Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူတစ်ဦး သတ်ဖြတ်

စစ်ကောင်စီတပ်သားအများစု ပြန်လည်ဆုတ်ခွာသွားပြီဖြစ်သော်လည်း နောက်ချန်အင်အားအချို့မှာ ဇရပ်ဆိပ်ရွာဘုန်းကြီးကျောင်း၌ ဆက်လက်တပ်စွဲထားသည်။

(သတ်ဖြတ်ခံရသည့် ဒေသခံအမျိုးသားတစ်ဦး၏ရုပ်အလောင်းအား တော်လှန်ရေးရဲဘော်များက သဂြိုလ်မည့်နေရာသို့ ပြောင်းရွှေ့သယ်ဆောင်လာစဥ်။ ဓာတ်ပုံ-PPDF)
(သတ်ဖြတ်ခံရသည့် ဒေသခံအမျိုးသားတစ်ဦး၏ရုပ်အလောင်းအား တော်လှန်ရေးရဲဘော်များက သဂြိုလ်မည့်နေရာသို့ ပြောင်းရွှေ့သယ်ဆောင်လာစဥ်။ ဓာတ်ပုံ-PPDF)

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်စဥ် စစ်ကောင်စီတပ်က ပြည်သူတစ်ဦးကို လက်ပြန်ကြိုးတုပ်ကာ သတ်ဖြတ်သွားကြောင်း ဒေသခံပြည်သူများနှင့် တော်လှန် ရေးတပ်ဖွဲ့များထံမှ စုံစမ်းသိရသည်။

စစ်ကောင်စီတပ်စစ်ကြောင်း ထိုးဝင်ရောက်ခဲ့သော ကျေးရွာများအနက် ဇရပ်ဆိပ်ကျေးရွာအနီး၌ ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)ရဲဘော်များက နိုဝင်ဘာ ၂၃ ရက်တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဥ် သတ်ဖြတ်မြေမြှပ်ခံထားရသည့် ရုပ်အလောင်းအား တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“အလောင်းက သေချာမမြှုပ်ခဲ့တော့ အနံ့ ထွက်တယ်။ တူးကြည့်ရာကနေ တွေ့တာခင်ဗျ။ မျက်နှာက အတော်ပျက်စီးနေလို့ ဘယ်သူ ဘယ်ဝါဆိုတာ လက်ရှိအထိ မသိရဘူး။ အ လောင်းကိုတော့ သင်္ဂြုလ်လိုက်ပါပြီ”ဟု ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

လူထုနွေဦးမှ လက်ခံရရှိထားသော ရုပ်သံမှတ် တမ်းအရ စစ်ကောင်စီတပ်သားများသည် ၎င်းတို့သတ်ဖြတ်ခဲ့သည့် အမျိုးသားအား လက်ပြန်ကြိုးတုပ်၍ မှောက်လျှက်အနေအ ထားဖြင့် မြေကျင်းတခု၌ မြှပ်နှံထားသည်ကို တွေ့ရသည်။

ထို့အပြင် သေဆုံးနေသည့်အမျိုးသား၏ ခန္ဓာ ကိုယ်၌ဝတ်ဆင်ထားသော အဝတ်အစားများမှာ ညစ်ထေးစုပ်ပြဲနေသည့်အပြင် မျက်နှာမှာလည်း ပုတ်သိုးပျက်စီးနေခြင်းကြောင့် အသတ်ခံရသူ မည်သူမည်ဝါဖြစ်သည်ဆိုခြင်းကို အတိအကျ မသိရသေးပေ။

“ဇရပ်ဆိပ်ရွာသားပဲ ဖြစ်ဖို့များတယ်ခင်ဗျ”ဟု ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)မှ တာဝန်ရှိသူတစ်ဦးက ထင်မြင်ချက်ပေးသည်။

အလားတူ ဒေသခံပြည်သူတစ်ဦး၏အပြောအရ ဝတ်ဆင်ထားသည့် အဝတ်အစားပုံစံနှင့် လူပျောက်စာရင်းများ တိုက်ဆိုင်စစ်ဆေးမှုအရ ဒေသခံရွာသားတစ်ဦးဖြစ်နိုင်သည်ဟု ၎င်းက ထင်မြင်ချက်ပေးသော်လည်း အမည်အား ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

စစ်ကောင်စီတပ်များသည် ဒေသခံတစ်ဦးအားသတ်ဖြတ်မှုလုပ်ဆောင်ခဲ့သည့် ဇရပ်ဆိပ် ကျေးရွာဘက်သို့ ပြီးခဲ့သည့် အောက်တိုဘာကတည်းက ရောက်ရှိလာခြင်းဖြစ်ပြီး ယခုနိုဝင်ဘာ ၁၁ ရက်တွင် ပြန်ဆုတ်သွားခြင်း ဖြစ်သည်။

ထိုစဥ်က ဇရပ်ဆိပ်ရွာမှ ပြည်သူ ၁၀ဦးခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးမှုများရှိခဲ့ရာ ပြည်သူအချို့ပြန်လည်လွတ်မြောက်ခဲ့သော်လည်း ပျောက်ဆုံးသူအချို့လည်းရှိခဲ့သည်ဟု ဒေသခံများက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သားအများစု ပြန်လည်ဆုတ်ခွာသွားပြီဖြစ်သော်လည်း နောက်ချန်အင်အားအချို့မှာ ဇရပ်ဆိပ်ရွာဘုန်းကြီးကျောင်း၌ ဆက်လက်တပ်စွဲထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

Facebook