Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ကျော် လက်နက်ချ၊ ယနေ့မနက်မှစ၍ စကခ(၂၁)သိမ်းနိုင်ရေး KIA ထိုးစစ်အရှိန်မြှင့်

ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီဘက်က လက်နက်ချ အလင်းဝင်ရောက်သူများ ရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

မြို့သိမ်းတိုက်ပွဲ တစ်​ခုတွင် စစ်တပ်သံချပ်ကာယာဥ် သိမ်းပိုက်ခဲ့​သော KIA နှင့်မဟာမိတ်တပ်များ။ ဓါတ်ပုံ-CJ

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီဘက်က လက်နက်ချ အလင်းဝင်ရောက်သူများ ရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

ဗန်းမော်မြို့ နမ့်ဖားရပ်ကွက်တွင် ဖေဖော်ဝါရီ ၁ ရက်​နေ့က စစ်​ကောင်စီတပ်မှ ၂၀ဦးကျော် လက်နက်ချအလင်းဝင်လာခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ယနေ့ (​ဖေ​ဖော်ဝါရီ ၂ ရက်​နေ့)မနက်တွင် အသိပေးထားသည်။

“အခွင့်အရေး အချိန်ကုန်ပြီ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က လူမှုကွန်ရက်တွင် ရေးသားထားပြီး ယနေ့ နံနက် ၅နာနရီခွဲအချိန်မှ စတင်၍ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ – ၂၁) ကို အပြီးသတ် ထိုးစစ်ဆင်မှု စတင်နေသည်ဟုအသိပေးထားသည်။

Public Service Announcement

Public Service Announcement

KIA သတင်းရင်းမြစ်တစ်ဦးကလည်း “မနေ့က မနက်ပိုင်း ကျနော်သတင်းရတာကတော့ ၂၁(စကခ-၂၁)ကနေ တချို့တွေ အစာငတ်တဲ့အဖွဲ့တွေကတော့ သူတို့က CDM လို့ပြောကြတာပေါ့ သို့သော်ငြားလည်း ကျနော့်အမြင်မှာဆိုရင်တော့ အဲဒီမှာ ရဲတွေ ပါတယ် ။တချို့သော စစ်သားတွေပါတယ် သူတို့ စစ်မိသားစုတွေပါတယ် အဲဒါ တချို့လူတွေထွက်လာတယ်လို့ ကြားတယ်။ ထမင်းမစားရတာ ရက်ပေါင်းကြာလို့ ထွက်လာတာလို့ သတင်းရတယ်” ဟု ပြောသည်။

ကချင်စစ်ရေးနိုင်ငံရေးလေ့လာသူဦးဇော်ဆန်ကလည်း “လက်နက်ချ အလံဖြူထောင်လာတဲ့သူ တွေရှိတယ်လို့ပဲ သတင်းရ” ဟု ပြောသည်။ ထို့ပြင် ယနေ့ ဖေဖော်ဝါရီ ၂ရက်မနက်မှစ၍ ဗန်းမော် တိုက်ပွဲပြင်းထန်နေသည်ဟု ၎င်းကလည်း ပြောသည်။

“တိုက်ပွဲက ထိုးစစ်ဆင်နေဆဲ။ စကစဘက်က ဒရုန်းနဲ့ အပြင်းအထန်ခုခံနေဆဲ။ မြို့ထဲကို ဒရုန်းအပါအဝင် လေကြောင်းရဲ့ ဗုံးကြဲနေဆဲ။ နှစ်ဖက်ထိခိုက်သေဆုံးမှုများနေဟုဒေသခံများပြောဆိုထား။ တိုက်ပွဲက ဆက်လက်ပြင်းထန်နေဆဲ” ဟု ဦးဇော်ဆန်ကယနေ့မနက်တွင် ပြောသည်။

KIA တပ်ပေါင်းစုများသည် စကခ(၂၁)ကို ပိတ်ဆို့ထားရာ စစ်ကောင်စီဘက်ကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကိုသာအဓိကအသုံးပြုခုံ​နေသည်။

“သူတို့က လေယာဉ်နဲ့ဘေးပတ်ဝန်းကျင်မှာ ဗုံးကြဲနေတာ။ မနေ့ညကသူတို့ ကြဲတယ်လို့ သတင်းရတယ်။လေယာဉ်တော့တောက်လျှောက်တက်နေတာလို့ အဲဒီလိုသတင်းကြားရတယ်” ဟုသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တစ်ဖက်တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်က စကခ(၂၁)အပါအဝင် ဗန်းမော်ရှိ လက်ကျန်စစ်ကောင်စီတပ်များကို တဆင့်ပြီး တဆင့် တိုက်ခိုက်သိမ်းပိုက်ပြီး နားလိုက်၊ စစ်ရှိန်မြှင့်လိုက်နည်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု ပြောပြသည်။

“၂၁ မှာ ခြံစည်းရိုးက ပျက်နေရင်တော့ အလွယ်

တကူ ဝင်သွားလို့ရတယ် အနီးကပ်ပစ်လို့လည်း ရနေတဲ့အခြေအနေ ဖြစ်နေတဲ့အချိန် သူတို့လည်းရပ်လိုက်နားလိုက်ပေါ့။ ဒီတော်လှန်ရေးဘက်မှာလည်း နားချိန်နည်းနည်းယူပြီးမှ ပြန်ပြီးမှ တိုက်တဲ့ဟာလည်းရှိတယ်။ ဒီမနက်ကတော့ သတင်းပြန်ရတာ ၂၁ မှာ အသံတွေ တော်တော်ပြန်ကြားရတယ်လို့ ပြောကြတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIAသည် ဗန်းမော်နှင့် မံစီ မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်ခဲ့ရာ ၁လကျော်အကြာ ဇန်နဝါရီ ၈ရက်တွင်မံစီရှိ လက်ကျန်စစ်ကောင်စီတပ်ရင်းဌာနချုပ် ၃ခုလုံးကို အပြီးသတ်သိမ်းပိုက်ခဲ့သည်။

ထို့နောက် ဗန်းမော်ကိုလည်း ဇန်နဝါရီ ၂၄ရက်တွင် ထိုးစစ်အရှိန်မြှင့်ခဲ့ရာ စကခ(၂၁)အနီးရှိ သံချပ်ကာတပ်ရင်း ၊လေယာဉ်ကွင်းနှင့် စရဖရုံးတို့ကို သိမ်းရထားသည်။

KIA ပူးပေါင်းတပ်သည် ဗန်းမော် တိုက်ပွဲ ၂လခန့်အကြာဖေဖော်ဝါရီ၂ရက် တွင် ထိုးစစ်အရှိန်ထပ်မြှင့်ပြီး လက်ကျန် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး ဖေဖော်ဝါရီ ၁၀ ရက်တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ဖမ်းမိထားသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကမြိုသိမ်းတိုက်ပွဲဆင်နွှဲနေသည့်ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ အမှတ်(၅၀၁၄) တင့်ကားတပ်ရင်းကို KIAကထပ်မံသိမ်းပိုက်ပြီဖြစ်ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာအပါအဝင် ကချင်ဒေသနေရာ ၈ခုထက်မနည်းကို စစ်ကောင်စီက တိုက်လေယာဉ်၊ အသေခံဒရုန်းများအသုံးပြု၍ လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တိုက်ခိုက်သိမ်းပိုက်ထားသည့် ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသနှင့် ဆဒုံးဒေသအား စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၇ရက်) လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။