Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံက ကျေးရွာ သုံးရွာကို စစ်ကောင်စီတပ် မီးရှို့

မြင်းခြံက ကျေးရွာတွေကို ဝင်ရောက်စီးနင်းရာမှာ စစ်တပ်လက်ဝေခံ ဒေါ် သီတာယုမွန်ဦးဆောင်တဲ့ပျုစောထီး တပ်လည်းပါတယ်လို့ သိရပါတယ်။

မြင်းခြံက ကျေးရွာ သုံးရွာကို စစ်ကောင်စီတပ် မီးရှို့
မြင်းခြံက ကျေးရွာ သုံးရွာကို စစ်ကောင်စီတပ် မီးရှို့

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲမှာ ရက်ပိုင်းကြာ တိုက်ပွဲဖြစ်ပြီးနောက် ကျေးရွာ သုံးရွာ ကို စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးပြီး မီးရှို့ ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ မြင်းခြံ ကျားနက် အဖွဲ့ Myingyan Black Tiger (MBT)ထံကသိရပါတယ်။

နိုဝင်ဘာလ ၁၁ရက်နေ ၂၀ရက်အထိ ၁၀ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှု အကြိမ်၅၀ထက်မနည်းပြုလုပ်ခဲ့တဲ့အတွက် စခန်းနှစ်ခုကို ဆုတ်ခွာပေးလိုက်ရတာလို့ ဆိုပါတယ်။

” အဓိကက လေကြောင်းရယ်၊ လက်နက်ကျည်မရှိတော့လို့ စခန်းဆုတ်ခွာပေးလိုက်ရတယ်” လို့ မြင်းခြံကျားနက်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်နဲ့ လက်ဝေခံ ပျုစောထီးတွေဟာ တိုက်ပွဲဖြစ်ပြီးနောက် မြင်းခြံမြို့နယ်ထဲက ချေဆေးရွာ ၊ ကွမ်းစိုက်ရွာ ၊ ကူရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။

ချေဆေးရွာက အိမ်ခြေ ၄၀၀ ၊ ကွမ်းစိုက်ရွာက အိမ်ခြေ ၁,၀၀၀ ခန့် နဲ့ ကူရွာက အိမ်ခြေ ၅၀၀ ခန့် တို့ မီးရှို့ခံရတယ်လို့သိရတယ်ပေမယ့် အရေအတွက် အတိအကျကို သီးခြားအတည်မပြုနိုင်သေးပါဘူး။

လေကြောင်းပစ်ခတ်မှုတွေ​နဲ့ စစ်ကြောင်းထိုးဝင်ရောက်ပစ်ခတ်မှုတွေကြောင့် ပြည်သူ ၄ဦးသေဆုံးရာမှာ ကွမ်းစိုက်ရွာက အမျိုးသား၁ဦး၊ ကူရွာက အမျိုးသမီး ၂ဦးနဲ့အမျိုးသား၁ဦးတို့ ဖြစ်တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကပြောပါတယ်။

မြင်းခြံက ကျေးရွာတွေကို ဝင်ရောက်စီးနင်းရာမှာ စစ်တပ်လက်ဝေခံ ဒေါ် သီတာယုမွန်ဦးဆောင်တဲ့ပျုစောထီး တပ်လည်းပါတယ်လို့ သိရပါတယ်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာလည်းဒေါ်သီတာယုမွန်ရဲ့ ပျုစောထီးတပ် မြင်းခြံက ရွာတွေကို စီးနင်းတဲ့ ဓာတ်ပုံတွေကို ဖော်ပြလာတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ကို ရဲကွန်မန်ဒိုဆိုပြီး စစ်ကြောင်းထိုးလာတဲ့စစ်တပ်လက်​အောက်ခံလက်နက်ကိုင်အဖွဲ့​တွေဟာ ပြည်သူ​တွေရဲ့နေအိမ်တွေက အင်္ကျီ၊လုံချည်၊ထဘီ တွေကိုပါခိုးယူနေတာမို့ စစ်ဘေးရှောင်ပြည်သူတွေအခက်အခဲဖြစ် နေတယ်လို့ ​ဒေသခံပြည်သူ​တွေ နဲ့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၂၃ ရက်နေ့က မြင်းခြံမြို့ထဲက အဓိကလမ်းမကြီးပေါ်မှာ ဆိုင်ကယ်တွေ၊ ကားတွေနဲ့အတူ လူတွေ လှိုင်းလုံးထ စည်ကားနေတယ်။ ယာဥ်တွေရဲ့ရှေ့ဆုံးပေါ်မှာတော့ ဖျော်ဖြေရေးယာဥ်တွေ။ တီးဝိုင်းတွေ၊ အဆိုတော်တွေနဲ့ လှည့်လည်နေတယ်။ ကိုဗစ်ကတည်းက ရပ်နားလိုက်တဲ့ မြင်းခြံမြို့ရဲ့အထင်ကရ သုံးဆူဘုရားပွဲကို ဒီနှစ်မှာ ပြန်လည် ကျင်းပနေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook