Connect with us

Hi, what are you looking for?

သတင်း

ရခိုင်သို့ ပြောင်းရွှေ့မိန့်ကျပြီးနောက်တပ်ရေးဗိုလ်ကြီးနှင့်ရဲနှစ်ဦးထွက်ပြေး

ရှေ့တန်းမှထွက်ပြေးသူများလည်းရှိနေပြီး မကြာသေးမီကလည်း အမ်း-ပဒါမ်းလမ်းပိုင်းမှတဆင့် ထွက်ပြေးသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးကို ကာကွယ်ရေးတပ်ဖွဲ့များက ဖမ်းမိခဲ့သည်။

(အမ်းမြို့ရှိ အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် စစ်တပ် တပ်ရင်းများ၊ဌာနချုပ်များကို ထိုးစစ်ဆင် သိမ်းပိုက်​နေ​သော AA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-AA Info Desk)
(အမ်းမြို့ရှိ အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် စစ်တပ် တပ်ရင်းများ၊ဌာနချုပ်များကို ထိုးစစ်ဆင် သိမ်းပိုက်​နေ​သော AA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-AA Info Desk)

အိမ်သွင်/People’s Spring

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့၊ ခြေမြန်တပ်ရင်း ခမရ(၅၃၄)မှာ တပ်ရေးဗိုလ်ကြီးနှင့် မအူပင်မြို့ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့မိန့်ကျပြီးနောက် ထွက်ပြေးသွားကြောင်း စုံစမ်းသိရသည်။

၎င်းတို့သုံးဦးသည် နိုဝင်ဘာလ တတိယလပတ်အတွင်း စခန်းစွန့်ခွာထွက်ပြေးသွားခြင်းဖြစ်ပြီး စစ်ကောင်စီက လိုက်လံရှာဖွေနေသည်ဟု ဧရာဝတီတိုင်းမှ သတင်းရင်းမြစ်တစ်ဦးကပြောသည်။

” ဧရာဝတီက စစ်တပ်နဲ့ ရဲကကောင်တွေ ရခိုင်ကိုသွားရမှာ သေမလောက်ကြောက်တာ။ အခုလည်း အပြောင်းကျတာနဲ့ ပြေးတာ။ မအူပင်က ရဲတစ်ယောက်ဆိုရင် ရန်ဖြစ်ပြီး ထိုးကြိတ်ထွက်ပြေးတာ” ဟု မော်လမြိုင်ကျွန်းမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဧရာဝတီတိုင်းနှင့်နယ်စပ်ဖြစ်သော ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော်(AA)က မြို့သိမ်းတိုက်ပွဲများဆင်နွှဲနေပြီး မြို့ ၁၂မြို့ကိုထိန်းချုပ်ထားသည်။ အမ်း၊ မောင်တော၊‌တောင်ကုတ်အပြင် ဧရာဝတီတိုင်းနှင့်တိုက်ရိုက်ဆက်စပ်နေသော ဂွမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်နေသည်။ လက်ကျန်မြို့လေးမြို့မှ ဌာနဆိုင်ရာ အရာရှိများနှင့်ဝန်ထမ်းများလည်း ထွက်ပြေးနေသည်။

ရခိုင်စစ်မြေပြင်ကို စစ်ကောင်စီက ဧရာဝတီတိုင်းမှတဆင့် အင်အားပို့နေသည်။ ရှေ့တန်းမှထွက်ပြေးသူများလည်းရှိနေပြီး မကြာသေးမီကလည်း အမ်း-ပဒါမ်းလမ်းပိုင်းမှတဆင့် ထွက်ပြေးသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးကို ကာကွယ်ရေးတပ်ဖွဲ့များက ဖမ်းမိခဲ့သည်။

၂၀၂၃ ခုနှစ်က ရခိုင်ပြည်နယ်၊ မအီမြို့နှင့်ရမ်းဗြဲမြို့သိမ်းတိုက်ပွဲတွင် ရှေ့တန်းသို့ပို့ဆောင်ခံခဲ့ရသည့် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှ ခလရ(၃၆) တပ်ရင်းတစ်ရင်းလုံး တိုက်ခိုက်ခြေမှုန်းခံရပြီး AAက စစ်သုံ့ပန်းအများအပြား ဖမ်းမိခဲ့သည်။ ဖမ်းမိခဲ့သူများအနက် ခလရ(၃၆)မှ ဆေးအရာခံဗိုလ်မျိုးခန့်ကရခိုင်စစ်မြေပြင်တွင် စစ်ကောင်စီက အများပြည်သူအသုံးပြုနေသည့်တံတားများအား ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု AA ထံ ထုတ်ဖော်ဝန်ခံခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းစပါးစိုက်ပျိုးမှု​လျော့နည်းလာပြီးမိုးစပါးစိုက်ဧက ၁၂ သိန်းကျော်အနက်ယခုနှစ်ဧက ၅ သိန်း​ကျော်သာစိုက်ပျိုးနိုင်ဟုလယ်သမားအ​​ရေး​ဆောင်ရွက်သူ​တွေ​ပြော