Connect with us

Hi, what are you looking for?

သတင်း

ဟားခါးအနီးရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို ချင်းပြည်ကောင်စီပူးပေါင်းတပ် တစ်ရက်တည်း သိမ်းပိုက်

ယမန်နေ့ စခန်းသိမ်း တိုက်ပွဲများအတွင်း ချင်းပြည်ကောင်စီ ပူးပေါင်းတပ်ဘက်မှ ကျဆုံးမှုမရှိဟု သတင်းရရှိကြောင်း သတင်းရင်းမြစ်က ပြောသည်။

(ဟားခါးမြို့အနီးရှိ စစ်ကောင်စီ၏ Ruavazung တပ်စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းမိသော စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများအားတွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(ဟားခါးမြို့အနီးရှိ စစ်ကောင်စီ၏ Ruavazung တပ်စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းမိသော စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများအားတွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

▪️စစ်ကောင်စီတပ် ၁၄ဦးထက်မနည်းသေဆုံး၊ ၁၉ဦး အရှင်မိ၊ လက်နက်မျိုးစုံ ၅၀ခန့် သိမ်းရဟုဆို

ဟန်နွေ/People’s Spring

ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့အနီးရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF) တပ်များ ပါဝင်သည့် ချင်းပြည်ကောင်စီပူးပေါင်းတပ်က နိုဝင်ဘာ ၃၀ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

စနေနေ့က ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များ သိမ်းပိုက်နိုင်ခဲ့သည့်စခန်းများမှာ အွန်ပူပွက်နာ့(Umpu Puaknak )စခန်း၊ နွန်ထလော့ဘို(Nawn Thlawk Bo)စခန်းနှင့် ရယ်ဗဇုန်(Ruavazung) စခန်းတို့ ဖြစ်သည်ဟု ဆိုသည်။(တပ်စခန်းအမည်ဘာသာပြန်မှုကွဲလွဲမှု ရှိနိုင်ပါသည်)

(ဟားခါးမြို့အနီးရှိ စစ်ကောင်စီ၏ Ruavazung တပ်စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းမိသော စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများအားတွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(ဟားခါးမြို့အနီးရှိ စစ်ကောင်စီ၏ Ruavazung တပ်စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းမိသော စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများအားတွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့)

ဟားခါးမြို့အနီးရှိ Ruavazung စခန်းကို နိုဝင်ဘာ ၃၀ရက် နံနက်စောတွင် ထိုးစစ်ဆင်ခဲ့ရာ နံနက် ၉နာရီခွဲတွင် စခန်းသိမ်းရခဲ့ပြီး စစ်ကောင်စီတပ်သား ၁၉ဦး အရှင်ဖမ်းမိသာ လက်နက်မျိုးစုံ ၃၅လက်ထက်မနည်း ရရှိခဲ့သည်။ ထို့ပြင် တပ်ရင်းမှူးအပါအဝင် အရာရှိ ၂ဦး ၊ ရဲမှူးတစ်ဦး အပါအဝင် စစ်ကောင်စီတပ်သား ၁၁ဦး သေဆုံးခဲ့ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်စခန်း ၂ခုကို ထပ်မံ သိမ်းရခဲ့သည်ဟုဆိုသည်။

“နောက်ဆက်ထိုးစစ်ဆင်တိုက်ခိုက်ပြီးမှ သီမြစ်လွင်ပြင် သီမြစ်ချောင်းတံတားအနားမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီစခန်းပေါ့ အွန်ပူပွက်နာ့(အသံထွက် ကွဲလွဲနိုင်)စခန်း။ အဲဒါကို ချင်းပြည်အစိုးရတပ်က ထပ်မံသိမ်းပိုက်ခဲ့ပါတယ်။အဲဒီ စခန်းသိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်သား ၃ဦး အလောင်းတွေ့ရှိခဲ့တယ်။ ပြီးရင် သေနတ် ၁၂လက် နဲ့ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရှိရပါတယ်”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

ထို့ကြောင့် အထက်ပါ စခန်း ၂ခုသိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ၁၄ဦးထက်မနည်း သေဆုံးကာ ၁၉ဦး အရှင်ဖမ်းမိပြီး လက်နက်မျိုးစုံ ၄၇လက်ထက်မနည်းနှင့် ခဲယမ်းများ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က သိမ်းရခဲ့သည်။

“အလားတူအဲဒီအနီးအနားမှာရှိတဲ့ နွန်ထလော့ဘို စစ်ကောင်စီရဲ့ စခန်းလည်း ထပ်မံသိမ်းပိုက်ခဲ့တယ်။ အဲဒီမှာ ခြေကုပ်ယူထားတဲ့ စကစတွေကဟားခါးဘက်ထွက်ပြေးတာပေါ့။ ပြောမယ်ဆိုရင်မနေ့က တရက်တည်းမှာပဲ စစ်ကောင်စီစခန်း သုံးခုလုံးကိုချင်းပြည်အစိုးရတပ်က သိမ်းပိုက်နိုင်တာဖြစ်ပါတယ်။” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ စခန်းသိမ်း တိုက်ပွဲများအတွင်း ချင်းပြည်ကောင်စီ ပူးပေါင်းတပ်ဘက်မှ ကျဆုံးမှုမရှိဟု သတင်းရရှိကြောင်း သတင်းရင်းမြစ်က ပြောသည်။

(ဟားခါးမြို့အနီးရှိ စစ်ကောင်စီ၏ Ruavazung တပ်စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းမိသော စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများအားတွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(ဟားခါးမြို့အနီးရှိ စစ်ကောင်စီ၏ Ruavazung တပ်စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းမိသော စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများအားတွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့)

“စခန်းသိမ်းတိုက်ပွဲမှာဆို အနည်းအများ ကျနော်တို့ဘက်လည်း ကျဆုံးဖူးတယ်။မနေ့မှာတော့ ဘာဖြစ်လို့လည်းမသိဘူး ကျနော်လည်း အံ့ဩတယ် ကျနော်တို့ဘက်က တစ်ယောက်မှ မကျဘူးလို့ သတင်းစကားရပါတယ်”ဟု ချင်းသတင်းရင်းမြစ်က ပြောပြသည်။

ချင်းပြည်ကောင်စီပူးပေါင်းတပ်သည် နိုဝင်ဘာ ၂၆ရက်ကလည်း ဟားခါး-ထန်တလန်ကြားရှိ ပွိုင့်(၃) စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်အချို့ သိမ်းရခဲ့သေးသည်။

စနေနေ့က စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သကဲ့သို့ ယနေ့(ဒီဇင်ဘာ ၁ရက်)တွင်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ဟားခါးမြို့ရှိ စစ်ကောင်စီတပ်ကို Y12လေယာဉ်ဖြင့် လက်နက်ခဲယမ်း၊ ရိက္ခာထုပ်များ လာရောက်ချပေးခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းရှိ စော်ဘွားရေရှင်ကျေးရွာအနီးကို စစ်ကောင်စီက ယနေ့ (ဇန်နဝါရီလ ၁၈ရက်) နံနက် ၇နာရီခန့်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ခမ်းပါတ်မြို့နှင့် အင်းတော်မြို့နယ်၊ မော်လူးမြို့တို့တွင် ယမန်နေ့ညပိုင်းက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ငါးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ဆ/ကရပ်ကွက်ကို စစ်ကောင်စီက ပိိုက်စိပ်တိုက်စစ်ဆေးရာ လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း အဆိုပါမြို့နယ်ဒေသခံအချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ယနေ့(ဇန်နဝါရီ ၁၇ရက်)သတင်းထုတ်ပြန်သည်။