Connect with us

Hi, what are you looking for?

သတင်း

တောင်သုံးလုံးနှင့်ဆင်စွယ်စခန်းသိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းအများအပြားရရှိ

ဆင်စွယ်စခန်းနှင့်တောင်သုံးလုံးစခန်းက်ို ပူးပေါင်းတပ်များက အပြီးသတ်ရှင်းလင်းခဲ့ကြောင်းတောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲမှူး ရဲဘော်တင်ဦးကလည်း​ဖေစ်ဘွခ်မှတဆင့် အသိပေးထားသည်။

(စစ်တပ်စခန်းမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ- BPLA ၊ ရဲ​ဘော်တင်ဦး)
(စစ်တပ်စခန်းမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ- BPLA ၊ ရဲ​ဘော်တင်ဦး)

အိမ်သွင်/People’s Spring

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ တောင်သုံးလုံးစခန်းနှင့်ဆင်စွယ်စခန်းတို့ကို KNLA၊ PDF၊ BPLA နှင့် FFD ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ပြီးလက်နက်ခဲယမ်းအများအပြားရရှိခဲ့သည်။

ပူးပေါင်းတပ်ဖွဲ့သည် KNU တပ်မဟာ(၅)နယ်မြေ၊ဒွယ်လိုးမြို့နယ်ရှိ စစ်ကောင်စီတောင်သုံးလုံးစခန်းကို ဒီဇင်ဘာလ၃ ရက် ​နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဒီဇင်ဘာ၁၁ရက်နေ့ နံနက်(၅)နာရီအချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့​ကြောင်း BPLA က ထုတ်ပြန်သည်။ အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀(မမ)၊ ၈၁(မမ)၊ ၆၀(မမ)လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့​ကြောင်း အသိ​ပေးထားသည်။

(စစ်တပ်စခန်းမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ- BPLA ၊ ရဲ​ဘော်တင်ဦး)
(စစ်တပ်စခန်းမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ- BPLA ၊ ရဲ​ဘော်တင်ဦး)

ဆင်စွယ်တပ်စခန်းကိုဒီဇင်ဘာလ ၄ ရက်နေ့တွင် စတင် တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၉ရက်တွင် သိမ်းယူခဲ့ခြင်းဟု သတင်းရရှိသည်။စခန်းသိမ်းတိုက်ပွဲနှစ်ခုမှ စစ်သုံ့ပန်း ၃၅ဦးထက်မနည်း ဖမ်းမိထားကြောင်း PDF တစ်ဦးကပြောသည်။သို့သော်လည်း စစ်သုံ့ပန်းဖမ်းဆီးရရှိမှုအ​ခြေအ​နေကိုPeople’s Springက အသေးစိတ်အတည်မပြုနိုင်သေးပေ။

Public Service Announcement

Public Service Announcement

ဆင်စွယ်စခန်းနှင့်တောင်သုံးလုံးစခန်းက်ို ပူးပေါင်းတပ်များက အပြီးသတ်ရှင်းလင်းခဲ့ကြောင်းတောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲမှူး ရဲဘော်တင်ဦးကလည်း​ဖေစ်ဘွခ်မှတဆင့် အသိပေးထားသည်။

(စစ်တပ်စခန်းမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ- BPLA ၊ ရဲ​ဘော်တင်ဦး)
(စစ်တပ်စခန်းမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ- BPLA ၊ ရဲ​ဘော်တင်ဦး)

အဆိုပါစစ်ဆင်​ရေးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နှင့် Force for Federal Democracy(FFD)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(စစ်တပ်စခန်းမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ- BPLA ၊ ရဲ​ဘော်တင်ဦး)
(စစ်တပ်စခန်းမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ- BPLA ၊ ရဲ​ဘော်တင်ဦး)

ထို့အပြင် နိုဝင်ဘာလ ၉ရက်ကလည်း ဖာပွန်မြို့နယ်မှ ကူးဆိပ်တံတားလုံးခြုံရေးစခန်းအား ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ စစ်ကောင်စီဘက်မှရှစ်ဦးသေဆုံးပြီးလက်နက်ကြီးနှစ်လက်၊ မောင်းပြန်ရိုင်ဖယ်သုံးလက်၊ကျည်ဖူး(၂၇)လုံး၊ ၆၀မမကျည်ဖူး(၂၂)လုံး၊ ဒရုန်းဖျက်ဂျယ်မာသုံးခုနှင့်မောင်းပြန်ရိုင်ဖယ်ကျည်တောင့်၂၀၀၀ကျော်သိမ်းဆည်းရမိခဲ့သည်ဟု KNU ကသတင်းထုတ်ပြန်ခဲ့သည်။

အလားတူအောက်တိုဘာလ ၃၀ရက်ကလည်းဖာပွန်ခရိုင်အတွင်း နှစ်ပေါင်း၃၀ကျော်ကြာတပ်စွဲထားသည့် စစ်ကောင်စီ၏ ခေါပုတ်စခန်းကို ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းယူခဲ့သည်။ အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီဘက်မှဆယ်ဦးထက်မနက်သေဆုံးခဲ့ပြီး ထွက်ပြေးသွားသည့်တပ်ဖွဲ့ဝင်များကိုလိုက်လံတိုက်ခိုက်စဉ် ၁၄ဦး သေဆုံးပြီး ဗိုလ်ကြီးသုံးဦးအပါအဝင်စစ်သုံ့ပန်း၁၇ဦး လက်နက်များနှင့်ဖမ်းမိကြောင်း BPLA က ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook