Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကြောင့် ပြည်သူများနည်းမျိုးစုံဒုက္ခကြုံနေရ၍ တော်လှန်ရေးမီးကုန်ယမ်းကုန် အားဖြည့်လုပ်ဆောင်ကြရန် NUGဝန်ကြီးချုပ် တိုက်တွန်း

ပြည်သူကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခြင်း၊ ပြုန်းတီးနေသည့် စစ်အင်အားများဖြည့်တင်းရန် လူသစ်စုဆောင်းခြင်း အပါအဝင် စစ်ကောင်စီကြောင့် ပြည်သူများ နည်းမျိုးစုံစိတ်ဒုက္ခကြုံနေရ၍ တော်လှန်ရေးကို မီးကုန်ယမ်းကုန်အားဖြည့်လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများသည် ပြီးခဲ့သည့်ရက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သင်တန်းကျောင်းများသို့ သွားရောက်ပြီး ၇◌ဲဘော်များနှင့် တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - NUG

ဟန်နွေ/People’s Spring

ပြည်သူကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခြင်း၊ ပြုန်းတီးနေသည့် စစ်အင်အားများဖြည့်တင်းရန် လူသစ်စုဆောင်းခြင်း အပါအဝင် စစ်ကောင်စီကြောင့် ပြည်သူများ နည်းမျိုးစုံစိတ်ဒုက္ခကြုံနေရ၍ တော်လှန်ရေးကို မီးကုန်ယမ်းကုန်အားဖြည့်လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ဇန်နဝါရီ ၁၄ရက်က ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတွင်ဝန်ကြီးချုပ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီလိုနှစ်သစ်ကူးကာလတွေအတွင်းမှာကိုပဲ အကြမ်းဖက် စစ်အုပ်စုဟာ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ လေကြောင်းတိုက်ခိုက်မှုတွေကို များစွာပြုလုပ်ခဲ့တာကြောင့် အပြစ်မဲ့ ပြည်သူတွေ၊ ကလေးငယ်တွေ၊ လူနေအဆောက်အဦးတွေ ထိခိုက်ဆုံးရှုံးမှုရှိခဲ့တဲ့အတွက် အလွန်ပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ရန်သူကတော့ သူ့အလုပ်ကို သူတစိုက်မတ်မတ် လုပ်နေတာကို တွေ့ရပါတယ်။ နေရာဒေသအနှံ့က သူတို့ရဲ့ ပြုန်းတီးလာတဲ့ စစ်အင်အားတွေကို ပြန်လည်ဖြည့်တင်း နိုင်ဖို့အတွက် ရန်ကုန် အပါအဝင် နိုင်ငံတဝန်းမှ လူငယ်လူရွယ်များကို တပ်သားသစ်အဖြစ် နည်းမျိုးစုံသုံးပြီး ပေါ်တာဆွဲဖမ်းဆီး နေတဲ့ သတင်းတွေကိုလည်း ခပ်စိပ် စိပ် ကြားလာရပါတယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

Public Service Announcement

Public Service Announcement

ပေါ်တာဆွဲခြင်းအပါအဝင် စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းကြေးဟုဆိုကာ ပြည်သူများထံ ငွေကြေးများ ခြိမ်းခြောက်တောင်းခံနေသည်ကိုလည်း ကြားရကြောင်း ၎င်းက ဆိုသည်။

“ပြည်သူတွေလည်း နည်းလမ်းပေါင်း စုံနဲ့ စိတ်ဒုက္ခ အတော်‌ရောက်နေကြရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော် တို့က အလုပ်တွေပိုလုပ်ပြီး ပိုမို အားစိုက်ကြဖို့ လိုတယ်ဆိုတာ ကျွန်တော်အမြဲ သတိပေး ပြောကြားနေရတာ ဖြစ်ပါတယ်။”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ထို့အပြင် အမျိုးသားညီညွတ်‌ရေးအစိုးရကို အားကောင်းကောင်းဖြင့် မောင်းနှင်ရန် အတွက် တော်လှန်ရေးကို မီးကုန်ယမ်းကုန် အားဖြည့်လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နှစ်သစ်ကူးမိန့်ခွန်းတွင် နိုင်ငံရေးအရ ဆွေးနွေးလိုကြောင်း ဟန်ပြပြောဆိုနေသော်လည်း တစ်ဖက်တွင် ယခုနှစ်ဆန်းတွင် အရပ်သား ပြည်သူများကို ပစ်မှတ်ထားသည့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်လျက်ရှိသည်။

ထိုသို့ တိုက်ခိုက်မှုများအနက် ဇန်နဝါရီ ဒုတိယပတ်အတွင်း ကချင်ပြည်နယ် တနိုင်း၊ ဖားကန့် လေကြောင်း တိုက်ခိုက်မှုများအတွင်း ပြည်သူ ၃၀ဦးနီးပါးသေဆုံးသကဲ့သို့ ရက္ခိုင်ပြည်နယ် ကျောက်တော်နှင့် ရမ်းဗြဲ လေကြောင်း တိုက်ခိုက်မှုများတွင် ပြည်သူ ၃၅ ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်။ အခြားဒေသများ၌ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူသေဆုံးမှုများလည်းရှိခဲ့သည်။

စစ်ကောင်စီဘက်က ထိုသို့ နိုင်ငံရေးအရ အဖြေရှာလိုကြောင်း ဟန်ပြပြောဆိုနေပြီး တဖက်တွင် AA ထိန်းချုပ်ထားသည့် ရက္ခိုင်၊ KIA ထိန်းချုပ်ထားသည့် ကချင် အပါအဝင် နိုင်ငံတဝန်း လေကြောင်း ဗုံးကြဲတိုက်ခိုက်နေခြင်းသည် အပြောနဲ့အလုပ်ကွာခြားနေသည်ဟု ကချင်စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။

“စစ်ကောင်စီဘက်က အပြောနဲ့အလုပ်မညီဘူးဆိုတာ ဒါသက်သေပြနေပါတယ်”ဟု ဦးဇော်ဆန်က စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်နေမှု လုပ်ရပ်များအပေါ် ပြောပြသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လေကြောင်း ရန်ကို အမြဲနားစွန့် သတိပြုကြရန်လည်း ဦးဇော်ဆန်က တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။