Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဆည်ဆက်သွယ်ရေးတပ်မှ စစ်သားတစ်ဦးPDF ထံအလင်းဝင်

မိုးဗြဲမြို့အခြေစိုက် ခြေမြန်တပ်ရင်း အမှတ်(၄၂၂) ခမရ-၄၂၂ မှ စစ်ကောင်စီတပ်သား သုံးဦးမှာ ကရင်နီပူးပေါင်းတပ်ထံသို့ ဘက်ပြောင်းခိုလှုံလာသည်။

(အလင်းဝင် စစ်ကောင်စီတပ်သားအား တွေ့ရစဥ်။ဓာတ်ပုံ-ယူနီကွန်း)
(အလင်းဝင် စစ်ကောင်စီတပ်သားအား တွေ့ရစဥ်။ဓာတ်ပုံ-ယူနီကွန်း)

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ရှိ ဆက်သွယ်ရေးတပ်ဖွဲ့မှ စစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်ရောက်လာကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ယနေ့(ဒီဇင်ဘာ ၂၄ ရက်)တွင် သတင်းထုတ်ပြန်သည်။

ဆက်သွယ်ရေးတပ်ဖွဲ့မှ စစ်ကောင်စီတပ်သားတစ်ဦးသည် မွေးမြူရေးဌာနတစ်ခုသို့ တာဝန်ခေတ္တပေးခံရချိန် ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းအခြေစိုက် ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၏ တာဝန်ခံက ပြောသည်။

“ကျောက်ဆည် ဆက်သွယ်ရေးတပ်ကနေ လူလွှတ်ပြီးတော့ မွေးမြူရေးဘက်ကို တစ်လတစ်ခေါက်လွှတ်တဲ့အချိန် ထွက်ပြေးလာတာ။ လက်နက်တော့မပါဘူး။ သူလာတဲ့လမ်းကမလွယ်ဘူး။”ဟု ၎င်းတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အလင်းဝင်စစ်သားအား လိုအပ်သည်များ စစ်ဆေးမေးမြန်းနေပြီး ၎င်း၏ဆန္ဒအတိုင်း ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

“သူကအလင်းဝင်ချင်တာကြာပြီ။ ထွက်ချင်တာကြာပြီ။ မလွတ်သေးတာပေါ့။ ဒီတခါမှထွက်လို့မရရင် ထွက်လို့မရတော့ဘူးဆိုပြီး သူ့ဟာသူ ရောက်အောင်ထွက်ပြေးလာတာ။”ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၏ တာဝန်ခံက ပြောသည်။

ဆက်သွယ်ရေးတပ်ဖွဲ့သည် စစ်အကူလက်ရုံးတပ်ဖွဲ့ တစ်ခုဖြစ်ပြီး စစ်တပ်၏ ဆက်သွယ်ရေးလုပ်ငန်းများဖြစ်သည့် အချက်ပြဆက်သွယ်ရေး၊ ကြိုးမဲ့ရေဒီယိုဆက်သွယ်ရေး၊ ဆက်သား၊ ချောပို့လုပ်ငန်း စသည်တို့ကို ဆောင်ရွက်ပေးရသည်။ ၎င်းအပြင် သမရိုးကျမဟုတ်သော ခေတ်သစ် စစ်ဘက်ဆိုင်ရာ အဆင့်မြင့်ဆက်သွယ်မှုလုပ်ငန်းများ၊ ဆက်သွယ်မှုကွန်ယက်ဆိုင်ရာလုပ်ငန်းများနှင့် သတင်းအချက်အလက် လုံခြုံမှု ကျိုးပေါက်ခြင်းမရှိရေး ကြီးကြပ်ပေးခြင်း စသည်လုပ်ငန်းများကိုပါ တာဝန်ယူရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး အပါအဝင် တပ်သားနှင့် ရဲ ၃၃ဦးသည် စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၆ရက်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ၃၃ဦးတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံ လာသူများလည်းရှိပြီး လက်နက်ယူဆောင် လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်ဟုဆိုသည်။

နိုဝင်ဘာအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ (၂၀)လက်ရှိပြီး ခဲယမ်း မီးကျောက်များ လည်း ပါဝင်ကြောင်း NUG၏ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားသည်။

ယခုရက်ပိုင်းအတွင်း မိုးဗြဲမြို့အခြေစိုက် ခြေမြန်တပ်ရင်း အမှတ်(၄၂၂) ခမရ-၄၂၂ မှ စစ်ကောင်စီတပ်သား သုံးဦးမှာ ကရင်နီပူးပေါင်းတပ်ထံသို့ ဘက်ပြောင်းခိုလှုံလာသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။