Connect with us

Hi, what are you looking for?

သတင်း

မင်းကွန်းတွင် ပျူစောထီးခေါင်းဆောင်၏ကား ပစ်ခတ်ခံရ၊ နှစ်ဦးသေဟုဆို

ပစ်ခတ်မှုကြောင့် ကားပေါ်ပါ ပျူစောထီးနှစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

(Road To Mandalay ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ စစ်ကိုင်းမင်းကွန်းကားလမ်းပေါ်ရှိ မင်းကွန်းရဲစခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-Mingun PDF)
(Road To Mandalay ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ စစ်ကိုင်းမင်းကွန်းကားလမ်းပေါ်ရှိ မင်းကွန်းရဲစခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-Mingun PDF)

ဇေအောင်/People’s Spring

စစ်ကိုင်း – မင်းကွန်းကားလမ်းပိုင်းတွင် ပျူစောထီးခေါင်းဆောင်၏ကား ပစ်ခတ်ခံရပြီး ကားပေါ်ပါ ပျူစောထီးနှစ်ဦးသေဆုံးကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ဒီဇင်ဘာ ၂၀ရက် ညနေ ၆နာရီခန့်က စစ်ကိုင်းမြို့မှ မင်းကွန်းနယ်မြေရဲစခန်းသို့ ပြန်လာသည့် ပျူခေါင်းဆောင်တစ်ဦး၏ ကားတစ်စီးအား မင်းကွန်းလမ်းပေါ်၊ ရွှေကျွန်းပင်နတ်နန်းအနီးတွင် ပြောက်ကျားတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုကြောင့် ကားပေါ်ပါ ပျူစောထီးနှစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

(Road To Mandalay ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ စစ်ကိုင်းမင်းကွန်းကားလမ်းပေါ်ရှိ မင်းကွန်းရဲစခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-Mingun PDF)
(Road To Mandalay ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ စစ်ကိုင်းမင်းကွန်းကားလမ်းပေါ်ရှိ မင်းကွန်းရဲစခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-Mingun PDF)

“နှစ်ကောင်သေတာက သတင်းအတိအကျရတယ်။ အဲထက်လည်းပိုနိုင်တယ်။ ကားကတစ်စီးလုံး စုတ်ပျက်ပြီးတော့ ဘီးက သုံးလုံးလောက် ပေါက်သွားတယ်။ ဂွေကြီးနဲ့ပဲရဲစခန်းရောက်အောင်မောင်းသွားတယ်။”ဟု ၎င်းတာဝန်ရှိသူကဆိုသည်။

သို့သော် သေဆုံးသူမှာ ပျူစောထီးခေါင်းဆောင် ဟုတ်မဟုတ် အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ပြောသည်။

ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ရက်အကြာ ဒီဇင်ဘာ ၂၂ ရက်တွင် စစ်ကောင်စီတပ်က မင်းကွန်းလမ်းပေါ်၌ ပြည်သူ ၉ဦးခန့်အား ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

“မင်းကွန်းလမ်း ပိတ်တော့မထားဘူး။ ဒါပေမယ့် ပစ်ခတ်မှုဖြစ်ထားတော့၊ ဖမ်းလည်းဖမ်းနေတော့ လောလောဆယ် ဘယ်သူမှ မသွားရဲကြဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုအား ယူနီကွန်းပြောက်ကျားတပ်ဖွဲ့နှင့် Road to Mandalay(RTM)အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မန္တလေးမြို့အနီးတဝိုက် ပြောက်ကျားစစ်ဆင်ရေးများ ဆက်တိုက် ဖော်ဆောင်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်အုပ်စုဝင်များ၊ ၎င်းတိယာဥ်များနှင့် နီးကပ်စွာ နေထိုင်ခြင်းမပြုကြရန် Road to Mandalay(RTM)အဖွဲ့က အသိပေးထားသည်။

အလားတူ စစ်ကိုင်းမြို့တွင်းတွင်လည်း ဒီဇင်ဘာ ၂၀ ရက်ကပင် ဘီယာဆိုင်ထိုင်နေသည့် ပျူစောထီးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံးခဲ့သေးသည်။

ဒီဇင်ဘာ ၈ရက်ကလည်း စစ်ကိုင်းမြို့ပေါ် နေအိမ်သို့ ခေတ္တပြန်လာသည့် အမှတ်(၃)ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှ ရဲတပ်ကြပ်ကြီး ယဉ်ထွန်းမောင်အား အခြားတော်လှန်ရေးအဖွဲ့များက ဖမ်း​ဆီးခဲ့သေးသည်။

စစ်ကောင်စီတပ်ကလည်း စစ်ကိုင်းမြို့အနီးဝန်းကျင်ကျေးရွာများအား စစ်ကြောင်းထိုးမီးရှို့မှုများ ပြုလုပ်နေပြီး ဒီဇင်ဘာ ၇ ရက်က စစ်ကိုင်းမြို့အနောက်တောင်ဘက်ရှိ ကျေးရွာများသို့ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ ကာကွယ်ရေးရဲဘော်တစ်ဦး သတ်ဖြတ်ခံရပြီး လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူ ၂ဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ခင်ဦးမြို့နယ်၊ပျဥ်ထောင်ကျေးရွာက ပျူစောထီးတွေက ရွှေကူတဲစုကျေးရွာက အလှူပြုလုပ်နေတဲ့ နေအိမ်ကိုရိက္ခာတွေယူဆောင်ပြီး မီးရှို့ဖျက်ဆီးသွားတာမို့ အလှူအိမ်အပါအဝင် နေအိမ် ၈လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။

သတင်း

ဧရာဝတီတိုင်း၌ တစ်နှစ်ကျော်ကြာပိတ်သိမ်းထားသည့် မြို့အဝင်၊အထွက်စစ်ဆေး ရေးဂိတ်များကို ယခု ဇန်နဝါရီလဆန်းကစ၍ စစ်ကောင်စီကပြန်ဖွင့်ထားပြီး ပျူစောထီးနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များဖြင့် စစ်ဆေးမှုများပြုလုပ်နေသည်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့မှ ပျူစောထီးအားကောင်းရာ ကနီကျေးရွာသို့ ရိက္ခာပို့လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းအား တိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း Myaing Supporting Battalion တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

လူငယ် ၁၁ဦးဖမ်းခံရပြီး ပြည်သူအများအပြား ထွက်ပြေးနေရ