Connect with us

Hi, what are you looking for?

သတင်း

မတ္တရာတွင် စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်၍ ကလေးနှစ်ဦး ဒဏ်ရာရ

(မတ္တရာမြို့နယ်တွင် အောက်တိုဘာအတွင်းက စစ်တပ်၏လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးခဲ့သောနေ အိမ်တစ်လုံးအား တွေ့ရစဥ်။ဓာတ်ပုံ - ရောင်နီနွေဦး)
(မတ္တရာမြို့နယ်တွင် အောက်တိုဘာအတွင်းက စစ်တပ်၏လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးခဲ့သောနေ အိမ်တစ်လုံးအား တွေ့ရစဥ်။ဓာတ်ပုံ - ရောင်နီနွေဦး)

အင်ကြင်း/People’s Spring

မန္တလေးတိုင်းအတွင်း တိုက်ပွဲပြင်းထန်နေသော မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ကလေးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(နိုဝင်ဘာ ၂၉ရက်) ညနေ ၄နာရီခန့်က စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မတ္တဦမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာများအား ၈၁ မမနှင့် ၁၂၀မမ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ စကျင်ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။

“ တစ်ယောက်က ခြေထောက်၊ တစ်ယောက်က နံဘေးခိုက်မိတာ။ သေတာတော့မရှိဘူး။” ဟု Wetlet Informational Network အဖွဲ့တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

လက်နက်ကြီးထိမှန်သည့် ကလေးနှစ်ဦး၏ အခြားအသေးစိတ်အချက်အလက်များအား မသိရသေးပေ။ မြန်မာနိုင်ငံတွင် ပြည်တွင်းဒုက္ခသည်ဖြစ်နေသူ ၃သန်းခွဲနီးပါးတွင် ၄၀ ရာခိုင်နှုန်းခန့်မှာ ကလေးငယ်နှင့် အမျိုးသမီးများဖြစ်ပြီး ၎င်းတို့အား အကာအကွယ်ပေးနိုင်ရန် နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေများ လိုက်နာရန် အရေးပေါ်လိုအပ်နေကြောင်း ကုလသမဂ္ဂ ကလေးသူငယ်စောင့်ရှောက်ရေး(UNICEF)အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ Ted Chaibanက နိုဝင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၂ ရက်ကလည်း မတ္တရာမြို့နယ်အနောက်ခြမ်း၊ စိန်ပန်းကုန်းရွာနှင့် တောပုကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ဦးသေဆုံးပြီး ကလေးတစ်ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့သေးသည်။

မတ္တရာမြို့နယ်အနောက်ခြမ်း၌ နိုဝင်ဘာတတိယပတ်အတွင်းက စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ် အထိနာခဲ့သည်။ နေရာထို့ကြောင့် စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ကူပေးပြီး စစ်ကြောင်းထိုးတိုက်ခိုက်မှုများကြောင့် မတ္တရာမြို့နယ်အနောက်ခြမ်း၌ နေရာယူတပ်စွဲထားသော တော်လှန်ရေးတပ်ဖွဲ့များမှာ ယာယီဆုတ်ခွာပေးခဲ့ရသည်။

မန္တလေးတိုင်း၊ မတ္တရာနှင့် သပိတ်ကျင်းမြို့နယ်တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ဖြစ်ပွားနေကြောင်း မန္တလေး PDFက နိုဝင်ဘာ ၂၇ရက်တွင် အသိပေးထားသည်။ စစ်ကောင်စီသည် လက်လွှတ်ဆုံးရှုံးခဲ့ရသည့် တပ်စခန်းများနှင့် နယ်မြေများကို ပြန်လည်ရရှိရန် ကြိုးပမ်းနေသော်လည်း အထက်ပါမြို့နယ်တို့ရှိ တပ်စခန်းများအား အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း မန္တလေး PDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး အမြောက်အသစ်တွေကို တောင်ကိုရီးယားနဲ့ နယ်စပ်တလျှောက်မှာ ဖြန့်ကျက်သွားဖို့ မြောက်ကိုရီးယားက စီစဉ်နေကြောင်း သိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းကျေးရွာတွေက စစ်ရှောင်တွေ အကူအညီလိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

သတင်း

ဧပြီ-၂၀၊၂၀၂၆၊ရှိန်း/People’s Spring စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား တစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်က မင်းဂန်ရွာနဲ့ စစ်ကိုင်းမြို့နယ်၊သာစည်နဲ့ ရွှေစည်းခုံရွာ​တွေကို စစ်တပ်ကဧပြီ ၁၉ရက် ည ၁၂နာရီ ကျော်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့...

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊အထူးလှုပ်ရှားတပ်မရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ မတ္တရာမျိုးမှန်တပ်ဖွဲ့ရဲ့ “ချေမှုန်းရေးမွမ်းမံသင်တန်း” သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတနေရာမှာ ဧပြီ ၁၃ ရက်ကပြုလုပ်ခဲ့ပါတယ်။