Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ပြည်သူ ၁၀ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ကျေးရွာ ၂ ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓါတ်ပုံ-CRN

မင်းညို/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ကျေးရွာ ၂ ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ(၂၅)ရက် မနက်ပိုင်းက ချောင်းဦးမြို့နယ် ချောင်းမရွာနဲ့ နွယ်ခွေရွာတို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ၊ အင်ဂျင်တပ်လေထီး ၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အမျိုးသား (၃) ဦး၊ အမျိုးသမီး (၇) ဦး ပေါင်း (၁၀) ဦး နေရာမှာ သေဆုံးခဲ့ပြီး (၈) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပထမဆုံး 35 (Mi-35) နဲ့ ကျဲတယ်။ ၂ လုံးက ရွာထဲတည့်တည့်ကျတယ်။ တစ်နာရီနှစ်နာရီလောက်နေတော့ စက်တပ်လေထီးနဲ့ ချတယ်။ ကလေးနှစ်ယောက် အပါအဝင် ရွာထဲက ၇ ယောက်လောက်သေသွားတယ်။”လို့ ချောင်းဦးဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူတွေရဲ့အသက်အပါအဝင် အသေးစိတ်အချက်အလက်တွေတော့ မသိရသေးပါဘူး။ ကာကွယ်ရေးအဖွဲ့တချို့နဲ့ထိတွေ့မှု ဖြစ်ပွားပြီး ရဲဘော်တစ်ဦးလည်း ကျဆုံးတယ်လို့ သိရပေမဲ့ ကာကွယ်ရေးအဖွဲ့တွေဆီက အတည်ပြုချက်မရသေးပါဘူး။

စစ်ကောင်စီဟာ မနေ့ကမနက်ပိုင်းကပဲ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဆုံကုန်းရွာက မင်္ဂလာ ဆောင်တခုကို လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁၂ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ် စက်တင်ဘာကနေ ဒီဇင်ဘာအထိ လေးလအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၄၃ ဦး သေဆုံးခဲ့ကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ဖေဖော်ဝါရီ ၂၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ချောင်းမရွာနှင့် နွယ်ခွေရွာတို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးသွားသည့်နေအိမ်များအား တွေ့ရစဥ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook