Connect with us

Hi, what are you looking for?

သတင်း

ပဒူရွာရဲကင်းစခန်း ရှော့တိုက်ဒုန်းဖြင့်ပစ်ခတ်ခံရပြီး ရဲတစ်ဦးသေဆုံး

စစ်ကိုင်းမြို့နယ်၊ ပဒူရွာရဲကင်းစခန်း ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

(၂၀၂၃ မေလ ၁၉ ရက်က အိမ်ခြေထောင်ချီရှိသည့် ပဒူကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့၍ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေစဉ်။ ဓာတ်ပုံ − CJ)
(၂၀၂၃ မေလ ၁၉ ရက်က အိမ်ခြေထောင်ချီရှိသည့် ပဒူကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့၍ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေစဉ်။ ဓာတ်ပုံ − CJ)

ဇေအောင်/People’s Spring

စစ်ကိုင်းမြို့နယ်၊ ပဒူရွာရဲကင်းစခန်း ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ ၁၆ ရက် ည ၁၂နာရီဝန်းကျင်က စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ပဒူကျေးရွာရဲကင်းစခန်းအား ရှော့တိုက်ဒုန်း ၄လုံး ပစ်ခတ်တိုက်ခိုက်ခံရပြီး ဘန်ကာအတွင်းရှိ ရဲတပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“တစ်လုံးက မြေကွက်လပ်ကျတယ်။ နောက်၃လုံးက ဘန်ကာနားကျတယ်ပြောတယ်။ ဘန်ကာထဲက ရဲ​တစ်ဦးသေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပဒူရဲစခန်းအား မည်သည့်အဖွဲ့က ပစ်ခတ်ခဲ့သည်ကိုမူ မသိရသေးပေ။ ထိုပစ်ခတ်မှုအား အနီးတဝိုက်ရွာများမှ ကြားလိုက်ရကြောင်း ဒေသခံများက ပြောသည်။

“ည ၁၂လောက်ကြီး ကြားလိုက်ရတယ်။ ၂ ချက်ကတော့တော်တော်ကျယ်တယ်။”ဟု ကံကြီးကုန်းရွာနေဒေသခံတစ်ဦးက ပြောသည်။

ပဒူရွာရဲကင်းစခန်းမှစစ်အုပ်စုသည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း အနီးတဝိုက်ကျေးရွာများအား စစ်ကြောင်းထိုး မီးရှိုခဲ့သေးသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ပဒူရွာရဲကင်းစခန်း၏ အရှေ့ဘက်ရှိ မိုးကုတ်၊ သပိတ်ကျင်း၊ စဥ့်ကူး၊ မတ္တရာမြို့များမှ စစ်ရှောင်များအသုံးပြုနေသော စစ်ကိုင်းမြို့၊ ခရိုင်ချင်းဆက်လမ်းရှိ လမ်းခွဲ၂ခုကိုလည်း ဘက်ဟိုးဖြင့် ဖျက်ဆီးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

Facebook