Connect with us

Hi, what are you looking for?

သတင်း

ဇီးကုန်းမြို့နဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့​တွေက ပိတ်ဆို့ပြီး စစ်မှုထမ်းဖို့ဖမ်းခေါ်

အမျိုးသားနဲ့ အမျိုးသမီး ၁၀၀ကျော် ဖမ်းဆီးခံထားရတယ်လို့ ဇီးကုန်းမြို့တိုက်နယ်ပကဖ တာဝန်ခံ ပြော

မေ/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ဇီးကုန်းမြို့နဲ့ အနီးကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့​တွေက ပိတ်ဆို့ပြီး စစ်မှုထမ်းဖို့ဖမ်းဆီးခဲ့တာမို့ ဒေသခံအမျိုးသားနဲ့ အမျိုးသမီး ၁၀၀ကျော် ဖမ်းဆီးခံထားရတယ်လို့ ဇီးကုန်းမြို့တိုက်နယ်ပကဖတာဝန်ခံက ပြောပါတယ်။

ဇန်နဝါရီ၂၉ရက် မနေ့ကမနက်အစောပိုင်းမှာ ကန့်ဘလူမြို့က အမှတ်(၆၀၀၆)တင့်ကားတပ်ရင်းကအင်အား ၁၀၀၊မြို့ခံရဲတွေနဲ့ ပျူစောထီးအင်အားအများအပြားဟာ ဇီးကုန်းမြို့ကို မြို့အဝင်၊ အထွက်ပိတ်ပြီးတော့ တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်မှုထမ်းဖို့ဖမ်းဆီးပေါ်တာဆွဲတာလို့ သိရပါတယ်။

ဒီကနေ့မှာလည်းကားနဲ့ မြို့ထဲကိုပတ်ကာ ရပ်ကွက်အလိုက် အဝင်၊အထွက်စစ်ဆေးသလို ဖမ်းဆီးတာတွေလည်း ရှိခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပကဖတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ရိုက်နှက်ခံရသူတွေလည်းရှိတယ်လို့ ပြောတယ်။ကိုယ့်မိသားစုတွေပါလို့ လိုက်ထုတ်တဲ့သူတွေကို ရိုက်နှက်တယ်တဲ့ “လို့ တိုက်နယ်ပကဖတာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ဇီးကုန်းမြို့ဘေးက နဂါးပေါ်ရွာနဲ့ပုပ္ပါးရွာကိုလည်း မနေ့က ပေါ်တာဆွဲဖမ်းဆီးခဲ့သေးတယ်လို့သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးတွေလည်းပါဝင်ပြီး အမျိုးသားဦးရေက ပိုများတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံရသူတွေကို ဇီးကုန်းမြို့ရဲ့အရှေ့ဘက်က အမှတ်(၁)သကြားစက်(ကစရ)တပ်ထဲမှာ ထားရှိတယ်လို့သိရပါတယ်။

ဒီနေ့မှာစစ်တပ်က အင်အား၅၀ခန့်ပါတဲ့ ကား၃စီးဟာ ၆၀၀၆တင့်ကားတပ်ရင်းထဲကို ပြန်ဝင်သွားပြီး နောက်ထပ်စစ်သား ၅၀၊ပျူနဲ့ရဲတွေဟာ ဇီးကုန်း အထက စာသင်ကျောင်းထဲမှာပဲရှိနေသေးတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို

Facebook