Connect with us

Hi, what are you looking for?

သတင်း

သံတောင်ကြီးဒေသရှိ စစ်ကောင်စီ၏ သပြေညွန့်ရှေ့တန်းစခန်းအား KNLA ပူးပေါင်းတပ် သိမ်းပိုက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ သပြေညွန့် ရှေ့တန်းစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်သော တော်လှန်ရေးပူးပေါင်တပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNLA ဗဟိုဌာနချုပ်က သတင်းထုတ်ပြန်သည်။

သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ သပြေညွန့် စရှေ့တန်းစခန်းအားသိမ်းပိုက်အပြီး တွေ့ရစဉ်နှင့် သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - KNLA၊CJ

ဟန်နွေ၊ နိုင်ပကောင်း / People’s Spring

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ သပြေညွန့် ရှေ့တန်းစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်သော တော်လှန်ရေးပူးပေါင်တပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNLA ဗဟိုဌာနချုပ်က သတင်းထုတ်ပြန်သည်။

သံတောင်ကြီးမြို့နယ်၊ သပြေညွန့်ကျေးရွာတွင် အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ သပြေညွန့်စခန်းကို မတ်လ ၆ ရက်နေ့က KNLA ပူးပေါင်းတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ပြီး ၃ ရက်အကြာ မတ်လ ၈ ရက်နေ့တွင် စခန်းကို သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့သည်။

သပြေညွှန့်တပ်စခန်းသည် တောင်ငူ အခြေစိုက် တောင်ပိုင်း

Public Service Announcement

Public Service Announcement

တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၇၃) ခြေလျင်တပ်ရင်း၏ ရှေ့တန်းတပ်စခန်းဖြစ်သည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ထံမှ စစ်လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။

တိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေများကို KNLA ဌာနချုပ်က ထုတ်ပြန်ထားခြင်းမရှိသောလည်း ကရင်သတင်းရင်းမြစ်အချို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့် သေဆုံးကာ ၂၀ ကျော် စခန်းစွန့် ထွက်ပြေးသွားဟု အသိပေးထားသည်။

KNLA နှင့်ပူးပေါင်းတပ် သိမ်းယူလိုက်သည့် သပြေညွှန့် တပ်စခန်းသည် ကရင်အမျိုးသားအစည်းအရုံး( KNU) ရဲ့ စစ်ရေးနယ်မြေသတ်မှတ်ပုံအရ တပ်မဟာ(၂) နယ်မြေ ၊တောအူး(တောင်ငူ) ခရိုင်ထဲ ပါဝင်ပါတယ်။

“(စခန်းသိမ်းတာ) ကျွန်တော်လည်း အဲ့လိုပဲကြားတယ်၊ သိမ်းပြီပြောတယ်။ တရားဝင်ကြေးနန်းတွေဘာတွေ ပို့တာလည်းမတွေ့သေးဘူး” ဟု KNLA တောအူးခရိုင်၊ တပ်မဟာ ၂ တာဝန်ရှိသူတစ်ဦးက ယနေ့ မတ် ၉ ရက်နေ့တွင် ပြောသည်။

စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးမှုရှိခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့သလို စခန်းစွန့်ခွာထွက်ပြေးသွားသည့်အတွက် KNLA ပူးပေါင်းတပ်ဖွဲ့များက လိုက်လံရှင်းလင်းတိုက်ခိုက်နေကြောင်း KNLA နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

သပြေညွန့်စခန်း တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ဘက်မှ လေယာဉ်ဖြင့် တောက်လျှောက် ဗုံးကြဲပစ်ခတ်နေသောကြောင့် သပြေညွန့်ရွာ အပါအဝင် အနီးတဝိုက်ကျေးရွာများက ဒေသခံများ၏ နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားခဲ့ပြီး လူထိခိုက်မှုလည်း ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ် အနေဖြင့်လည်း ဖေဖော်ဝါရီလဆန်းမှစ၍ KNLAတပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင်ကို တပ်သားသစ်များဖြင့် စစ်အင်အားဖြည့်တင်းနေသကဲ့သို့ တိုက်ပွဲအချို့လည်း ရှိခဲ့ကြောင်း တပ်မဟာ(၂) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဩဂုတ်စတီးက မတ်လ ၁ရက်က ကျင်းပခဲ့သည့် စစ်တောင်းကမ်ပိန်း စကားဝိုင်းဆွေးနွေးပွဲ၌ ဒေသတွင်း စစ်ရေးအခြေအနေကို ပြောပြသည်။

“တောင်လူ၊ လိပ်သို၊ဘောဂလိ တကြောမှာ သူတို့ တပ်အင်အားဖြည့်တာတွေ တော်တော်များများ ရှိခဲ့တယ်။ အဲဒါကြောင့်မို့လို့ ၂၆ရက်နေ့မှာ ဘောဂလိ အရှေ့ခြမ်းမှာ ကျနော်တို့ မိုင်းဆွဲတိုက်ခိုက်ပြီးတော့ အဲဒီမှာ ရန်သူ အသေရော ဒဏ်ရာရော ၁၇ယောက် ၁၈ယောက်ရှိခဲ့တယ်။ အဲဒါ အနီးစပ်ဆုံးအခြေအနေပေါ့”ဟု တပ်မဟာ(၂) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဩဂုတ်စတီးက ပြောသည်။

ထို့အပြင် ဇရပ်ကြီးအရှေ့ခြမ်းရှိ ဘုံမတီစခန်းကိုလည်း KNLA တပ်မဟာ(၂)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့သည်ဟု တပ်မဟာမှူးက ပြောသည်။ စစ်ကောင်စီကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်၍ နေအိမ်ပျက်စီးမှု ရှိခဲ့သည်ဟုဆိုသည်။ ရေတာရှည်မြို့နယ် ပတောက်ပင်ဘက်၌လည်း တိုက်ပွဲရှိခဲ့ပြီး စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ရှိခဲ့သည်ဟု တပ်မဟာမှူးက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ဝန်းကျင်နှင့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းရှိရာ ဒေါနတောင်တွင် နေ့စဉ်တိုက်ပွဲပြင်းထန်နေရာ အောင်ဇေယျစစ်ကြောင်း အထိနာပြီး ဖရိုဖရဲဖြစ်နေသည်ဟု လူထုနွေဦး၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်၁၂ဦးသေဆုံးပြီးလက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိ

သတင်း

ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား KNLA ၊ ကော်ဘရာ နှင့် PDFပူးပေါင်းစစ်ကြောင်းတို့က ယနေ့(ဖေဖော်ဝါရီ ၂၁ရက်​နေ့)တွင်တနေကုန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းမှ စစ်ကြောင်းမှူးတစ်ဦးက ပြောသည်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၁)နယ်မြေအတွင်း KNU/KNLA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်နေစဥ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ ရဲဘော်သုံးဦးကျဆုံးခဲ့ရကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက လူထုနွေဦးသို့ ပြောသည်။

Facebook