Connect with us

Hi, what are you looking for?

သတင်း

KIA ထိန်းချုပ်နယ်မြေ၌ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်၍ တပတ်အတွင်း အရပ်သား ၁၄ဦးသေဆုံး၊ ၂၁ဦး ဒဏ်ရာရ

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေရှိ ကျေးရွာများအား စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့၍ ပြီးခဲ့သည့်တစ်ပတ်အတွင်း အရပ်သား ပြည်သူ ၁၄ဦး သေဆုံးကာ ၂၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖေဖော်ဝါရီ ၂၃ရက်တွင် သတင်းဖော်ပြသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ် နယ်မြေရှိ ကျေးရွာများစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံး ပျက်စီးနေစဉ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေရှိ ကျေးရွာများအား စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့၍ ပြီးခဲ့သည့်တစ်ပတ်အတွင်း အရပ်သား ပြည်သူ ၁၄ဦး သေဆုံးကာ ၂၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖေဖော်ဝါရီ ၂၃ရက်တွင် သတင်းဖော်ပြသည်။

တစ်ပတ်အတွင်း စစ်ရေးအခြေအနေနှင့် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့မှု အခြေအနေများကို ဖော်ပြထားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့်တစ်ပတ်အတွင်း KIA တပ်မဟာ(၈) အုပ်ချုပ်နယ်မြေရှိ မြစေတီရွာ၊ တပ်မဟာ(၂) အုပ်ချုပ်နယ်မြေရှိ တနိုင်း-လီဒိုလမ်းရှိ ဝါရာဇွပ်ကျေးရွာ၊ တပ်မဟာ(၅)နယ်မြေရှိ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန် ဒေသရှိ ဝက်ယင်းရွာနှင့် နန်းအီ ရွာ တပ်မဟာ(၃) အုပ်ချုပ်နယ်မြေရှိ ကျေးရွာတစ်ရွာ၊ မံစီမြို့နယ်ရှိ မံသာရွာ တို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိ လေကြောင်းတိုက်ခိုက်ခဲ့ဟု ဖော်ပြသည်။ ထို့ပြင် ဖေဖော်ဝါရီ ၂၃ရက်တွင်လည်း KIA တပ်မဟာ(၁၁)၊ တပ်ရင်း(၁၂) နယ်မြေ၌ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်သေဆုံးသည့် ပြည်သူ ၁၄ဦးရှိပြီး ဒဏ်ရာရသူ ၂၁ဦးရှိပြီး ပြည်သူလူထုနေအိမ်များ၊ အများပြည်သူပိုင်နေရာများ ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြသည်။

ဖေဖော်ဝါရီ ၁၉ရက်က မိုးမောက်မြို့နယ် ဝက်အင်းရွာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် အိမ်တစ်လုံးပေါ်သို့ လေယာဉ်ဗုံးကျရောက်ပြီး ကလေးငယ် ၃ဦး အပါအဝင်မိသားစုဝင် ၇ဦး သေဆုံးခဲ့ရသည်ဟု ကချင်သတင်းရင်းမြစ်က ပြောပြသည်။

အလားတူ ဖေဖော်ဝါရီ ၂၁ရက် မံသာကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင်လည်း ကလေးငယ် ၁ဦး၊ မိန်းကလေးငယ် ၁ဦးသေဆုံးကာ ကလေးငယ် ၂ဦး ပါအဝင် ပြည်သူ ၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်က ပြောပြသည်။

“တိုက်ပွဲဖြစ်ပွားခြင်းမရှိပါ”ဟု ကချင်သတင်းရင်းမြစ်က စစ်ကောင်စီက အရပ်သားနေထိုင်ရာများကို အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်မှု အပေါ် ပြောပြသည်။

တစ်ပတ်အတွင်း စစ်ရေးအခြေအနေများကို ဖော်ပြရာ ဗန်းမော်ရှိ ခလရ(၂၃၆)၊ အမတ(၃၆၆)နှင့် စကခ(၂၁) ဌာနချုပ်များ၌ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း KIAက အသိပေးခဲ့ပြီး စကခ(၂၁)၏ အဓိက ကာကင်း တပ်ရင်းဖြစ်သော ခလရ(၂၃၆)တပ်ရင်းကို အပြီးအစီးသိမ်းနိုင်ခဲ့ဟု KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။

ကချင်သတင်းရင်းမြစ်တို့၏ ပြောပြချက်အရ ခလရ(၂၃၆) တပ်ရင်း သိမ်းပိုက်မှု၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ကျော် အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့သည်ဟုဆိုသည်။ သိမ်းရခဲ့သည့် လက်နက်ခဲယမ်းများ၌ လေယာဉ်ပေါ်မှ ချပေးသည့် ဒရုန်းများလည်း ပါဝင်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် ဗန်းမော်တိုက်ပွဲ၌ တပ်ရင်းဌာနချုပ်များ တခုပြီးတခုသိမ်းပိုက်ခံနေရသည့် အခြေအနေတွင် ဗန်းမော်တိုက်ပွဲ၌ လေကြောင်း ပစ်ကူ အပြင်းအထန်ခုခံနေသည့် နည်းတူ တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ကချင်ပြည်နယ်ရှိ အခြားမြို့ရွာများကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများလည်း လုပ်ဆောင်ခဲ့၍ အရပ်သား ပြည်သူ သေဆုံးမှု ဆက်တိုက်ဖြစ်ပေးလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Facebook