Connect with us

Hi, what are you looking for?

သတင်း

လေးမျက်နှာမြို့နယ်တွင်စစ်သားများ​ရောက်လာပြီးမှ ဓားပြတိုက်မှု​ဖြစ်ပွား

ဓားပြတိုက်ခံရသည့် အိမ်သည် ​ငွေသားနှင့် ရွှေထည် စုစု​ပေါင်းတန်ဖိုးကျပ်သိန်း ၂၀၀ ခန့် ပါသွားကြောင်း သိရှိရသည်။ အိမ်ရှင်အား မေးမြန်းရန် ဆက်သွယ်သော်လည်း မရသေးပေ။

(​လေးမျက်နှာ အနီးဝန်းကျင်ကို Google Map တွင်​တွေ့ရမှု)
(​လေးမျက်နှာ အနီးဝန်းကျင်ကို Google Map တွင်​တွေ့ရမှု)

■စစ်သားများက အရပ်သားပုံစံပြုလုပ်၍ ဓါးပြတိုက်သွားခြင်းဟု ​ဒေသခံများ​ပြောကြား

အိမ်သွင်/People’s Spring

ဂွတိုက်ပွဲအရှိန်ကြောင့် မငြိမ်မသက်ဖြစ်လာသော ဧရာဝတီတိုင်းအတွင်းရှိ လေးမျက်နှာမြို့နယ်၊ ရခိုင်ရိုးတောင်‌ခြေ ရွာတစ်ရွာတွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင် အများအပြား​ရောက်လာပြီး​နောက် ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း ​ဒေသခံများကပြောသည်။

“ဂွမှာတိုက်ပွဲပြင်းထန်နေချိန်ကတည်းက ရိုးမအစပ်တွေမှာ မိုင်းလိုက်ထောင်တယ်။ စစ်သားတွေ အများကြီးရောက်လာတယ်။ လူစိမ်းတွေအများကြီးတွေ့ရတယ်။ ပျူစောထီးတွေရော။ အခု မှန်တန်းကျေးရွာမှာ ဓားပြဝင်တိုက်သွားပြီ။ ကျတော်တို့မြို့မှာ ဒါမျိုးမရှိခဲ့ဖူးဘူး”ဟု လေးမျက်နှာမြို့ခံတစ်ဦးကပြောသည်။

မှန်တန်းကျေးရွာသည်ရခိုင်ရိုးတောင်‌ခြေတွင်တည်ရှိသည်။ထိုရွာမှ ဦးသန်းထိုက်၏ အိမ်ကို ဒီဇင်ဘာလ၂၀ရက်ညတွင် သေနတ်ကိုင်ထားသည့် လူ ၆ဦးထက်မနည်းက ဓားပြတိုက်ပြီး ငွေသားနှင့်ရွှေထည်ပစ္စည်းများယူဆောင်သွားသည်ဟု ​ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

“ဓားပြတိုက်ခံရတဲ့ အိမ်က‌တော့ ဘာမှမပြောရဲဘူး။ စစ်တပ်က ခဏ‌တော့ လာမေးတယ်။ ပြီးတော့ ပြန်ပြေးတာပါပဲ။ စစ်တပ်ကကောင်တွေ ရုပ်ရှင်ရိုက်တာပါ။ တရားခံက သူတို့ကိုယ်တိုင်ပါ”ဟု ဒေသခံတစ်ဦးပြောသည်။

ဓားပြတိုက်ခံရသည့် အိမ်သည် ​ငွေသားနှင့် ရွှေထည် စုစု​ပေါင်းတန်ဖိုးကျပ်သိန်း ၂၀၀ ခန့် ပါသွားကြောင်း သိရှိရသည်။ အိမ်ရှင်အား မေးမြန်းရန် ဆက်သွယ်သော်လည်း မရသေးပေ။

လေးမျက်နှာမြို့နယ်သည် AAက မြို့သိမ်းတိုက်ပွဲတိုက်ခိုက်နေသည့် ဂွမြို့နှင့် ရခိုင်ရိုးမခြားလျက် တည်ရှိသည်။ လေးမျက်နှာတွင်လည်း တိုက်ပွဲများ ဖြစ်နိုင်ကြောင်း သတိပေးမှုများ ရှိနေသည်။လေးမျက်နှာ မြို့နယ်ရှောပြာရွာတွင်ဒီဇင်ဘာလ ၁၉ရက်နေ့ကစစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဂွမြို့မှထွက်ပြေးလာသည့် စစ်ရှောင်ကားတစ်စီးထိမှန်ပြီး အရပ်သားရှစ်ဦးသေဆုံးမှု ဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို မနေ့ (သြဂုတ် ၂၈ ရက် ) မနက်ပိုင်းမှာ အမျိုးသား သုံးဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

Facebook