အိမ်သွင်/People’s Spring
ကချင်ပြည်နယ်၊ ဟိုပင်မြို့တွင် နိုဝင်ဘာလ ၂၀ရက်ညက မိုးရွာပြီး လေပြင်းတိုက်ခတ်ခဲ့၍ နေအိမ်အချို့ပျက်စီးပြီး ဓာတ်တိုင်နှင့်သစ်ပင်များလဲပြိုခဲ့သည်။
ဟိုပင်မြို့တွင် နိုဝင်ဘာလ ၂၀ ရက်နေ့ ည၁၀နာရီခန့်မှစ၍ မိုးအနည်းငယ်ရွာသွန်းပြီး ရုတ်တရက်လေပြင်းတိုက်ခတ်ခြင်းဟု ဒေသခံများကပြောသည်။
လေပြင်းတိုက်ခိုက်မှုကြောင့် ဟိုပင်မြို့နယ် တကွင်းကျေးရွာတွင် နေအိမ်အချို့ပျက်စီးခဲ့ပြီး ဓာတ်တိုင်နှင့်သစ်ပင်များလည်းလဲပြိုခဲ့ကြောင်း ဒေသခံများကပြောသည်။
နိုဝင်ဘာ ၂၀ ရက်နေ့ ညနေက ရန်ကုန်မြို့နေရာအချို့၌လည်း မိုးရွာသုံးမှုများရှိခဲ့သည်။နိုဝင်ဘာလ ၁၈ရက်မှ နိုဝင်ဘာလ ၂၄ရက်အတွင်းဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်ဘက်၌ မုန်တိုင်းရှိနေပြီး မြန်မာနိုင်ငံဘက်တွင် အချိန်အခါမဟုတ်မိုးနှင့် လေပြင်းသတိပြုရန်အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိပေးထားသည်။
အရှေ့လေပွေလှိုင်းနှင့်မုန်တိုင်းငယ်များ၏ အရှိန်ကြောင့် စိုက်ခင်းသီးနှံများအတွက်အဖျက်မိုးရွာနိုင်သည့်အခြေနေကိုနိုဝင်ဘာ၊ဒီဇင်ဘာလအထိ သတိပြုရန် MOHADMက သတိပေးထားသည်။