Connect with us

Hi, what are you looking for?

သတင်း

ထိုင်းက စျေးတစ်ခုမှာ ခွင့်ပြုချက်မရဘဲ စျေးရောင်းတဲ့ မြန်မာ ၇ ဦး အဖမ်းခံရ

စျေးတစ်ခုထဲမှာ ခွင့်ပြုချက် မရှိဘဲ ကုန်ပစ္စည်းတွေ ရောင်းချမှုနဲ့ မြန်မာနိုင်ငံသား ၇ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

စျေးတစ်ခုထဲမှာ ခွင့်ပြုချက် မရှိဘဲ ကုန်ပစ္စည်းတွေ ရောင်းချမှုနဲ့ မြန်မာနိုင်ငံသား ၇ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ထိုင်းစျေးသည်တွေက အဲဒီ မြန်မာ ၇ ယောက်ဟာ သူတို့နဲ့ ယှဉ်ပြိုင်ပြီး ခွင့်ပြုချက်မဲ့ စျေးရောင်းနေတယ်လို့ တိုင်ကြားခဲ့တဲ့နောက် အရေးယူ ကိုင်တွယ်ခဲ့တာလို့ ထိုင်းရဲတွေက ပြောပါတယ်။ အဖမ်းခံထားရတဲ့ မြန်မာ ၇ ဦးဟာ ထိုင်းကို တရားမဝင် ခိုးဝင်မှု၊ ထိုင်းနိုင်ငံသားတွေကိုသာ ခွင့်ပြုထားတဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်တဲ့ ဥပဒေ ချိုးဖောက်မှုတွေအတွက် စွဲချက်တင်ခံရမယ်လို့ ဆိုပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် ဒုစရိုက် နှိမ်နင်းရေး အရာရှိတွေဟာ ဆမွတ် ဆာခွန်ပြည်နယ်မှာရှိတဲ့ စျေးတစ်ခုထဲမှာ ခွင့်ပြုချက် မရဘဲ စျေးရောင်းနေတဲ့ မြန်မာ ၇ ယောက်ကို မတ်လ ၂ ရက်နေ့ ညပိုင်းက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဆမွတ် ဆာခွန် အုပ်ချုပ်ရေးမှူး နာရစ် နီရာမိုင်ဝေါင်က ခရာသွမ်ဘန် ခရိုင်၊ တမ်ဘွန်ကလောင် မာဒူအာ မြို့မှာရှိတဲ့ ဖာဆိုင် စျေးထဲမှာ မြန်မာတချို့ စျေးရောင်းနေတယ်ဆိုတဲ့ တိုင်ကြားချက်ကြောင့် စုံစမ်းစစ်ဆေးရေး အဖွဲ့ကို စေလွှတ်ခဲ့တယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းမှာ စျေးရောင်းတာဟာ နိုင်ငံသားတွေ အတွက်ပဲ သီးသန့် ခွင့်ပြုထားတဲ့ စီးပွားရေး လုပ်ငန်း စာရင်းမှာ ပါဝင်နေပါတယ်။ နာရစ်ရဲ့ အဆိုအရ မြန်မာတွေဟာ စျေးထဲမှာ ငါးစိမ်း၊ ပုစွန်ခြောက်၊ ကွမ်းသီး၊ မြန်မာထမင်းဟင်းနဲ့ ဖုန်းရောင်းချတဲ့ ဆိုင် ၆ ခုကို ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

ကိုးကား: The Nation

ဆက်စပ်သတင်းများ

သတင်း

စင်ကာပူမှာ အမြဲတမ်း နေထိုင်ခွင့် (PR) ရထားတဲ့ မြန်မာတစ်ဦးကို အကြမ်းဖက် အားပေးမှု စွပ်စွဲချက်နဲ့ တရားစွဲဆိုသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ အရက်မူးလာတဲ့ မြန်မာတစ်ဦး မောင်းလာတဲ့ကားက မော်တော်ဆိုင်ကယ်တွေကို ဝင်တိုက်လို့ လူ ၂ ဦး သေဆုံးခဲ့ကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

လူ့အသက်တွေ ဆုံးရှုံးနိုင်တဲ့ မြေအောင်း ဘက်တီးရီးယား ကူးစက်မှုတစ်ခု ဆိုးရွားလာတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက အလေးအနက် သတိပေးထားပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ လောင်စာဆီ လက်ကျန် သိုလှောင်ထားနိုင်စွမ်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ပေးဖို့ အစိုးရကို ထိုင်းအတိုက်အခံ ခေါင်းဆောင်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။