Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းရှိ စစ်ကောင်စီခံစစ်တွင်းငယ်ရွာမှ တော်လှန်ရေးတပ်များ ဆုတ်ခွာပေးရ၊ ခုနစ်မိုင်နှင့် ကျောက်ကြီးတွင် တိုက်ပွဲပြင်းထန်နေ

ဧရာဝတီမြစ်ဘေးတွင်တည်ရှိသော သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက သြဂုတ် ၁၇ ရက်က စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(တွင်းငယ်ကျေးရွာ ဆိုင်းဘုတ်ရှေ့တွင် တွေ့ရသော PLA ရဲဘော်များ ဓာတ်ပုံ- PLA )
(တွင်းငယ်ကျေးရွာ ဆိုင်းဘုတ်ရှေ့တွင် တွေ့ရသော PLA ရဲဘော်များ ဓာတ်ပုံ- PLA )

ဒီးဒီ/People’s Spring

တော်လှန်ရေးတပ်များသိမ်းပိုက်ထားသော သပိတ်ကျင်းမြို့နှင့် (၂၆)ခန့်ကွာဝေးသော တွင်းငယ်ကျေးရွာမှ တော်လှန်ရေးတပ်များ ဆုတ်ခွားပေးရပြီး ခုနစ်မိုင်နှင့် ကျောက်ကြီးကျေးရွာတွင် တိုက်ပွဲပြင်းထန်နေ​ကြောင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)ပြောရေးဆိုခွင့်ရှိသူက People’s Springသို့ ပြောသည်။

သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်သားများသည် မြို့နှင့် (၂၆)ခန့်ကွာဝေးသော တွင်းငယ်ကျေးရွာရှိ အမှတ် (၁၃)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃)၌ စုဝေးပြီး ခံစစ်ပြင်ဆင်ခဲ့ကြသည်ဟု PLA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်က ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ရက်ကစပြီး ထိုးစစ်ဆင်လာ၍ တိုက်ပွဲရက်ရှည်ဖြစ်ပွားပြီးနောက် တွင်းငယ်ရွာမှ တော်လှန်ရေးတပ်များမှာ ယမန်နေ့( ဒီဇင်ဘာ ၄ရက်)တွင် ဆုတ်ခွာခဲ့ရသည်ဟု PLA က ပြောသည်။

Public Service Announcement

Public Service Announcement

တွင်းငယ်ကျေးရွာရှိ ရဲကင်းစခန်းအား မန္တလေးတိုင်း တာဝန်ခံရုံးကွပ်ကဲ၍ အမှတ် (၅၀၉)တပ်ရင်း၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF၊ ABSDF ကျောင်းသားတပ်နှင့် သပိတ်ကျင်းမြို့နယ် ပကဖတို့က ဇူလိုင်၂၇ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း အမှတ်(၁)စစ်ဒေသရုံးက ထုတ်ပြန်ထားသည်။

ထို့အပြင် တွင်းငယ်ကျေးရွာကို PLA က ဩဂုတ် ၁၇ ရက်တွင် သိမ်းပိုက်ခဲ့သည်ဟု အသိပေးထားသည်။ ထို့နောက် အဆိုပါကျေးရွာရှိ အမှတ် (၁၃)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းကို ပိတ်ဆို့ထားခဲ့သည်ဟု PLA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

” နိုဝင်ဘာ ၁၅မှာ စကစ စထိုးတယ်။ အင်းအာ ၂၀၀ကျော်နဲ့ ထိုးလာတယ်။ ဒရုန်း၊ လက်နက်ကြီး အလွန်သုံးလာတာ။ မနေ့က( ဒီဇင်ဘာ ၄ရက်)က ဆုတ်ခွာပေးရတယ်”ဟု PLA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ သို့သော် တော်လှန်ရေးတပ်များမှာ တွင်းငယ်ကျေးရွာ ဧရိယာအတွင်း၌ပင် ရှိနေသေးသည်ဟု ၎င်းက ဆက်ပြောသည်။

တွင်းငယ်ကျေးရွာသည် မန္တလေး − မြစ်ကြီးနားလမ်းပိုင်းပေါ်တွင် တည်ရှိပြီး အိမ်ခြေတစ်ထောင်ကျော်ရှိသည်။

ထို့အပြင် သပိတ်ကျင်းမြို့နှင့် (၇)မိုင်သာကွာဝေးသော ခုနစ်မိုင်ကျေးရွာတွင် တိုက်ပွဲပြင်းထန်နေသည်ဟု ဆိုသည်။

ခုနစ်မိုင်ကျေးရွာတွင် စစ်ကောင်စီ၏ လျှပ်စစ်အင်ဂျင်နီယာတပ်စခန်းရှိသည်။ အဆိုပါ နေရာ၌ တိုက်ပွဲပြင်းထန်နေခြင်းဟု PLA က ဆိုသည်။ ခုနစ်မိုင်ကျေးရွာတိုက်ပွဲကို မိုးကုတ်ဗျူဟာက ဦးဆောင်တိုက်ခိုက်နေသည်ဟု ဆိုသည်။

” ခုနစ်မိုင်မှာ တိုက်ပွဲက အတော်လေးပြင်းနေတယ်”ဟု PLA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ထို့အပြင် တွင်းငယ်ကျေးရွာနှင့် (၁၃)မိုင်သာကွာဝေးသော ကျောက်ကြီးကျေးရွာတွင်လည်း တိုက်ပွဲြဖစ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

” ကျောက်ကြီးမှာ ကျနော်တို့ တိုက်နေတာ”ဟု PLA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မန္တလေးမြို့နှင့် မိုင်(၈၀)ခန့်အကွာရှိ ရွှေလုပ်ကွက်များကြောင့် နာမည်ကြီးသည့် သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ၉ ရက်ကြာတိုက်ခိုက်ပြီးနောက် ပြီးခဲ့သည့် သြဂုတ် ၂၅ရက်တွင် အပြီးသတ် သိမ်းပိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက အသိပေးထားသည်

ဧရာဝတီမြစ်ဘေးတွင်တည်ရှိသော သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက သြဂုတ် ၁၇ ရက်က စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဒုတိယဗိုလ်မှူးကြီး စိုးမင်းသူကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း (၁)စစ်ဒေသက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook