Connect with us

Hi, what are you looking for?

သတင်း

“ငါတို့ရဲဘော်တွေအနေနဲ့ စစ်မြေပြင်မှာပြတ်ပြတ်သားသားတိုက်နိုင်ပြီလို့ယုံကြည်တယ်” — ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်

PDF ကွန်မန်ဒိုလေ့ကျင့်ရေးသင်တန်းကို အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သွားရောက်ကြည့်ရှုခဲ့ပြီးရဲဘော်တွေအနေဖြင့် စစ်မြေပြင်တွင်ပြတ်ပြတ်သားသားတိုက်နိုင်ပြီဟုယုံကြည်​ကြောင်းပြောကြားခဲ့သည်။

အိမ်သွင်/People’s Spring

PDF ကွန်မန်ဒိုလေ့ကျင့်ရေးသင်တန်းကို အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သွားရောက်ကြည့်ရှုခဲ့ပြီးရဲဘော်တွေအနေဖြင့် စစ်မြေပြင်တွင်ပြတ်ပြတ်သားသားတိုက်နိုင်ပြီဟုယုံကြည်​ကြောင်းပြောကြားခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသမှ ကွန်မန်ဒိုတပ်ဖွဲ့ဝင်များ၏ လေ့ကျင့်ရေးသင်တန်းကိုကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သွားရောက်ကြည့်ရှုခဲ့သည့် ရုပ်သံမှတ်တမ်းကို အမှတ် (၁) စစ်ဒေသက ယနေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်သည်။

ကွန်မန်ဒိုသင်တန်းပြီးသော်လည်း ဆက်လက်လေ့လာစရာများရှိနေသေးကြောင်း ဝန်ကြီးက ဆက်လက်ပြောခဲ့သည်။

Public Service Announcement

Public Service Announcement

“ကွန်မန်ဒိုဆိုတာတော့ စွယ်စုံဖြစ်ရမယ်။ ရန်သူလက်နက် ဘယ်လက်နက်မဆို ကိုယ့်လက်ထဲရောက်လာရင် ကိုင်တွယ်ပစ်ခတ်တတ်၊ သုံးစွဲတတ်အောင် လေ့ကျင့်မှုတွေက ဆက်ပြီး‌တော့ လုပ်ဖို့လုမယ်” ဟုလည်း ပြောကြားသည်။

ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သည် အမှတ် (၁) စစ်ဒေသ၌ ဇန်နဝါရီလ ၁ ရက်နေ့က ကျင်းသည့်၂၀၂၅ ခုနှစ် နှစ်သစ်ကူး အထိမ်းအမှတ်အားကစားပြိုင်ပွဲကိုလည်း တက်ရောက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နှစ်သစ်ကူး အထိမ်းအမှတ်အားကစားပြိုင်ပွဲများကို စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် နယ်မြေတစ်နေရာ၌ ကျင်းပခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန် ကြီး ဦးရည်မွန် ကိုယ်တိုင်တက်ရောက်ခဲ့ကြောင်း အမှတ်(၁) စစ်ဒေသကထုတ်ပြန်သည်။

Facebook