Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ်ရှိ သပြေသာရွာကို စစ်အုပ်စုမီးရှို့၍ နေအိမ် ၂၀၀ခန့် ပြာကျ၊ ရုပ်အလောင်း လေးလောင်းတွေ့

စစ်ကောင်စီဘက်ကမူ မီးရှို့ခံထားရသည့်ရုပ်အလောင်းများအား PDF ရဲဘော် လေးဦးဟု ဝါဒဖြန့်ထားသော်လည်း ကာကွယ်ရေးအဖွဲ့ဝင်များမဟုတ်သလို နယ်မြေခံပြည်သူများလည်းမဟုတ်ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဆိုသည်။

(သပြေသာရွာရှိ စစ်အုပ်စုမီးရှို့သွားသော နေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ − ရွှေဘို ပကဖ)
(သပြေသာရွာရှိ စစ်အုပ်စုမီးရှို့သွားသော နေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ − ရွှေဘို ပကဖ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သပြေသာကျေးရွာအား စစ်အုပ်စု မီးရှို့ဖျက်ဆီးရာ နေအိမ် ၂၀၀ခန့် ပြာကျပြီး မီးလောင်ထားသော ရုပ်အလောင်း လေးလောင်း တွေ့ရှိကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။

ဒီဇင်ဘာ ၇ ရက်မှ ၉ ရက်အတွင်း ရွှေဘိုမြို့အနောက်ဘက်ရှိ ပျူစောထီးရွာများမှ ပျူစောထီးများနှင့် ရွှေဘိုမြို့ရှိ စစ်ကောင်စီတပ်သားများသည် စစ်ကြောင်းထိုးခဲ့ရာ သပြေသာကျေးရွာရှိ နေအိမ် ၂၀၀ခန့် မီးရှို့ခံရပြီး မီးရှို့ခံထားရသော ရုပ်အလောင်း လေးလောင်းလည်း တွေ့ရှိရကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။

စစ်ကောင်စီဘက်ကမူ မီးရှို့ခံထားရသည့်ရုပ်အလောင်းများအား PDF ရဲဘော် လေးဦးဟု ဝါဒဖြန့်ထားသော်လည်း ကာကွယ်ရေးအဖွဲ့ဝင်များမဟုတ်သလို နယ်မြေခံပြည်သူများလည်းမဟုတ်ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဆိုသည်။

Public Service Announcement

Public Service Announcement

“သပြေသာရွာကို ပန်းရံ၊ ခွန်တောင်းကြီး၊ ဇီးကုန်းလေးရွာတွေက ပျူတွေနဲ့ပေါင်းပြီး ၂ ကြိမ် မီးဝင်ရှို့သွားတာ။ သပြေသာရွာက ပြည်သူတွေရဲ့ ပစ္စည်းတွေကိုလည်း ခိုးပြီး သယ်သွားတယ်။”ဟု ရွှေဘိုဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကြောင်းအား ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက်ရေးအဖွဲ့ (PDO)ကဦးဆောင်၍ နယ်မြေခံပကဖအဖွဲ့များဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ ပျူစောထီးတစ်ဦးသေဆုံးပြီး ပန်းရံရွာပျူခေါင်းဆောင် အောင်ကျော်အပါအဝင် သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘိုပကဖက အသိပေးသည်။

ထို့အပြင် တော်လှန်ရေး ရဲဘော် ၂ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းထားသည့် ကာလအတွင်း ၂၀၂၁ မေလ ၁ ရက်မှ ၂၀၂၄ သြဂုတ် ၃၁ရက်အထိ စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း ၁၀၁,၄၇၄ လုံး ပျက်စီးခဲ့ကြောင်း၊ ၎င်းတို့အနက် စစ်ကိုင်းတိုင်းတွင် ၇၃၃၅၁လုံးဖြင့် အများဆုံး မီးရှို့ဖျက်ဆီးခံရပြီး တစ်နိုင်ငံလုံး မီးရှို့ခံရသည့်အရေအတွက်၏ ၆၉ ရာခိုင်နှုန်းရှိကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။