Connect with us

Hi, what are you looking for?

သတင်း

တောင်တွင်းကြီးမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပရပ်ကြယ်တိုက်နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Magway Guerrilla Warfare(မကွေးပြောက် ကျားတပ်ဖွဲ့)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပရပ်ကြယ်တိုက်နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Magway Guerrilla Warfare(မကွေးပြောက် ကျားတပ်ဖွဲ့)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဇန်နဝါရီ ၂၀ ရက် နံနက် ၁၀နာရီခန့်က ပရပ်ကြယ်တိုက်နယ်၊ မိအုအောင်းအုပ်စုအုပ်ချုပ်ရေးမှူး သိန်းစိုးဆိုသူအား ၎င်း၏ နေအိမ်သို့သွားရောက်၍ သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း မကွေးပြောက်ကျားတပ်ဖွဲ့က ​အသိပေးသည်။

ပစ်ခတ်ခံရ၍ သေဆုံးသွားသော အုပ်ချုပ်ရေးမှူးသိန်းစိုးသည် ပြည်သူလူထုထံမှ စစ်မှုထမ်းကိစ္စအတွက် ငွေကြေးများ အတင်းအဓမ္မကောက်ခံခြင်း၊ လျှပ်စစ်မီတာခများကို မတန်တဆ ကောက်ခံနေခြင်းများကြောင့် ယခုကဲ့သို့ ပစ်ခတ်ခဲ့ခြင်းဟု မကွေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“အိမ်မှာ မိသားစုဝင်တွေ ရှိနေပါတယ်။ အပြစ်မရှိတဲ့အတွက် ဘာမှမလုပ်ခဲ့ပါဘူး”ဟု အုပ်ချုပ်ရေးမှူးသိန်းစိုးအား ပစ်ခတ်မှုနှင့်စပ်လျဥ်းပြီး မကွေးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မိအုအောင်းကျေးရွာအုပ်ချုပ်ရေးမှူး သိန်းစိုးအား နေအိမ်၌ ဝင်ရောင်ပစ်ခတ်စဥ် နေအိမ်အတွင်း မိသားစုဝင်ခုနစ်ဦးရှိနေပြီး ဖြစ်စဥ်နှင့် သက်ဆိုင်ခြင်းမရှိသည့် ကျန်မိသားစုဝင်များကို ပစ်ခတ်ခြင်းအပြင် တစ်စုံတစ်ရာလုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။

မကွေးပြောက်ကျားတပ်ဖွဲ့အနေဖြင့် စစ်ကောင်စီအလိုကျ လုပ်ဆောင်နေသော သတင်းပေးဒလန်များ၊ အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများမှ ပြည်သူလူထုအပေါ် မတရားမှုများဆက်လက်လုပ်ကိုင်နေပါက တွေ့သည့်နေရာ၌ ပစ်ခတ်ရှင်းလင်းသွားမည်ဖြစ်ပြီး ပြည်သူများအနေနှင့်လည်း စစ်ကောင်စီနှင့် ဝေးဝေးနေ၍ ပါဝင်ကူညီပေးကြရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးအသစ်တွေရွေးချယ်ပြီးနောက် စစ်မှုထမ်းကြေး‌ ငွေ ကောက်ခံမှု တိုင်ကြားခံရလို့ဆိုပြီး မဲနှိုက်မှုတွေပြန်လုပ်ကာ မဲပေါက်သူက ကျပ်သိန်းရာနဲ့ချီပို ပေးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်တပ်ကို သတင်းအမှားတွေပေးကာ ကျေးရွာတွေကို လက်နက်ကြီး တွေနဲ့ပစ်ခိုင်းခဲ့တဲ့ စစ်ကောင်စီခန့် အုပ်ချုပ်‌ရေးမှူး ၂ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

အတွေးအမြင်

လည်ပင်းမှာ ပန်းကုံးတွေ အများကြီးအစွပ်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မိုက်ကိုကိုင်ရင်းမျက်ရည်တွေဝဲနေခဲ့တယ်။သူ့ရှေ့က လူတွေကိုကြည့်ရင်း သူ့အသံတွေဟာ တုန်ရင်နေခဲ့တယ်။