Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်တော်လှန်ရေးတွင်ပါဝင်နေသည့်ကူကီး နှင့် ထာဒိုအဖွဲပူးပေါင်း

​၂၀၂၃ ဒီဇင်ဘာလတွင် စစ်တပ် ၊ကသည်းသူပုန် ၊ရှမ်းနီတပ်(SNA)၊ ပျူ​စောထီတို့ စု​ပေါင်းတပ်စခန်းကို​တော်လှန်​ရေးတပ်များကသိမ်းပိုက်ရာ ပါဝင်တိုက်ခိုက်ခဲ့​သော KNA (B)တပ်ဖွဲ့ဝင်များ / ပူး​ပေါင်း​ကြောင်းသ​ဘောတူစာချုပ်နှင့် TCA/TDA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ- KNO၊ TCA ​ဖေ့စ်ဘွခ်​ပေ့ချ်

ကဖေး/People’s Spring

စစ်ကိုင်းတိုင်းအတွင်း အိန္ဒိယ-မြန်မာနယ်စပ်၌ အခြေစိုက်ပြီး စစ်အာဏာရှင်တော်လှန်ရေးတွင်ပါဝင်နေသည့် ကူကီးအမျိုးသားတပ်မတော်-မြန်မာပြည်(KNO/KNA-B ) နှင့် ထာဒိုလက်နက်ကိုင်တပ်ဖွဲ့(TCA/TDA)တို့ပူးပေါင်းလိုက်သည်။

ဖေဖော်ဝါရီ ၂၆ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၌ နှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပူးပေါင်းလိုက်ကြောင်း သတင်းထုတ်ပြန်သည်။

“ကူကီးနဲ့ ထာဒိုက မျိုးနွယ်တူတယ်။ တစ်မိသားစုတည်းတောင် သဘောထားကွဲလွဲတာရှိတယ်။ အခုပေါင်းစည်းလိုက်တာ အံ့ဩရသလို ဒါက သတင်းကောင်းဖြစ်တယ်” ဟု တမူးဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အမျိုးသားရေးဆောင်ရွက်ရာ၌ ရည်မှန်းချက်တူညီသောကြောင့် ပူးပေါင်းလိုက်ခြင်းဟု ထုတ်ပြန်ထားပြီး စစ်အာဏာရှင်တော်လှန်ရေး၌ အကျိုးရှိမည်ဟု ယုံကြည်ကြောင်း တမူးဒေသခံက‌ပြောသည်။

“KNA(B) က 2021 စစ်အာဏာမသိမ်းခင်ကတည်းကဖွဲ့စည်းခဲ့ပြီး TDA က စစ်အာဏာသိမ်းနွေဦးတော်လှန်ရေးက စဖွဲ့တာ။ နှစ်ဖွဲ့စလုံးက စစ်အာဏာရှင်တော်လှန်ရေးမှာ ပူးပေါင်းတိုက်ခိုက်နေတာပါ”ဟု တမူးမြို့မှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

KNA(B) တပ်ဖွဲ့သည် မြန်မာ-အိန္ဒိယနယ်စပ်​ဒေသတွင် စစ်တပ်စခန်းနှင့် စစ်တပ်လက်​အောက်ခံပြည်သူ့စစ်စခန်းများကို ​တော်လှန်​ရေးအဖွဲ့များကတိုက်ခိုက်​သောတိုက်ပွဲများတွင်ပါဝင်တိုက်ခိုက်​နေသည်။

တမူးမြို့နယ်အထက်ပိုင်း အောင်ဇေယျကျေးရွာရှိ စစ်ကောင်စီနှင့်စစ်တပ်လက်​အောက်ခံ ကသည်းသူပုန် ၊ရှမ်းနီတပ်(SNA) နှင့် ပျူ​စောထီးများ၏

အခြေစိုက်တပ်စခန်းအား ​တော်လှန်​ရေးတပ်များကထိုးစစ်ဆင်သိမ်းပိုက်ရာတွင်လည်း KNA (B)တပ်ဖွဲ့ဝင်များပါဝင်တိုက်ခိုက်ခဲ့သည်။ အလားတူ ၂၀၂၃ နိုဝင်ဘာလတွင် တမူးခရိုင် မြို့သစ်မြို့နယ် ရှိ အကျဥ်းဦးစီး ၏ အကျဥ်းစခန်းကိုတိုက်ခိုက်သိမ်းပိုက်ရာတွင်လည်း ပါဝင်တိုက်ခိုက်ခဲ့သည်။

ကူကီးနှင့် ထာဒိုတိုင်းရင်းသားမျိုးနွယ်စုများသည်စစ်ကိုင်းတိုင်း၊ ကလေး၊ တမူး၊ ဟုမ္မလင်း၊ လေရှီးနှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ နေထိုင်ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook