Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနယ်စပ်ရှိ စစ်ကောင်စီ၏ မယ်လယု မဆုတ်တမ်းခံစစ်တပ်စခန်းကို ကရင်နီတပ်မတော် သိမ်းပိုက်

လွိုင်ကော်မြို့ပတ်လည်ရှိ စစ်ကောင်စီ၏ ဝပ်ကင်း၊ကာကင်းများကို ကရင်နီတပ်ပေါင်းစုက တန်ပြန် တိုက်ခိုက်သိမ်းပိုက်မှုများရှိနေသည်။

(မယ်လယုမဆုတ်တမ်းခံစစ်စခန်းနှင့် စခန်းမှ သိမ်းဆည်းရရှိသော ခဲယမ်းများကိုတွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မယ်လယုမဆုတ်တမ်းခံစစ်စခန်းနှင့် စခန်းမှ သိမ်းဆည်းရရှိသော ခဲယမ်းများကိုတွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ရဲခေါင်/People’s Spring

ထိုင်း – မြန်မာနယ်စပ် ကရင်နီပြည်နယ်ရှိ စစ်ကောင်စီ၏ မယ်လယု မဆုတ်တမ်းခံစစ်တပ်စခန်းကို ကရင်နီတပ်မတော်(KA)က သိမ်းပိုက်ရရှိခဲ့ကြောင်း ဒေသတွင်းစစ် ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

ရှားတောမြို့နယ် မယ်လယုတပ်စခန်းကို ဒီဇင်ဘာ ၂၈ ရက်က ကရင်နီတပ်မတော်က ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားခြင်းဟု ဆိုသည်။

(မယ်လယုမဆုတ်တမ်းခံစစ်စခန်းနှင့် စခန်းမှ သိမ်းဆည်းရရှိသော ခဲယမ်းများကိုတွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မယ်လယုမဆုတ်တမ်းခံစစ်စခန်းနှင့် စခန်းမှ သိမ်းဆည်းရရှိသော ခဲယမ်းများကိုတွေ့ရစဥ်။ ဓာတ်ပုံ – CJ)

“မယ်လယုက ထိုင်း – မြန်မာနယ်စပ်အမှတ် BP 9 ဒေသမှာရှိတယ်။ပြီးတော့ ကရင်နီပြည်နယ်နဲ့ ထိုင်း နယ်စပ်တလျှောက်မှာရှိတဲ့ စကစ ရဲ့ မဆုတ်တမ်း ခံစစ်စခန်းတွေ အားလုံးနီးပါးကို KAက ရပြီးလို့ ပြောလို့ရတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထိုင်း – ကရင်နီပြည်နယ် နယ်စပ်တစ်လျှောက်တွင် နယ်စပ်အမှတ်စဥ် (၉)မှ (၁၆)ခု ထိရှိကြောင်း ၎င်းက ဆိုသည်။

ကရင်နီတပ်မတော်က သိမ်းပိုက်ခဲ့သည့် မယ်လယုစခန်းတွင် စစ်ကောင်စီတပ်သား အင်အား ၈၀ခန့်ဖြင့် တပ်စွဲထားခြင်းဖြစ်ပြီး ၎င်းတို့မှာ ရှမ်းပြည်ဘက်သို့ ဆုတ်ခွာထွက်ပြေးခဲ့ခြင်းဟု သိရသည်။

မယ်လယုမဆုတ်တမ်းခံစစ်စခန်းမှ အာပီဂျီဗုံးသီး ၆၀ ၈၁ မမ အလုံး ၃၀၊ ၆၀ မမ အလုံး ၂၀၀ ကျော်၊ကျည်ဆံ ၁၅,၀၀၀ ထက်မနည်း အပါအဝင် လက်ပစ်ဗုံးများ ၊နင်းမိုင်းများ နှင့် မော်တော်ယာဥ်များပါသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကရင်နီပြည်နယ်သို့ ဝင်ပေါက်ဖြစ်သည့် မိုးဗြဲမြို့ကိုပြန်ရရန် စစ်ကောင်စီ၏ ထိုးစစ်မှာ တစ်လခွဲကျော်ကြာရှိနေပြီး ကရင်နီတပ်ပေါင်းစုက ခုခံနေဆဲဖြစ်သည်။

တစ်ဖက်တွင်လည်း လွိုင်ကော်မြို့ပတ်လည်ရှိ စစ်ကောင်စီ၏ ဝပ်ကင်း၊ကာကင်းများကို ကရင်နီတပ်ပေါင်းစုက တန်ပြန် တိုက်ခိုက်သိမ်းပိုက်မှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ဗန်းမော်မြို့တိုက်ပွဲ၌ အလွန်အထိနာနေသည့် စစ်ကောင်စီက ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို ယနေ့ နေ့လည်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်ဒေသသတင်းရင်းမြစ်များက ပြောသည်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာအချုပ်ထဲရောက်ပြီး သုံး လအကြာမှာ ပြန်လွတ်တော့မယ်ဆိုတော့ ကိုမန်အောင်တစ်ယောက် အတွေးနဲ့တင် ပျော်နေမိပြီ။

သတင်း

ပေါက်ကြားလာတဲ့ ဗီဒီယိုဖိုင်မှာ အာရက္ခတပ်တော် (AA)တပ်ဖွဲ့ဝင်အချို့က စစ်သုံ့ပန်း နှစ်ဦးကို ညှင်းပန်းနှိိပ်စက်သတ်ဖြတ်ခဲ့တာဟာ ၂၀၂၄ ခုနှစ် ​ဖေ​ဖော်ဝါရီလ ၇ ရက်ကဖြစ်ခဲ့တာလို့ AA ​ပြော​ရေးဆိုခွင့်ရှိသူ ခိုင်သုခက​ပြောပါတယ်။

သတင်း

စစ်ကောင်စီနှင့် "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်( UWSA) ပူးတွဲထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့တွင် ယနေ့ (ဇန်နဝါရီ ၂၃ရက်) နေ့လယ်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့သည်။