Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ်တွင် စစ်တပ်ထုတ်ကုန်ဘီယာများတော်လှန်ရေးအဖွဲများ ဖျက်ဆီး

သိမ်းဆည်းရရှိသော ဘီယာများကို မြို့နယ် ပအဖ၊ ပကဖက အများပြည်သူရှေ့မှောက်တွင် ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။

(စစ်တပ်ထုတ်ပစ္စည်းများအားဖျက်ဆီးနေစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(စစ်တပ်ထုတ်ပစ္စည်းများအားဖျက်ဆီးနေစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် တော်လှန်ရေးအဖွဲ့များ လမ်းပိုင်းစစ်ဆေးမှုပြုလုပ်စဉ် စစ်ကောင်စီထုတ်ကုန် ဘီယာများ တင်ဆောင်လာသော ယာဉ်သုံးစီးအား စစ်ဆေးတွေ့ရှိပြီး အဆိုပါဘီယာများ ဖျက်ဆီးခဲ့သည်။

ယမန်နေ့(ဒီဇင်ဘာ ၁၄ရက်)က ခင်ဦးမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာတွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့က ကုန်တင်ယာဥ်များကို စစ်ဆေးခဲ့ရာ ကုန်တင်ယာဥ် သုံးစီးပေါ်မှ Myanmar Beerနှင့် ANDAMAN GOLD အမှတ်တံဆိပ် ဘီယာများ သယ်ဆောင် လာသည့် ယာဉ်များတွေ့ရှိခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။

(စစ်တပ်ထုတ်ပစ္စည်းများအားဖျက်ဆီးနေစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(စစ်တပ်ထုတ်ပစ္စည်းများအားဖျက်ဆီးနေစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

ထို့နောက် ယာဉ်ပေါ်ပါ စုစုပေါင်းကျပ်သိန်းတစ်ရာကျော်တန်ဖိုးရှိ စစ်ကောင်စီထုတ်ကုန် Myanmar Beer ဂျပ်ဖာပေါင်း (၁၉၀)ဖာနှင့် ANDAMAN GOLD ၃၇ဖာတို့ကို သိမ်းဆည်းရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

သိမ်းဆည်းရရှိသော ဘီယာများကို မြို့နယ် ပအဖ၊ ပကဖက အများပြည်သူရှေ့မှောက်တွင် ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။

“ကားသမားတွေကိုတော့ နောက်တခါမတင်ဖို့ပြောလိုက်တယ်။ စီးပွားရေးသမားတွေကြောင့် တင်ပေးရတာလို့တောင်းပန်တယ်။ နောက်ခါတင်ရင်တော့ကားပါသိမ်းမယ်လို့ ပြောလိုက်တယ်။”ဟု ၎င်းက ပြောသည်။

(စစ်တပ်ထုတ်ပစ္စည်းများအားဖျက်ဆီးနေစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(စစ်တပ်ထုတ်ပစ္စည်းများအားဖျက်ဆီးနေစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

အဆိုပါ ထုတ်ကုန်ပစ္စည်းများမှ အမြတ်အစွန်း၊ ငွေကြေးများသည် ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ဆိုးရွားစွာ ဖျက်ဆီးစေနိုင်သည့်လုပ်ရပ်များ ဖြစ်စေနိုင်သည့်အတွက် စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများကို ခင်ဦးမြို့နယ်အတွင်း သယ်ယူဖြတ်သန်းခွင့်ပြုမည်မဟုတ်ကြောင်း၊ ပြည်သူများကလည်း စစ်တပ်ထုတ်ကုန်များအား သပိတ်မှောက်ကြရန် မြို့နယ်ပအဖအဖွဲ့မှ မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ အိမ်ရှင်နိုင်ငံ အများဆုံး၊ ပြိုင်ပွဲဝင်အသင်း အများဆုံး၊ ပွဲစဉ်အရေအတွက် အများဆုံးဆိုတဲ့ စံချိန်တွေအပြင် နောက်ထပ် စံချိန်သစ် တစ်ခုကိုလည်း ပိုင်ဆိုင်ဖို့ ဦးတည်နေပါတယ်။ အဲဒါကတော့ ကျင်းပဖူးသမျှ ကမ္ဘာ့ဖလား ပြိုင်ပွဲ အားလုံးမှာ ဘီယာသောက်သုံးမှု အများဆုံး စံချိန်...

သတင်း

ဧပြီ-၂၀၊၂၀၂၆၊ရှိန်း/People’s Spring စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား တစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်က မင်းဂန်ရွာနဲ့ စစ်ကိုင်းမြို့နယ်၊သာစည်နဲ့ ရွှေစည်းခုံရွာ​တွေကို စစ်တပ်ကဧပြီ ၁၉ရက် ည ၁၂နာရီ ကျော်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့...

အတွေးအမြင်

လွတ်လပ်ရေးရပြီး ၁၉၅၈ ခုနောက်ပိုင်းကနေ ကနေ့အချိန်ထိ စုစုပေါင်း ၆၈ နှစ်လောက်ရဲ့ မြန်မာ့ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် စစ်တပ်က အာဏာလက်လွှတ်ခဲ့တယ်ဆိုတာ မရှိသလောက်ကို ရှားပါးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာကို ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ အင်အား ၁၀၀ ခန့်ရှိကြောင်း တီးတိန်မြို့နယ်အခြေစိုက် PDF ဇိုလဲန်းတပ်ဖွဲ့ စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။