Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်တွင် အအေးမိဖျားနာပြီး တစ်လအတွင်း ကလေးငယ်တစ်ဦးအပါအဝင် စစ်ရှောင်ပြည်သူ ၆ဦး သေဆုံး

စစ်ဘေးရှောင်ပြည်သူ ၄၀၀ခန့်ရှိနေပြီး ဆေးဝါး၊အနွေးထည်၊စောင်များ၊ စားနပ်ရိက္ခါများ အရေးပေါ် လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

(အအေးဒဏ်ကြောင့် ဖျားနာနေသော စစ်ရှောင် အဘွားအိုအား တွေ့ရစဥ်။ဓာတ်ပုံ - အားမာန်သစ်)
(အအေးဒဏ်ကြောင့် ဖျားနာနေသော စစ်ရှောင် အဘွားအိုအား တွေ့ရစဥ်။ဓာတ်ပုံ - အားမာန်သစ်)

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် ရာသီဥတုအအေးဒဏ်ကြောင့် အအေးမိဖျားနာပြီး တစ်လအတွင်း ကလေးငယ်တစ်ဦးအပါအဝင် စစ်ဘေးရှောင် ပြည်သူ ၆ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ငါန်းဇွန်မြို့နယ်တွင် ယခုနိုဝင်ဘာအတွင်း မိုးတောင်ရွာမှ အသက်(၅၀)ကျော် အဘွားအိုတစ် ဦး၊ အသက်(၇၀)ကျော်အဘွားအိုတစ်ဦးနှင့် အသက်(၃၅)နှစ်အရွယ် အမျိုးသားတစ်ဦး၊ ငါန်းမြာရွာမှ တစ်နှစ်ခွဲအရွယ် ကလေးငယ်အပါအဝင် စစ်ရှောင်သားအဖနှစ်ဦး စုစုပေါင်း ၅ဦးသည် စစ်ရှောင်ရင်း အအေးမိဖျားနာကာ သေဆုံးသွားခဲ့ကြောင်း ​အားမာန်သစ်ပြည်သူ့တော်လှန်ရေးအဖွဲ့မှ ကိုဇော်ဖြိုးက ပြောသည်။

ထို့အပြင် ယမန်နေ့ (နိုဝင်ဘာ ၂၅ ရက်)ညနေ ၅ နာရီခွဲခန့်ကလည်း ငါန်းဇွန်မြို့နယ်၊ ငါန်းမြာရွာမှ အသက်(၉ဝ)အရွယ် စစ်ဘေးရှောင် ဦးသန်းအောင်ဆိုသူသည် အအေးမိဖျားနာပြီး ထပ်မံဆုံးပါးသွားခဲ့ကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

“စစ်ရှောင်တွေက မြစ်ဘေးမှာနေရတာပဲ။ နောက်ပြီးမနက်ပိုင်းနှင်းကျတာနဲ့ ငယ်ရွယ်တဲ့သူတွေတောင်မှ သိပ်ဒဏ်မခံနိုင်ဘူး။”ဟု အားမာန်သစ်ပြည်သူ့တော်လှန်ရေးအဖွဲ့မှ ကိုဇော်ဖြိုးက ပြောသည်။

ထို့အပြင် အအေးမိ၍ ဖျားနာနေသော စစ်ရှောင်ပြည်သူအများအပြားလည်း ရှိနေကြောင်း သိရသည်။

စစ်ဘေးရှောင်ပြည်သူ ၄၀၀ခန့်ရှိနေပြီး ဆေးဝါး၊အနွေးထည်၊စောင်များ၊ စားနပ်ရိက္ခါများ အရေးပေါ် လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

အညာဒေသတွင် နိုဝင်ဘာလလယ်ပိုင်းမှစတင်ကာ အအေးဒဏ်ပိုမိုရင်ဆိုင်လာရပြီး မန္တလေးတိုင်း မြင်းခြံ၊ ငါန်းဇွန်၊ မတ္တရာမြို့နယ် များရှိ စစ်ရှောင်များအပြင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ စစ်ရှောင်ပြည်သူများမှာလည်း အနွေးထည်၊ စောင်နှင့်အမိုးအကာများ ပိုမိုလိုအပ်နေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။