Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက စက်တပ်လေထီးနှစ်စီးဖြင့် လေကြောင်းတိုက်ခိုက်ရာ ကနီဒေသခံအရပ်သားတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့ကို ယနေ့(ဖေဖော်ဝါရီ ၇ရက်) နံနက် အစောပိုင်းတွင် စစ်ကောင်စီက စက်တပ်လေထီးနှစ်စီးဖြင့် လေကြောင်းမှတိုက်ခိုက်ရာ အရပ်သားတစ်ဦးသေဆုံးပြီး အဆောက်အအုံအချို့ပျက်စီးခဲ့ကြောင်း သိရသည်။

ကဖေး/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့ကို ယနေ့(ဖေဖော်ဝါရီ ၇ရက်) နံနက် အစောပိုင်းတွင် စစ်ကောင်စီက စက်တပ်လေထီးနှစ်စီးဖြင့် လေကြောင်းမှတိုက်ခိုက်ရာ အရပ်သားတစ်ဦးသေဆုံးပြီး အဆောက်အအုံအချို့ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၇ ရက် နံနက် ၁နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“စက်တပ်ယာဉ်နဲ့ဆိုတော့ အသံမကြားရဘူး။ ပေါက်ကွဲအားကတော့ အရမ်းပြင်းတယ်။ လူသေဆုံးတဲ့အပြင် အဆောက်အအုံလည်းတော်တော်ထိခိုက်တယ်” ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ယခုနောက်ပိုင်းတိုက်ပွဲများ၌ စက်တပ်လေထီးများအသုံးပြုတိုက်ခိုက်လာကြောင်း တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

ကနီမြို့နယ်သည် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နှင့် မဝေးသောကြောင့် ယခုဖြစ်စဉ်မျိုးမကြာခဏကြုံတွေ့လာနိုင်ပြီး ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။

သက်ဆိုင်ရာကာကွယ်ရေးကဏ္ဍ တာဝန်ရှိသူများအနေဖြင့်လည်း နမခ၏ လေကြောင်းလှုပ်ရှားမှုကိုအမြဲတစေ စောင့်ကြည့်ရယူပြီး ပြည်သူများအား အချိန်မီကျယ်ပြန့်စွာအသိပေးနိုင်ရေး ရပ်ကျေးသတင်းကွန်ရက်များခိုင်မာအားကောင်းရေး၊(၂၄)နာရီ သတင်းရယူ/ဖြန့်ဝေအသိပေးနိုင်ရေးဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ၂၀၂၄ ဒီဇင်ဘာ ၁၆ရက် ညပိုင်းကလည်း ကနီမြို့နယ် ကျောက်လှေကားရွာကို Y12လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သား ငါးဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook