Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်းမြို့နယ်တွင်း စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ် တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခံရ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် ကျေးရွာများသို့ စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်အား တစ်ရက်တည်း နှစ်ကြိမ်ဆက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သရက်ခရိုင် PDF တပ်ရင်း (၄)မှ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က လူထုနွေဦးသို့ ပြောသည်။

အမှတ်(၁)စစ်ဒေသ၊ သရက်ခရိုင် တပ်ရင်း(၄)မှ ရဲဘော်အချို့ကို တွေ့ရစဥ်(ဓာတ်ပုံ - ရင်း -၄)

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် ကျေးရွာများသို့ စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်အား တစ်ရက်တည်း နှစ်ကြိမ်ဆက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သရက်ခရိုင် PDF တပ်ရင်း (၄)မှ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က လူထုနွေဦးသို့ ပြောသည်။

ဇန်နဝါရီ ၂၅ ရက် နံနက် ၆ နာရီခွဲဲခန့်က မင်းတုန်းမြို့နယ်၊ မြောက်ပြင်ကျေးရွာဘက်မှ အင်အား ၅၀ကျော်ပါ စစ်ကောင်စီစစ်တပ် စစ်ကြောင်းကို တဇို့တုံကျေးရွာနှင့် ဒေါင်းတိုက်ကျေးရွာကြား၌ နံနက် သရက်ခရိုင် အမှတ်-၄ တပ်ရင်း၊ တပ်ခွဲ(၂)က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောသည်။

အဆိုပါတိုက်ခိုက်မှုမှာ မိနစ် (၃၀)ခန့်ကြာမြင့်ပြီး စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကာ တော်လှန်ရေးရဲဘော်တစ်ဦး လက်နက်ကြီးစထိ၍ မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စစ်ကြောင်းမှ အပြင်းအထန်ခုခံပြီး ဆုတ်ခွာသွားသည်ဟု တပ်ရင်း(၄)က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့နောက် ပြန်ဆုတ်သွားသည့် စစ်ကောင်စီတပ်စစ်ကြောင်း ငခူအိုးကျေးရွာနှင့် ရွာပုလဲကျေးရွာကြားအရောက် နံနက် ၁၀နာရီခန့်တွင် နောက်ထပ် အသင့်စောင့်ကြိုနေရာယူထားသော သရက်ခရိုင် အမှတ်-၄ တပ်ရင်း တပ်ခွဲ (၁)မှ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်နိုင်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မူ (၁)နာရီခွဲခန့် ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်သည်။

ယင်းဒုတိယအကြိမ် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ၂၄ ဦးခန့်သေဆုံးပြီး အပြီးသတ်ဝင်လုံးနိုင်ရန် ကြိုးစားချိန်နေချိန် ရန်သူ စစ်ကူအင်အား ရောက်ရှိလာသဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း တပ်ရင်း(၄)က အသိပေးသည်။

“ကျနော်တို့အနေနဲ့ မြောက်ပြင်ရွာကို သူတို့စပြီးဝင်လာတဲ့ ၂၂ရက်နေ့ထဲက ဖြတ်တောက်တိုက်ခိုက်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် အထမမြောက်ခဲ့ဘူး။ အဲဒါကြောင့် မနေ့က သူတို့ပြန်အထွက်မှာ ဖြတ်တောက်တိုက်ခိုက်ခဲ့တာ”ဟု သရက်ခရိုင် တပ်ရင်း (၄)မှ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောသည်။

ဒုတိယအကြိမ် ကြားဖြတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ အထိနာပြီး ကဆင့်ကလျားဖြစ်နေချိန် အနီးကပ်ဝင်ရောက်တိုက် ခိုက်ရန်ပြင်ဆင်ခဲ့သော်လည်း မင်းတုန်းမြို့ (၅)မိုင်ဂိတ်မှ အစောင့်အင်အားနှင့် ပျူစောထီးပူးပေါင်းအဖွဲ့များ တပ်ကူရောက်လာ၍ ပြန်ဆုတ်ခဲ့ရခြင်းဟု ၎င်းက ရှင်းပြသည်။

အထက်ပါ ကြားဖြတ်တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးကျည်ဖူးတစ်လုံးရရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာအနီးမှ ကျေးရွာများမှာ ပုသိမ်-မုံရွာလမ်းနှင့် ကပ်လျှက်တွင်တည်ရှိသည့် ကျေး ရွာများဖြစ်သည်။

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။