Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့ခံများ ပြန်လာနေထိုင်ကြရန် စစ်ကောင်စီ ဖိအားပေးနေ

ရှမ်းပြည်နယ်ဖက်သို့ စစ်ရှောင်နေရသော ကရင်နီပြည်နယ်မှ ဒေသခံများလည်း နေရပ်ပြန်လာရန် စစ်ကောင်စီနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများက ဖိအားပေးနေသည်ဟုဆိုသည်။

(လွိုင်ကော်မြို့ တနေရာနှင့် ယခုနှစ် ဇန်နဝါရီက လွိုင်ကော်မြို့မစျေးကို စစ်ကောင်စီက မီးလောင်းဗုံးနှင့် ဒရုန်းဗုံးများအသုံးပြုဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - JFK၊ KNDF)
(လွိုင်ကော်မြို့ တနေရာနှင့် ယခုနှစ် ဇန်နဝါရီက လွိုင်ကော်မြို့မစျေးကို စစ်ကောင်စီက မီးလောင်းဗုံးနှင့် ဒရုန်းဗုံးများအသုံးပြုဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - JFK၊ KNDF)

▪️နေအိမ်များနှင့် ဆိုင်ခန်းများမဖွင့်လှစ်ပါက သိမ်းမည်ဟု စစ်ကောင်စီခြိမ်းခြောက်

ရဲခေါင်/People’s Spring

တိုက်ခိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်နေကြသော လွိုင်ကော်မြို့ရှိ နေအိမ်များနှင့် ဆိုင်ခန်းပိုင်ရှင်များ ပြန်လည်ဖွင့်လှစ်နေထိုင်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ပြန်လည်ဖွင့်လှစ်နေထိုင်ခြင်းမရှိပါက ပိုင်ဆိုင်မှုများကို သိမ်းဆည်းမည်ဟု စစ်ကောင်စီက ဖိအားပေးခြိမ်းခြောက်နေသည်ဟုလည်း ဆိုသည်။

“မြို့နာမ်ဘုရား ဆိုင်ခန်းတွေကို ပိုင်ရှင်တွေလာပြန်ဖွင့်ရင်ဖွင့်၊မဖွင့်ရင် သူတို့လူတွေဖွင့်မယ်လို့ ဆိုင်ခန်းပိုင် ရှင်တွေကို ပြောကြားလာတယ်။ဆိုလိုချင်တာက သူတို့သိမ်းမယ်ပေါ့”ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

(လွိုင်ကော်မြို့ တနေရာနှင့် ယခုနှစ် ဇန်နဝါရီက လွိုင်ကော်မြို့မစျေးကို စစ်ကောင်စီက မီးလောင်းဗုံးနှင့် ဒရုန်းဗုံးများအသုံးပြုဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - JFK၊ KNDF)
(လွိုင်ကော်မြို့ တနေရာနှင့် ယခုနှစ် ဇန်နဝါရီက လွိုင်ကော်မြို့မစျေးကို စစ်ကောင်စီက မီးလောင်းဗုံးနှင့် ဒရုန်းဗုံးများအသုံးပြုဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – JFK၊ KNDF)

ထို့အပြင် စစ်ကောင်စီ ဗုံးကြဲမီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့ရသော မင်္ဂလာရပ်ကွက် ၊ရွှေတောင်ရပ်ကွက် ၊ဈေးပိုင်းနှင့် နေအိမ် အပျက်အစီးများအား ရှင်းလင်းသန့်ရှင်းရေးလုပ်ကြရန်လည်း ဖိအားပေးနေသည်ဟု ဆိုသည်။

” သန့်ရှင်းရေးလာလုပ်ကြဖို့ ၊တကယ်လို့ လာပြန်မလုပ်ရင် နေအိမ် ဆိုင်ခန်းတွေကို စည်ပင်ဆီအပ်လိုက်မယ်လို့ ခြိမ်းခြောက်ပြောဆိုလာတယ်”ဟု လွိုင်ကော်ဒေသခံက ပြောသည်။

ထို့အပြင် ရှမ်းပြည်နယ်ဖက်သို့ စစ်ရှောင်နေရသော ကရင်နီပြည်နယ်မှ ဒေသခံများလည်း နေရပ်ပြန်လာရန် စစ်ကောင်စီနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများက ဖိအားပေးနေသည်ဟုဆိုသည်။

“ကယားဒေးပွဲ(ကယားပြည်နယ်နေ့ပွဲတော်)ကိုလည်းကျင်းပဖို့ သူတို့လုပ်နေတယ်။အဓိကကတော့ လွိုင်ကော်ကို သူတို့အပြည့်အဝထိန်း ချုပ်ထားကြောင်း ၊စည်ပင်သာယာနေကြောင်း အဆင့်ဆင့်ကို ပြသချင်တဲ့အတွက်ရယ်။ပြည်သူတွေရှိရင် တိုက်ပွဲကာဗာ ဖြစ်စေတဲ့အတွက်ရယ်။စစ်မှုထမ်း ပြည်သူ့စစ်အင်အားကို အတင်းအဓမ္မစုဆောင်းချင်တာရယ်ကြောင့်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ် က သုံးသပ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း လွိုင်ကော်မြို့အဝင်၊အထွက်ရှိ ကင်းပုန်းအချို့ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားအချို့ သေဆုံးပြီး လက်နက်များရရှိကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

လွိုင်ကော်မြို့ကို စစ်ကောင်စီက ထိန်းချုပ်ပြီးနောက် တော်လှန်ရေးတပ်များ ပြန်လည်ထိုးစစ်ဆင်မှုကိုစောင့်ကြည်ရန် အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းအစပ်ရှိ ဆီဆိုင်နှင့် မိုးဗြဲမြို့များမှ စစ်ကောင်စီတပ်က မြေပြင်အင်အား ဖြည့်တင်းရန် လွိုင်ကော်မြို့အဝင်၊အထွက် နေရာများတွင် ကင်းပုန်းများနှင့် ဝပ်ကင်းများချထားသည်ဟု ဆိုသည်။

(လွိုင်ကော်မြို့ တနေရာနှင့် ယခုနှစ် ဇန်နဝါရီက လွိုင်ကော်မြို့မစျေးကို စစ်ကောင်စီက မီးလောင်းဗုံးနှင့် ဒရုန်းဗုံးများအသုံးပြုဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - JFK၊ KNDF)
(လွိုင်ကော်မြို့ တနေရာနှင့် ယခုနှစ် ဇန်နဝါရီက လွိုင်ကော်မြို့မစျေးကို စစ်ကောင်စီက မီးလောင်းဗုံးနှင့် ဒရုန်းဗုံးများအသုံးပြုဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – JFK၊ KNDF)

စစ်ကောင်စီ၏ ကရင်နီပြည်ကို ပြန်လည်ထိုး စစ်ဆင်မှုကို နှစ်ဆင့်တွေ့ရသည်။ယခုနှစ် မေနှင့် ဇွန်လ တို့တွင် ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့မှ ကရင်နီပြည် လွိုင်ကော်မြို့သို့ မြေပြင်နှင့် ဝေဟင် ပူးတွဲ စစ်ကြောင်းစထိုးခဲ့သည်။ထိုစစ်ကြောင်းသည် လွိုင်ကော် အခြေစိုက်တပ်များနှင့် ဇူလိုင်အတွင်းပေါင်းစပ်နိုင်ခဲ့ပြီး ကရင်နီတပ်ပေါင်းစုများ၏ ထိန်းချုပ်နေရာအချို့ကို ပြန်လည်ရယူနိုင်ခဲ့သလို လွိုင်ကော်မြို့ကိုပါ စစ်အုပ်ချုပ်ရေးယန္တရားများ လည်ပတ်ရန် ကြိုပမ်းနေသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ပြင်၌ အခြေစိုက်ထားသော ခမရ (၄၂၂)တပ်ရင်းမှ မိုးဗြဲမြို့နှင့် ပတ်ဝန်ကျင်နေရာများသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် S-PHOS ( အက်စ်ဖော့စ် )တံဆိပ်ပါ ၅၆၀အဆိပ်ငွေ့ပြားများ ထည့်သွင်းအသုံးပြု တိုက်ခိုက်ခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က အသိပေးထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ယခုနှစ် ဒီဇင် ဘာလဆန်းပိုင်းအထိ ကရင်နီပြည်နယ်တွင် စစ်ရှောင်ပြည်သူ သုံးသိန်းခန့် ရှိကြောင်း ကရင်နီလူမှုအသင်း အဖွဲ့များကွန်ရက်က ထုတ်​ပြန်ထားသည်။

ထိုအပြင် လွိုင်ကော်မြို့မှ ၉၂, ၃၁၁ ဦး၊ဒီးမော့ဆို ၈၃,၂၆၅ ဦး၊ဖယ်ခုံ ၅၆,၀၀၀ ဦး၊ဖရူဆို ၁၄,၄၀၃ ဦး၊ရှားတော၊ မယ်စဲ့၊ဖားဆောင်း နှင့် ဘောလခဲမြို့နယ်တို့ရှိ ဒေသခံ ၄၀,၀၀၀ဝန်းကျင်မှာ စစ်ရှောင်နေကြရသည်။

“မပြန်နဲ့လို မပြောသလို ပြန်ပါလိုလည်း မပြောလိုပါဘူး။ဦးနှောက်နဲ့ချင့်ချိန်ပြီးသတိနဲ့နေကြပါလို့ပဲ ပြောချင်တယ်”ဟု ကရင်နီတပ်ပေါင်းစု၏ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အရပ်ဖက်လေ့လာမှုများနှင့် စစ်တမ်းများအရ လွိုင်ကော်မြို့တွင် စစ်အုပ်စုနှင့်အတူ ပြန်လည် နေထိုင်သူ ၁,၀၀၀ကျော်တွင် အလုံးစုံခက်ခဲသူနှင့် စစ်အုပ်စုနှင့်ပတ်သက်သူများသာဖြစ်သည်။

ပြန်လည်အခြေချသည့် ပြည်သူများကို ရပ်ရွာကာကွယ်ရေးနှင့် အိုးအိမ်ကာကွယ်ရေးဆိုသည့်အချက်များဖြင့် လွိုင်ကော်မြို့တွင် ဒေသခံ ၁၀၀ ခန့်ကို ပြည်သူ့စစ်အဖြစ် စစ်ကောင်စီက သွပ်သွင်းထားပြီးလည်းဖြစ်သည်။

၁၁၁၁စစ်ဆင်ရေးဖြင့် လွိုင်ကော်မြို့အပါအဝင် ပြည်နယ်ရှိ မြို့နယ်အများစုကို ကရင်နီတပ်ပေါင်းစုက ထိန်းချုပ်နိုင်ခဲ့ပြီး ယခုနှစ် နှစ်လယ်ပိုင်းကစ၍ စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်ကာ လွိုင်ကော်မြို့ကို ကရင်နီတပ်ပေါင်းစုက ပြန်လည် ဆုတ်ခွာပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) သိမ်းပိုက်ထိန်းချုပ်ထားသည့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ကို စစ်ကောင်စီက ယမန်နေ့နံနက်တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ အမျိုးသမီး တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

ရှမ်း - ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေပြီး မြို့ပြန်ရရေး စစ်ကောင်စီက ထိုးစစ်အရှိန်မြှင့်နေကြောင်း အဆိုပါ စစ်မြေပြင်ရှိ ရဲဘော်အချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

ဒီပဲယင်းမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို Y-12 လေယာဉ်ဖြင့် ​လေထီးအသုံးပြု၍ ရိက္ခာအထုပ်တစ်ရာနီးပါး လာချခဲ့ရာ ရိက္ခာထုပ်အချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများက ရရှိခဲ့သည်။

သတင်း

“ရင်းထားရတဲ့ အသက်တွေလည်း အများကြီး ပြန်ပေးစရာတော့ မရှိပါဘူး”