Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြ

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (ဇန်နဝါရီ ၂၁)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (ဇန်နဝါရီ ၂၁)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့အတူ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြ ပြည်သူတွေက “ စစ်အာဏာရှင် အလိုမရှိကြောင်း” ၊ “ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေး” ၊” သွေးစွန်းငွေဖြတ်တောက်ရေး စစ်ကောင်စီကို ငွေမပေး” စတဲ့ ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်အင်အားစုက “ ၂ဝ၂၅ နှစ်သစ်မှာ စစ်အာဏာရှင်နိဂုံးချုပ်ဖို့ လူထုစွမ်းအားနဲ့ တိုက်ဖျက်စို့” ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်းက ဦးဆောင်ကာ ပြည်သူတွေ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်ခဲ့ပါတယ်။

အလားတူ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၅)မှာရှစ်လေးလုံးအရေးတော်ပုံအကြို လူထုလှုပ်ရှားမှုနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအောက်ဈေးအတွင်း ယနေ့ (သြဂုတ် ၄) နံနက်က လုံးခင်းအုပ်စုသပိတ်က ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြသည်။

ဆောင်းပါး

အထက်အညာမှာအာဏာရှင်တော်လှန်ရေးအတွက်လက်နက်ကိုင်တော်လှန်ခဲ့တဲ့​ဒေသကာကွယ်​ရေးရဲ​ဘော်(LDF)တဦးဟာ တော်လှန်ရေးတာဝန်တစ်ခုနဲ့ ပြည်နယ်တစ်ခုကို သွားရင်းစစ်ကောင်စီရဲ့ဖမ်းဆီးမှုခံလိုက်ရပါတယ်။ဒီဆောင်းပါးဟာသူဖြတ်သန်းခဲ့ရတဲ့ အကျဥ်းထောင်အတွင်းကညှင်းပန်းနှိပ်စက်မှုတွေအကြောင်းဖြစ်ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၂၇)မှာ စစ်အာဏာရှင်စနစ်ကို ဖီဆန်အုံကြွ တော်လှန်ကြဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

Facebook