါ်တွင် ​မြေမြှပ်မိုင်း​ကြောင့်လူ​သေဆုံးထိခိုက်မှုအများဆုံး ဖြစ်​သော ဆီရီးယားနိုင်ငံကို မြန်မာနိုင်ငံကကျော်လွန်ကာ စံချိန်တင်သွားခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် ဆီးရီးယားနိုင်ငံက ​မြေမြှပ်မိုင်းများ​ကြောင့် ​သေဆုံးထိခိုက်သူဦး​​ရေ ၉၃၃ ဦးရှိပြီး မြန်မာနိုင်ငံက ၁၀၀၃ ဦးရှိကာ ၇၀ ဦးပိုများခဲ့သည်။ ​အမှန်တကယ်တွင် ​မြေမြှုပ်မိုင်း​ကြောင့် ​သေဆုံးထိခိုက်သူအ​ရေအတွက်မှာ ၁၀၀၃ ဦးထက်ပင် ၂ ဆ ၊ ၃ ဆ ပင်ပိုများနိုင်​ကြောင်းလည်းICBL က​ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ မြေမြုပ်မိုင်းကြောင့် ထိခိုက် သေဆုံးခဲ့ရသူဦးရေ ၁၀၀၃ ဦးရှိခဲ့သည်ဟု မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေး နိုင်ငံတကာစည်းရုံးလှုံ့ဆော်ရေးအဖွဲ့ (ICBL) က နိုဝင်ဘာလ ၂၀ရက် ထုတ်ပြန်သည်။ကမ္ဘာတဝန်း မြေမြုပ်မိုင်းအန္တရာယ်အခြေအနေကို ဖော်ပြထားသည့် မြေမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်ရေး ၂၀၂၄ အစီရင်ခံစာကို ထုတ်ပြန်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းကြောင့် နှစ်စဉ် ထိခိုက်သေဆုံးရမှုအရေအတွက်သည် ပထမဆုံးအကြိမ်အဖြစ် အမြင့်ဆုံး အရေအတွက် ဖြစ်ခဲ့ပြီး ကာလရှည် ပြည်တွင်းစစ်ဖြစ်ပွားနေသည့် အာရပ်နိုင်ငံဆီရီးယားထက် အခြေအနေဆိုးလာခြင်းဖြစ်သည်။

စစ်ကောင်စီတပ်များသည် ၎င်းတို့စီးနင်းတိုက်ခိုက်ခဲ့သည့် ကျေးရွာများတွင် မြေမြုပ်မိုင်းအများအပြားထောင်ထားလေ့ရှိပြီး အဆိုပါလုပ်ရပ်ကြောင့် အရပ်သားများထိခိုက်သေဆုံးမှုမကြာခဏကြုံတွေ့နေရသည်ဟု စစ်ကိုင်းတိုင်း၊မကွေးတိုင်းတို့မှ တော်လှန်ရေးအင်အားစုများကပြောသည်။

“အဓိက တရားခံက စစ်ကောင်စီပဲ။မိုင်းတွေကိုဖော်ဖော်သီသီသုံးပြီး အပြီးစွန့်ပစ်ခဲ့တာ။ အရပ်သားတွေထိမှာစိုးလို့ လိုက်ရှင်းရတာ အကြိမ်ကြိမ်ပဲ”ဟု စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှ PDF တဦးကပြောသည်။

ရခိုင်ပြည်နယ်မှတိုက်ပွဲများတွင်လည်းစစ်ကောင်စီက ၎င်းနှင့်ဆုတ်ခွာသည့်လမ်းကြောင်းတလျှောက် မိုင်းများထောင်ထားပြီး ဆုတ်ခွာသွားသည့်လမ်းများ၊ ၎င်းတို့စခန်းချရာ အနီးပတ်ဝန်းကျင်များ၌ စွန့်လွှတ်မိုင်းများစွာ ထောင်ထားသည်များကို တွေ့ရှိရသည်ဟုအာရက္ခတပ်တော် AAက ထုတ်ပြန်ခဲ့သည်။

AAသိမ်းပိုက်ထားပြီးဖြစ်သော မြို့များရှိ စစ်ကောင်စီတပ်စခန်းများ၊ ဗျူဟာဌာနချုပ်၊ စကခဌာနချုပ်၊ ၎င်းတပ်စခန်းအနီးအနားပတ်ဝန်းကျင်လူသွားလမ်း၊ စာသင်ကျောင်း၊ စားကျက်မြေများတွင်လည်း စစ်ကောင်စီက စွန့်လွှတ်မိုင်းများထောင်ထားခဲ့ပြီးအရပ်သားပြည်သူများ မိုင်းနင်းမိခြင်းကြောင့် နေ့တိုင်းလိုလို အသက်သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခြင်းများကို ကြုံတွေ့နေရဆဲဖြစ်သည်ဟုထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့် မိုင်းနှင့်ပတ်သက်သော ဗဟုသုတ၊ အသိပညာများကို သိရှိအောင် ပြုလုပ်ထားခြင်း၊ စစ်ကောင်စီ၏ တပ်စခန်းများ၊ တပ်စခန်းပတ်ဝန်းကျင်များ၊ စစ်ကောင်စီ (ယာယီ)စခန်းချခဲ့ရာ နေရာများတွင် မိုင်းအန္တရာယ် သတိမမူဘဲ သွားလာခြင်း၊ သားကောင်ရှာဖွေခြင်း၊ ကျွဲ၊ နွားများ အစာကျွေးရန် စေလွှတ်ထားခြင်းများကို လတ်တလောအခြေအနေများတွင် မပြုလုပ်ကြဘဲ မိုင်းသတိဖြင့် သွားလာနေထိုင်ကြရန် AAက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။