Connect with us

Hi, what are you looking for?

သတင်း

စစ်ကြောင်းထိုးလာလို့ ပခုက္ကူနဲ့မြိုင်အစပ်က ပြည်သူတစ်သောင်းခန့် ထွက်ပြေးနေရ

စစ်ကောင်စီတပ် စစ်ကြောင်းထိုးချိန် ပခုက္ကူမြို့နယ် ၊ဝါးကျွန်းတွင်းရွာ ၊ ထန်းတပင်နဲ့ ရေသာကြီးရွာတွေက ဒေသခံ ပြည်သူ ၃ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

မြိုင်မြို့နယ် တောင်ပိုင်း ကံသစ်ကျေးရွာ ပြီးခဲ့တဲ့မေလအတွင်းမီးရှို့ခံရပြီးနောက်တွေ့ရပုံ
မြိုင်မြို့နယ် တောင်ပိုင်း ကံသစ်ကျေးရွာ ပြီးခဲ့တဲ့မေလအတွင်းမီးရှို့ခံရပြီးနောက်တွေ့ရပုံ

ဆိုင်းမင်း/People’s Spring

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် အရပ်သား ပြည်သူ တစ်သောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပခုက္ကုမြို့နယ်အနောက်ဘက် နဲ့ မြိုင်မြို့နယ် တောင်ဘက်မှာရှိတဲ့ ရေလာလေးရွာက စစ်တပ်နဲ့ပျုစောထီးပူးတွဲထိုင်ထားတဲ့စခန်း ဒီဇင်ဘာ ၁၁ ရက်မှာ တိုက်ခိုက်ခံရပြီးနောက်မှာ အနီးတဝိုက်ကရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး တာတွေ လုပ်ဆောင်လာတာပါ။

ရေလာလေး ရွာ စခန်းကို စီးနင်းတိုက်ခိုက်မှုမှာ သေနတ် ၁၈ လက်နဲ့ သုံ့ပန်း ၇ ဦး ဖမ်းမိတယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစု Earthquake people`s defence force က ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

” ရေလာလေးစခန်းသိမ်းပြီးကတည်းက ရွာတွေကိုတောက်လျှောက်စစ်ကြောင်းထိုးလာတာ၊ ထိတွေ့မှုတွေလည်းဆက်တိုက်ဖြစ်နေတယ်ဗျ ” လို့ ပခုက္ကူမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်ကပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးချိန် ပခုက္ကူမြို့နယ် ၊ဝါးကျွန်းတွင်းရွာ ၊ ထန်းတပင်နဲ့ ရေသာကြီးရွာတွေက ဒေသခံ ပြည်သူ ၃ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒါအပြင် ထန်းတပင်နဲ့ ရေသာကြီးကျေးရွာကြားမှာ စစ်ရှောင်သက်ကြီးရွယ်အိုရောဂါနဲ့သေဆုံးတာကို သွားရောက်ကူညီပေးတဲ့ တော်လှန်ရေးရဲဘော် ၂ ဦး စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ခံရပြီး ၁ ဦး ကျဆုံးခဲ့ရတယ်လို့ ပခုက္ကူမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်က အသိပေးပါတယ်။

မနေ့ ဒီဇင်ဘာလ ၁၈ ရက် နေ့ခင်းပိုင်း ၂ နာရီခွဲဝန်းကျင်မှာ မြိုင်မြို့နယ် ၊ဝက်ကြုံးကျေးရွာအနီး တိုက်ပွဲဖြစ်ပြီး ရွာကို စစ်ကောင်စီတပ်က မီးရှို့သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီဇင်ဘာလ ၁၁ရက်ကစတင်ပြီး ပခုက္ကူနဲ့ မြိုင်မြို့နယ်အတွင်းက ဝက်ကြုံး၊ ရေလာကြီး၊ ဝါးကျွန်းတွင်း၊ ပြည့်အိုင်၊ ထန်းတပင်၊ရွာသာအေး၊ ပဒိုင်းကော၊ အောင်သာ၊ ရေမျက် ၊ ဖောင်ကျောင်းစတဲ့ ကျေးရွာကြီး၁၀ရွာခန့်က ပြည်သူ တစ်သောင်းနီးပါးဟာ ထွက်ပြေးတိမ်းရှောင်နေတာလို့ သိရပါတယ်။

ဓာတ်ပုံ – နွေဦးတော်လှန်ရေး – မြိုင်မြို့

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ထဲက အိုင်ကြီးရွာနဲ့ ပေါက်တော ရွာက်ို အာဏာသိမ်း စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ စက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့်အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်အချို့ဆီက သိရပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။