Connect with us

Hi, what are you looking for?

သတင်း

တောင်ပိုင်းစစ်ဒေသ၌ တစ်ပတ်အတွင်း စစ်ကောင်စီတပ်အား အကြိမ် ၂၀နီးပါး တိုက်ခိုက်ခဲ့ဟု အသိပေး

နိုဝင်ဘာ ၁၆ရက်မှ ၂၂ ရက်အတွင်း တောင်ပိုင်းစစ်ဒေသ၌ စစ်ကောင်စီတပ်များအား တိုက်ခိုက်ခဲ့မှု များကို အကြမ်းဖျင်း အသိပေးခဲ့ခြင်းဖြစ်သည်။

(ဖာပွန်မြို့နယ် မထောရွာရှိ စစ်ကောင်စီစခန်း တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသ)
(ဖာပွန်မြို့နယ် မထောရွာရှိ စစ်ကောင်စီစခန်း တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသ)

ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းစစ်ဒေသ၌ တပတ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းများနှင့် အထိုင်စခန်းနေရာများအား အကြိမ် ၂၀နီးပါး တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိကြောင်း တောင်ပိုင်းစစ်ဒေသက အသိပေးထုတ်ပြန်သည်။

နိုဝင်ဘာ ၁၆ရက်မှ ၂၂ ရက်အတွင်း တောင်ပိုင်းစစ်ဒေသ၌ စစ်ကောင်စီတပ်များအား တိုက်ခိုက်ခဲ့မှု များကို အကြမ်းဖျင်း အသိပေးခဲ့ခြင်းဖြစ်သည်။

စစ်ဆင်ရေးများအနက် ကရင်ပြည်နယ် ဖာပွန်မြို့နယ် မထောရွာရှိ စစ်ကောင်စီစခန်း တိုက်ခိုက်မှုကိုလည်း ဖော်ပြသည်။ နိုဝင်ဘာ ၁၆ ရက်တွင် စစ်ဒေသခွဲ (၂)နယ်မြေ ဖာပွန်မြို့အထွက် မထောကျေးရွာအနီးတပ်စွဲထားသော စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၁၇ ရက်တွင် စစ်ကောင်စီတပ်အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်မှု ၈ကြိမ်ပြုလုပ်ခဲ့ကြောင်း အသိပေးထားပြီး စစ်ကောင်စီတပ်မှ ၄ဦး သေဆုံးခဲ့သည်ဟု ဖော်ပြသည်။ ဖြစ်စဉ် အသေးစိတ်ကို ထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။

ထို့ပြင် နိုဝင်ဘာ ၁၉ရက်မှ ၂၂ရက်အတွင်း စစ်ကောင်စီတပ်အား တိုက်ခိုက်မှု ၁၀ကြိမ်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုအရေအတွက်ကိုမူ အတည်ပြုနေဆဲဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ၊ လေယာဉ်ပစ်ကူများဖြင့် အကြိမ်ရေများစွာ တိုက်ခိုက်မှုကြောင့် ပူးပေါင်းတပ်ဘက်မှ ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်ဟု ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ကလည်း မထောစစ်ကောင်စီစခန်းကို နိုဝင်ဘာ ၂၂ရက်နံနက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းထုတ်ပြန်ထားပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း အသိပေးသည်။

တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ကရင်၊ မွန်၊ ပဲခူး၊ တနင်္သာရီ ဒေသများ ပါဝင်ပြီး အဆိုပါ နယ်မြေများ၌ PDFများနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အပါအဝင် တော်လှန်ရေး အင်အားစုများပူးပေါင်းပြီး စစ်ကောင်စီတပ်အား တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။