Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီသည် အာဏာလက်မလွှတ်ရရေးအတွက် ကျွန်ခံရန် သဘောထားရှိနေဟု NUG ကာကွယ်ရေးဝန်ကြီး ပြော

စစ်ကောင်စီသည် အာဏာလက်မလွှတ်ရရေးအတွက် မည်သူ့ကိုမဆိုကျွန်ခံရန် သဘောထားရှိနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

ကာကွယ်ရေးဝန်ကြီးဦးရည်မွန်အား ဒေါက်တာတေဇာဆန်း၊ MDY PDF စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော်၊ အခြားစစ်ဦးစီးအဖွဲ့ဝင်များနှင့်အတူ ၂၀၂၄ နိုဝင်ဘာအတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ-Tay Zar San

ကဖေး/People’s Spring

စစ်ကောင်စီသည် အာဏာလက်မလွှတ်ရရေးအတွက် မည်သူ့ကိုမဆိုကျွန်ခံရန် သဘောထားရှိနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

ဝန်ကြီးဦးရည်မွန်က လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ယနေ့ (ဇန်နဝါရီလ၂၁ရက်)တွင် ထိုကဲ့သို့ရေးသား အသိပေးထားခြင်းဖြစ်သည်။

“ကိုယ်ပြည်​ထောင်စုရဲ့ ပြည်တွင်း​ရေးကို တိုင်းတပါးက ချယ်လှယ် သြဇာ​ပေးတယ်ဆိုတာတွေးကြည့်ရင်အင်မတန် နှလုံးနာဖို့ ​ကောင်းပါတယ်။ကိုယ့်အုပ်စု အာဏာမြဲ ပြီး​ရောဘယ်သူ့ကျွန်ခံရ ခံရ ခံမယ်ဆိုတာစစ်အုပ်စုရဲ့ သ​ဘောထားပါပဲ။ ကျွန်​တော်တို့ တိုင်းပြည်ကစစ်အုပ်စု မရှိမှ ​အေးမယ်ဆိုတဲ့ တိုင်းပြည်ပါပဲ”ဟု ရေးသားထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် တရုတ်နိုင်ငံ၏ကြားဝင်ညှိနှိုင်းပေးမှုဖြင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နှင့် အပစ်ရပ်လက်မှတ်ထိုးလိုက်ကြောင်း ယမန်နေ့က တရုတ်ဘက်က ကြေညာခဲ့သည်။ ထိုကြေညာချက်ကို MNDAAရော စစ်ကောင်စီကပါ တရားဝင်ထုတ်ပြန်လာခြင်းမရှိသေးဘဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ရှုံးနေသည့်စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်ကြောက်လန့်နေပြီး တိုက်ပွဲများရပ်တန့်ရေး၊ ရွေးကောက်ပွဲကျင်းပနိုင်တို့အတွက် တရုတ်နိုင်ငံရေးအကူအညီကို အောက်ကျခံတောင်းဆိုနေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

MNDAAပါဝင်သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေး‌ ဖော်ဆောင်၍ ရှမ်းပြည်နယ်ပြောင်းပိုင်း၌ တိုက်ပွဲများဖော်ဆောင်နေသည်ကို တရုတ်အစိုးရက ရပ်တန့်ရန် ဖိအားပေးခဲ့သည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အာရက္ခတပ်တော် (AA)ကိုလည်း ဖိအားပေးခဲ့သော်လည်း KIAနှင့် AAသည် မြို့သိမ်းတိုက်ပွဲများ ဆက်လက်တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook