Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက စက်တပ်လေထီးနှစ်စီးဖြင့် လေကြောင်းတိုက်ခိုက်ရာ ကနီဒေသခံအရပ်သားတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့ကို ယနေ့(ဖေဖော်ဝါရီ ၇ရက်) နံနက် အစောပိုင်းတွင် စစ်ကောင်စီက စက်တပ်လေထီးနှစ်စီးဖြင့် လေကြောင်းမှတိုက်ခိုက်ရာ အရပ်သားတစ်ဦးသေဆုံးပြီး အဆောက်အအုံအချို့ပျက်စီးခဲ့ကြောင်း သိရသည်။

ကဖေး/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့ကို ယနေ့(ဖေဖော်ဝါရီ ၇ရက်) နံနက် အစောပိုင်းတွင် စစ်ကောင်စီက စက်တပ်လေထီးနှစ်စီးဖြင့် လေကြောင်းမှတိုက်ခိုက်ရာ အရပ်သားတစ်ဦးသေဆုံးပြီး အဆောက်အအုံအချို့ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၇ ရက် နံနက် ၁နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“စက်တပ်ယာဉ်နဲ့ဆိုတော့ အသံမကြားရဘူး။ ပေါက်ကွဲအားကတော့ အရမ်းပြင်းတယ်။ လူသေဆုံးတဲ့အပြင် အဆောက်အအုံလည်းတော်တော်ထိခိုက်တယ်” ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ယခုနောက်ပိုင်းတိုက်ပွဲများ၌ စက်တပ်လေထီးများအသုံးပြုတိုက်ခိုက်လာကြောင်း တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

ကနီမြို့နယ်သည် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နှင့် မဝေးသောကြောင့် ယခုဖြစ်စဉ်မျိုးမကြာခဏကြုံတွေ့လာနိုင်ပြီး ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။

သက်ဆိုင်ရာကာကွယ်ရေးကဏ္ဍ တာဝန်ရှိသူများအနေဖြင့်လည်း နမခ၏ လေကြောင်းလှုပ်ရှားမှုကိုအမြဲတစေ စောင့်ကြည့်ရယူပြီး ပြည်သူများအား အချိန်မီကျယ်ပြန့်စွာအသိပေးနိုင်ရေး ရပ်ကျေးသတင်းကွန်ရက်များခိုင်မာအားကောင်းရေး၊(၂၄)နာရီ သတင်းရယူ/ဖြန့်ဝေအသိပေးနိုင်ရေးဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ၂၀၂၄ ဒီဇင်ဘာ ၁၆ရက် ညပိုင်းကလည်း ကနီမြို့နယ် ကျောက်လှေကားရွာကို Y12လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သား ငါးဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၁၇)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၁၈)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၁၇)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်း‌တော် နှင့် ကသာမြို့နယ်ကြားတွင် အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းအား တော်လှန်ရေးရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အရာရှိအချို့အပါအဝင် စစ်သုံ့ပန်း၂၉ဦး ဖမ်းမိပြီး ၄၀ ခန့် သေဆုံးကြောင်း ကသာမြို့နယ်မှ သတင်းရင်းမြစ်က ပြောသည်။