ကဖေး/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ သာယာဝတီခရိုင် တပ်ရင်း(၃)၊၃၈၀၃တပ်ရင်း၊အပတ်စဉ်(၂)အခြေခံစစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲ မှတ်တမ်းဓာတ်ပုံများကိုအမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ (ဇန်နဝါရီ ၅ရက်)နံနက်တွင် ထုတ်ပြန်ထားသည်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီအား မကြာခဏတိုက်ခိုက်နေပြီး ဧရာဝတီတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်လည်း စစ်ရေးပူးပေါင်းဆောင်ရွက်မှုများရှိနေသည်။