Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်းတစ်ခု ထပ်မံတိုက်ခိုက်ခံရ၊ ဗိုလ်ကြီးအပါအဝင် ၉ဦး ဒဏ်ရာရ

တစ်ရက်တည်း စစ်ကောင်စီ၏ စစ်ကြောင်းသုံးခုအား တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်

ဗိုလ်ကြီးအေးမျိုးထွန်းနှင့် ဗိုလ်ကြီးမျိုးမင်းသူ ဦးစီးသော တိုက်ပွဲ ၂ ခုမှဖမ်းဆီးရရှိတဲ့ စစ်သုံ့ပန်း​များ။ဓာတ်ပုံ- ​ရွှေဘို ခရိုင် အမှတ် (၁၅)တပ်ရင်း ၊ ရွှေဘို ခရိုင် အမှတ် (၁၈)တပ်ရင်း

ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့တိုက်ပွဲတွင် စစ်ကောင်စီ၏ အင်အား (၇၇)ဦးပါစစ်ကြောင်းတိုက်ခိုက်မှုအပေါ် စစ်ကူလာသည့် ဗိုလ်ကြီးကျော်မင်းခိုင်ဦးစီးသောအင်းအား(၃၀)ပါစစ်ကြောင်းအား ထပ်မံတိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးအပါအဝင် ကိုးဦးဒဏ်ရာရရှိကြောင်း ရွှေဘိုခရိုင် အမှတ်(၁၅)တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက လူထုနွေဦးသို့ ပြောသည်။

ဇန်နဝါရီ ၅ရက်က ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် မှတ်ထိရွာနှင့် မင်းကုန်းကျေးရွာကြား၌ ဗိုလ်ကြီးမျိုးမင်းသူဦးစီးသော အမှတ်(၈)စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၈)မှ အင်အား (၇၇)ဦးပါ စစ်ကြောင်း ပိတ်ဆို့တိုက်ခိုက်ခံရပြီးနောက် ဝက်လက်မြို့မှ စစ်ကောင်စီက စစ်ကူပေးရန်ထွက်လာသော အင်အား (၃၀)ပါ ဗိုလ်ကြီးကျော်မင်းခိုင်၏ စစ်ကူစစ်ကြောင်း ထပ်မံတိုက်ခိုက်ခံရခြင်းဟု ဆိုသည်။

“အဲဒီနေ့ ညနေ ၃နာရီခွဲမှာ ဝက်လက်ကနေ စခ ၃၀ပါတဲ့ စစ်ကူကို တိုက်တာမှာ ကိုးဦးဒဏ်ရာရတယ်။ဗိုလ်ကျော်မင်းခိုင် ပါတယ်။ပျူစောထီးပါတယ်။မီးသတ်ရုံး အရာခံဗိုလ်လည်း ပါတယ်။အခု ဝက်လက်မြို့ဆေးရုံမှာ တင်ထားရတယ်”ဟု တပ်ရင်းမှူးဗိုလ်ကောက်ရိုးက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိ ဒေသတွင်းစစ်ရေးအခြေအနေအရ စစ်ကောင်စီ၏ ပြင်ဆင်မှုကို စောင့်ကြည့်နေဆဲဟု ၎င်းက ဆိုသည်။

ထို့ကြောင့် ဝက်လက်မြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်း သုံးခုတပြိုင်တည်း တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ဝက်လက်မြို့နယ် မှတ်ထိရွာနှင့် မင်းကုန်းကျေးရွာကြား၌ ဗိုလ်ကြီးမျိုးမင်းသူဦးစီးသော အမှတ်(၈) စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၈)မှ အင်အား (၇၇)ဦးပါ စစ်ကြောင်း၊ ဝက်လက်မြို့နယ်၊ အုန္နဲဘုတ်ရွာ၌ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ကျေးရွာမှ ထွက်လာသော ဗိုလ်ကြီးအေးမျိုးထွန်းဦးစီးသော တပ်မ(၃၃)လက်အောက်ခံ စစ်ကြောင်းနှင့် စခတ-၈မှ အင်အား (၇၇)ဦးပါ စစ်ကြောင်းတိုက်ခိုက်ခံရ၍ စစ်ကူလာသော ဗိုလ်ကြီးကျော်မင်းခိုင်ဦးစီးသော အင်အား(၃၀)ပါစစ်ကြောင်းတို့မှာ တော်လှန်ရေးတပ်များ၏ အသီးသီးတိုက်ခိုက်မှုခံရခြင်း ဖြစ်သည်။

ဗိုလ်ကြီးမျိုးမင်းသူ ဦးစီးသော စခတ-၈မှ အင်အား (၇၇)ဦးပါစစ်ကြောင်းကို ဇန်နဝါရီ၅ရက်တွင် အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး ညွှန်ကြားချက်ဖြင့် ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၄၊ ၅၊ ၁၅၊ ၂၃)၊ ခရိုင် ဒရုန်းတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဟု အမှတ်(၁)စစ်ဒေသက ဇန်နဝါရီ ၆က်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း လက်နက် (၄၅)လက် သိမ်းဆည်းရမိခဲ့ကြောင်း ထပ်မံအသိပေးထားသည်။

သိမ်းရခဲ့သည့်လက်နက်များမှာ ၆၀ မမ ပြောင်းတိုနှင့် RPG-7တို့ပါဝင်သည်ဟု ဆိုသည်။ အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီစစ်ကြောင်းမှ အင်အား (၇၇)ဦးအနက် ၇၁ ဦး​မှာ တိုက်ပွဲအတွင်း သေဆုံးခဲ့ပြီး ၆ ဦးမှာ တော်လှန်ရေးအဖွဲ့များက အရှင်ဖမ်းမိထားသည်။

ထို့အပြင် ဇန်နဝါရီ ၅ရက်က ဝက်လက်မြို့နယ်၊ အုန္နဲဘုတ်ရွာ၌ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ကျေးရွာမှ ထွက်လာသော ဗိုလ်ကြီးအေးမျိုးထွန်းဦးစီးသော တပ်မ(၃၃)လက်အောက်ခံ စစ်ကြောင်းအား ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၁၈)၊ ဒေါင်းနီ (LPDF) ပူးပေါင်းအဖွဲ့တို့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြန်သည်ဟု အမှတ်(၁)စစ်ဒေသက ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲတွင်ပါဝင်သည့် ရွှေဘိုခရိုင် တပ်ရင်း(၁၈)ကလည်း တိုက်ပွဲသတင်းအသိပေးထားရာ စစ်ကောင်စီတပ်မှ ၂၀ဦးကျော်သေဆုံးပြီး သုံးဦး အရှင်ဖမ်းမိကာ လက်နက် ၅လက် သိမ်းရခဲ့သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook