Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမြို့နယ်တွင် ခမရ-၃၃၆ ကလက်နက်ကြီးဖြင့်ပစ်ခတ်၍ လသားအရွယ်ကလေးငယ်အပါအဝင် ပြည်သူခြောက်ဦး သေဆုံး

နိုဝင်ဘာအတွင်း စစ်ကောင်စီတပ် လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖယ်ခုံဒေသခံ ပြည်သူ ၁၀ ဦးထက်မနည်းရှိကြောင်း ဖယ်ခုံ တပ်ရင်း-၂က ဆိုသည်။

(စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုအပြီး ကုန်းပေါရွာ၏ မြေပြင်အခြေအနေကို တွေ့ရစဥ်။ ဓာတ်ပုံ - ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂)
(စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုအပြီး ကုန်းပေါရွာ၏ မြေပြင်အခြေအနေကို တွေ့ရစဥ်။ ဓာတ်ပုံ - ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂)

ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ၏ခြေမြန်တပ်ရင်း(ခမရ-၃၃၆)ကပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်၍ လသားအရွယ်ကလေးငယ်အပါအဝင် ပြည်သူခြောက်ဦးသေဆုံးခဲ့ကြောင်း ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂က ယနေ့(နိုဝင်ဘာ ၂၈ရက်) ထုတ်ပြန်သည်။

ဖယ်ခုံမြို့အခြေစိုက် ခမရ(၃၃၆)တပ်ရင်းသည် ယမန်နေ့(နိုဝင်ဘာ ၂၇ရက်)တွင် ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။ ယခု နိုဝင်ဘာအတွင်း စစ်ကောင်စီတပ် လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖယ်ခုံဒေသခံ ပြည်သူ ၁၀ ဦးထက်မနည်းရှိကြောင်း ဖယ်ခုံ တပ်ရင်း-၂က ဆိုသည်။

(စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုအပြီး ကုန်းပေါရွာ၏ မြေပြင်အခြေအနေကို တွေ့ရစဥ်။ ဓာတ်ပုံ - ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂)
(စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုအပြီး ကုန်းပေါရွာ၏ မြေပြင်အခြေအနေကို တွေ့ရစဥ်။ ဓာတ်ပုံ – ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂)

တိုက်ပွဲများဖြစ်ပွားခြင်းမရှိပဲ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများအား စစ်ရေးပစ်မှတ်မရှိ ဘဲ (၁၂၀)မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကုန်းပေါကျေးရွာတွင်းရှိ အမျိုးသား(၂)ဦး၊ အမျိုး သမီး (၃)ဦး၊ ၂နှစ်အရွယ် ကလေးငယ်တစ်ဦး နှင့် တစ်လသားအရွယ် ကလေးငယ် တစ်ဦး စုစုပေါင်း ခုနစ်ဦးမှာ နိုဝင်ဘာ ၂၇ ရက်က သေဆုံးခဲ့ရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဖယ်ခုံအင်းအရှေ့ခြမ်းရှိ ကျေးရွာများတွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီ၏ လေကြောင်း၊လက် နက်ကြီးစသည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုနှင့်အတူ အသက်သေဆုံးခဲ့ရသော ပြည်သူ ၁၀ဦးထက်မနည်းရှိခဲ့ကြောင်း အသိပေးသည်။

“အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို စစ်ရေးပစ်မှတ်လုပ်နေတာ ကို ပြင်းပြင်း ထန်ထန်ရှုတ်ချတယ်။စစ်ကောင်စီရဲ့ လူ့အခွင့်ရေးဆိုင်ရာချိုးဖောက်မှုတွေနိုင်ငံတကာအပါအဝင် ပြည်သူတွေ ဒီထက်မက ပို သိဖို့လိုနေပါတယ်”ဟု ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

(စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုအပြီး ကုန်းပေါရွာ၏ မြေပြင်အခြေအနေကို တွေ့ရစဥ်။ ဓာတ်ပုံ - ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂)
(စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုအပြီး ကုန်းပေါရွာ၏ မြေပြင်အခြေအနေကို တွေ့ရစဥ်။ ဓာတ်ပုံ – ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂)

စစ်ကောင်စီသည် စစ်ပွဲများနှင့်လွတ်ကင်းရာ ဒေသခံပြည်သူနှင့် စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာ နေရာများအား ယခုကဲ့သို့ ညာတာမှုကင်းမဲ့စွာဖြင့် လက်နက်ကြီးများ ပစ်ခတ်ကာ ၎င်းတို့၏ လုပ်နိုင်စွမ်းအပေါ် ပြည်သူအများ စိုးထိတ်ကြောက်ရွံ့စေရန် ခြိမ်းခြောက်မှုရည်ရွယ်ချက်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

“ကုန်းပေါကျေးရွာကို ဒီနေ့(နိုဝင်ဘာ ၂၈ ရက်) မနက်ပိုင်းက စစ်ကောင်စီရဲ့ လက်နက်ကြီးကျတယ်။အသက် ၆၀ အရွယ် အမျိုးသမီးဒဏ်ရာရတယ်”ဟု ဖယ်ခုံဒေသခံတစ်ဦးက ပြောသည်။

(စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုအပြီး ကုန်းပေါရွာ၏ မြေပြင်အခြေအနေကို တွေ့ရစဥ်။ ဓာတ်ပုံ - ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂)
(စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုအပြီး ကုန်းပေါရွာ၏ မြေပြင်အခြေအနေကို တွေ့ရစဥ်။ ဓာတ်ပုံ – ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂)

ရှမ်းပြည်နယ်နှင့်ကယားပြည်နယ် နယ်စပ်ဖြစ်သော ဖယ်ခုံနှင့် မိုးဗြဲမြို့အပါအဝင် ကရင်နီပြည်နယ်အတွင်း စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၄ အောက်တိုဘာလကုန်အထိ သတ်ဖြတ်ခံရသည့် ပြည်သူ ၅၂၁ဦးရှိပြီး စစ်ရှောင်စဥ်သေဆုံးခဲ့ရသူ ပြည်သူ ၁၆၃ ဦးရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစုက ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ၎င်းတို့အလေးသာနေသည့် လေကြောင်းတိုက်ခိုက်မှုများကို နိုင်ငံအနှံ့ အထူးသဖြင့် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည့် မြို့ များ၊ထိုးစစ်ဆင်နေသည့် နေရာများကို နေ့စဥ်နှင့်အမျှ ပြုလုပ်နေပြီး ဒေသခံပြည်သူသေဆုံးထိခိုက်မှုများစွာရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့်ဘုရားလမ်းထိပ်မှာ အသက် ၆၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးကားတိုက်ခံရပြီးသေဆုံးသွားတယ်လို့ ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းကအသိပေးထားပါတယ်။